Professional Authors

အလွမ်းဆည်းဆာသို့ တစ်မှတ်တိုင်အလို

ဟိုအရင်တစ်ချိန်က ငါ့အတွက်သတိရခြင်းဆိုတာကို

နင်အခုတော့ မေ့လျော့နေတတ်ခဲ့ပြီ …

ငါတို့ပတ်သက်ခဲ့သမျှ

အမှတ်ရစရာတွေချည်း ဆိုပေမယ့်

နင်ကတော့အမှတ်တမဲ့လိုမျိုး

မသိကျိုးကျွန်ပြုရက်ခဲ့ပြီ …

“ အရာရာဟာပြောင်းလဲတတ်တရ်”

ဟုတ်ပါတရ် ဒီနိယာမကို

ငါလည်းအရေးတယူရှိခဲ့သည်ပဲ …

နွေးထွေးတဲ့ စကားသံတွေရဲ့နောက်ကွယ်က

အေးစက်ခြင်း …

သတိရခြင်းရဲ့နောက်ကွယ်က

မေ့လျော့ခြင်း …

ပိုင်ဆိုင်ခြင်းရဲ့နောက်ကွယ်မှာတော့

ငါတစ်ယောက်တည်း

အိပ်မက်တွေရဲ့အလဲထိုးခြင်းကိုခံနေရတရ် …

အတိတ်နေ့ရက်တွေတုန်းက

ငါတို့အတူတူစိုက်ပျိုးခဲ့တဲ့

အမှတ်တရတွေက

အခုတော့ ခါးသက်သက်

အလွမ်းတွေအဖြစ် ဖြစ်တည်နေခဲ့ပြီ …

ငါမျက်ရည်မကျချင်ခဲ့ဘူး

စိတ်ဝိညာဉ်ရဲ့စေခိုင်းတဲ့ အတိုင်း

ရန်ကုန်မြို့ရဲ့လမ်းမထက်မှာ

ငါ့ခြေထောက်တွေကိုမောင်းနှင်ပစ်ခဲ့တရ် …

ဟုတ်သည်

ငါ့စိတ်တွေကို

လေနှင်ရာအတိုင်း မျော့လွင့်ပစ်လိုက်မည် …

တခါတလေ သာမန်လူတစ်ယောက်လို

နေထိုင်ရင်း အရာရာကို

ပေါ့ပြက်ပြက်တွေးကြည့်မရ် …

ငါ့ခံစားချက်တွေ အနည်ထိုင်လာတဲ့

အချိန်ကို

မိုးသောက်တဲ့အထိ

ကြယ်တွေကိုရေတွက်ရင်း စောင့်မည် …

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

အားပေးသွားတယ်

commentinfo By: moehtetaung18 at Apr 5, 2011
Comment #2

အချိန်ကို

မိုးသောက်တဲ့အထိ

ကြယ်တွေကိုရေတွက်ရင်း စောင့်မည်
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 6, 2011
Comment #3

နာလဲ အားပေးခံစားဖတ်ရှု့သွားပါသည်။:P

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment