Professional Authors

နွေဦးတစ္ဆေ – နရီထက်

ပန်းပိတောက်တွေ
မဖူးပွင့်တော့ဘူး
နွေဦးအိမ်မက်တွေက
လှမ်းခေါ်လိုက်တဲ့အခါ…

ချောက်ချားစရာတစ်ခုက
လမ်းမကြီးတစ်လျှောက်
ပိတောက်ပွင့်တွေ
ကြွေလွင့်မနေဘူး…

ထိန်းချုပ်ထားတာက
ပိတောက်ရနံ့တွေ
ရှုသက်ခွင့် မရခဲ့ဘူး…

ယုံစမ်းပါ…
နွေဦးအိမ်မက်တွေ
အဝေးဆုံးတစ်နေရာက
ငါဆိုတဲ့ လူကို
ချောက်လန့်နေဆဲပါ…

အမြူးဆုံးအချိန်မှာ
အထူးဆုံးရူးလိုက်ချင်တော့
ကြွေမွနေတဲ့ ပိတောက်ဖူးတွေက
နွေဦးတစ္ဆေတစ်ကောင်လိုပါပဲ…။    ။

နရီထက်
(၀၅ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

အားပေးသွားတယ်အကိုကြီးးးးးးးးးးး

commentinfo By: myintmo at Apr 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment