Professional Authors

အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးပဲ

အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးပဲ
တခမ်းတနားအိပ်မက်တွေနဲ့ ညဆိုရင် ရိုင်းလောက်အောင် လှတယ်
မျှော်လင့်ခြင်းအတိုင်း ဘ၀ကို တသွေမတိမ်းဖွဲ့ဆိုခဲ့ပေမယ့် မလွယ်ဘူး
ထင်သလောက် မလွယ်ဘူး

ငါတို့အတူတူ တည်ဆောက်ခဲ့တဲ့ အချစ်အကြောင်းမျှော်လင့်ခြင်းဟာ
အစိမ်းလန်းဆုံး တောက်ပခဲ့ဖူးတယ်
ငါတို့အတူတူ တွေးယူခဲ့ဖူးတဲ့ အချစ်အကြောင်းတည်ငြိမ်တဲ့ဘ၀ဟာ
အလှပဆုံး ငြိမ်းချမ်းခဲ့ဖူးတယ်
ငါတို့အတူတူ သီဆိုခဲ့တဲ့ အချစ်အကြောင်းသီချင်းဟာ
မအောင်မြင်ခဲ့ဘူး
ငါတို့အတူတူ ငိုခဲ့ဖူးတဲ့ အချစ်အကြောင်းမျက်ရည်တွေသာ
ငါတို့ဘ၀ကို တိုက်စားနေခဲ့တယ်

ငါတို့အသက်အရွယ်တွေအရ ငါတို့အတွေ့အကြုံတွေ
ငါတို့အတွေ့အကြုံတွေအရ ငါတို့ဆင်ခြင်တွေးဆနိုင်ခြင်းတွေ
ယုံကြည်ရာအတောင်ဖြန့်လွယ်တဲ့ ဟိုးတုန်းကစိတ်ကူးလေးလည်း
အရွယ်ရောက်တဲ့အထိ လူလားမမြောက်သေးဘူး

နှစ်ဦးသားစိတ်တူကိုယ်တူအနာဂတ်အိမ်လေးဆီ
ငေးမျှော်တမ်းတမှုဟာ ရင်တိမ်နစ်နေတယ်
မင်းနဲ့ငါ့ရဲ့ဖူးစာဟာ မိသားစုနှစ်ခုရဲ့စားဝတ်နေရေးနဲ့
တိုက်ရိုက်အချိုးကျခဲ့ပြီ
ဆိုတော့ . . .
အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးပဲ

ကိုသျှား

In: ကဗျာ Posted By: Date: Dec 30, 2011
Comment #1

တခမ်းတနားအိပ်မက်တွေနဲ့ ညဆိုရင် ရိုင်းလောက်အောင် လှတယ်
မျှော်လင့်ခြင်းအတိုင်း ဘ၀ကို တသွေမတိမ်းဖွဲ့ဆိုခဲ့ပေမယ့် မလွယ်ဘူး
ထင်သလောက် မလွယ်ဘူးးးးးးးးးးးးးး
အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးပဲ….ဟုတ်တယ်….
အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးပဲ….
အရမ်းကြိုက်တယ်…
ခေါင်းစဉ်ရွေးထားတာလေးသိပ်သဘောကျတယ်…

commentinfo By: sharon myorr myor at Dec 30, 2011
Comment #2

အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးဆိုတာတော့ ဒီကဗျာဖတ်ကြည့်မှဘဲ သိတယ်
ဒါပေမယ့် အချစ်မုန်တိုင်းထန်လာရင်တော့ ဘယ်သူမဆိုစိတ်တွေခဏတစ်ဖြုတ်လေတတ်ပါတယ်
ကဗျာလေး ကောင်းကြောင်း
အားပေးသွားပါကြောင်း ~~

commentinfo By: X - ray at Dec 30, 2011
Comment #3

ခေါင်းစဉ်နဲ့တင်စပြီးသဘောကျမိတာ ဒီကဗျာကို
ဒီခေါင်းစဉ်ကပဲ ကဗျာတစ်ကြောင်းစီကို ကိုယ်စားပြုသွားတာတွေ့ရတယ်
အကိုရေ…အရမ်းကြိုက်တယ်ဆိုတဲ့ စကားထက်ကောင်းတဲ့စကားကို
ကျွန်တော်ရှာနေပါတယ်….အကို့ညီလည်း ဒီကဗျာလေးနဲ့တင် တွေးစရာတွေ အများကြီး
ရသွားခဲ့ပါပြီ
(အဝေးကညီလေး-ရွှေကြယ်မိုး)

commentinfo By: yaewintaung at Dec 30, 2011
Comment #4

အချစ်ဆိုတာ ရုပ်ဖျက်ထားတဲ့စိတ်လေလွင့်မှုတစ်မျိုးပဲ….။

commentinfo By: SoFarAwayFromU at Dec 31, 2011
Comment #5

Phat shu arr pay twar par de.

commentinfo By: ei lay at Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment