မြင်သာ ထင်သာ မရှိတဲ့အချစ် (၂) (မိုးထက်အောင်)
မြင်သာ ထင်သာ မရှိတဲ့အချစ် (၂)
တကူးတကခြွေပြနေတာတော့မဟုတ်ဘူး
(ဒီရင်ဘတ်ထဲ……)
အလွမ်းတွေအလျားလိုက် ပြန့် ကျဲတယ်
နင်မှမမြင်နိုင်ခဲ့တာ
တကြော်ကြော်အော်ဟစ်ပြမှ
အချစ်စစ်ပြန်ရခဲ့မယ်ဆိုလည်း
(ရေမငုံပဲ နှုတ်ပိတ်)
နင့်တိတ်ဆိတ်မှုလေးပဲ ထိုင်ငေးတော့မယ်
(အချစ်ဆိုတာ…….)
ဇောင်းထက်ထက် ဓါးတစ်လက်ဆိုလည်း
(ဒီကောင့်ရင်ဘတ်)
အပိုင်းပိုင်းပြတ်တဲ့အထိ ၀င်လျှိုမယ်
နင်….ညှာမှာမဟုတ်ဘူးဆိုတာတော့သိပါတယ်
မရည်ရွယ်ခဲ့တဲ့လွဲချော်မှုတွေထဲ
ဒီအသည်းက ကွဲဖို့ ကံပါလာတယ်
အဖန္ငါးရာငါးကမ ၻာ
(နင်မကျေနပ်သေးရင်)
နောက်ထပ် ဘ၀ ဘ၀ပေါင်းများစွာမှာ
စိတ်ရှိ လက်ရှိသာ မုန်းလိုက်ပါ
(ငါ အရှုံးပေးထားပါတယ်)
နင့်ကမ္ဘာမကြေစာရင်းမှာ
ငါ့ နာမည်လေးထည့်သွင်းထားတာကိုက
(ဒီကောင့်အတွက်…….)
အထိုက်တန်ဆုံး ဆုလာဘ်တစ်ပါး
အမြတ်တနိုး ငါသိမ်းထားပါမယ်
(ဘာကိုမှ မမျှော်လင့်တော့ပါဘူး)
တကူးတက ခြွေပြနေတာတော့မဟုတ်ပါဘူးဗျာ
(ဒီရင်ဘတ်ထဲ……)
အလွမ်းတွေအလျားလိုက်ပြန့် ကျဲနေခဲ့တာ
သူမှ မမြင်နိုင်ခဲ့တာ ဗျာ………….။
မိုးထက်အောင်
Comment #2
ဟုတ်…… 😀
By: moehtetaung18 at Apr 5, 2011
Comment #3
နင့်ကမ္ဘာမကြေစာရင်းမှာ
ငါ့ နာမည်လေးထည့်သွင်းထားတာကိုက
(ဒီကောင့်အတွက်…….)
အထိုက်တန်ဆုံး ဆုလာဘ်တစ်ပါး
အမြတ်တနိုး ငါသိမ်းထားပါမယ်
(ဘာကိုမှ မမျှော်လင့်တော့ပါဘူး)
……………….. ကဗျာလေး ကြိုက်တယ်……အားပေးနေတယ်…ဦးကြီး
By: အသဲကွဲမိုး at Jun 7, 2011
Comment #5
wow,,,
i like both title & poem so much
By: ei lay at Mar 19, 2012




Comment #1
တကြော်ကြော်အော်ဟစ်ပြမှ
အချစ်စစ်ပြန်ရခဲ့မယ်ဆိုလည်း
(ရေမငုံပဲ နှုတ်ပိတ်)
နင့်တိတ်ဆိတ်မှုလေးပဲ ထိုင်ငေးတော့မယ