Professional Authors

ကျွန်တော့်အလွမ်းတစ်ဆင်စာ (မိုးထက်အောင်)

ကျွန်တော့်အလွမ်းတစ်ဆင်စာ

ရင်ဘတ်ပြယုဂ်မှာ နတ်သမီးရုပ်တုကအထင်ကရ
မရွာပဲ မညိုပဲ ခြိမ်းတဲ့မိုး
(ဒါပေမယ့်………)
ကျွန်တော့်တစ်ကိုယ်လုံး ရွှဲရွှဲစိုတယ်

အမြင်စိမ်း အတွေးစိမ်း စကားစိမ်း
(နောက်………..)
အိမ်မက်တွေပါစိမ်းကုန်တယ်
နက္ခတ်မစုံတဲ့ညမှာ လမင်း ,မသာရ

ဒီကောင့်မြစ်ဖျားမှာ
ကပိုကယို ကြွေကျသွားတဲ့ကြယ်တစ်စင်းရှိတယ်
(ငါနင့်ကိုအားနာတယ်………..)
ပြီးတော့……
…………………………

……………….တယ်

လူအသေ ရင်ဘတ်အသေ ကဗျာအသေ
ရင်ဘတ်အသေ ကဗျာအသေ လူအသေ
ကဗျာအသေ လူအသေ ရင်ဘတ်အသေ
(ကဲ…………)
ဟောဒီ့ကောင် ကြွေပြီ
ဒီရင်ဘတ်ကိုက အလိုတူ အလိုပါ ကြွေကျပေးချင်ခဲ့တာ

နင်လည်းမုန်းသာ ငါလည်းမေ့သာ
(ဒီတစ်ခါ……….)
ဒီကဗျာကို…………………………
………………………………………………..
အလွမ်းတစ်ဆင်စာနဲ့  ရေးတယ်

ကျွန်တော့်ရင်ဘတ်ပြယုဂ်မှာ
အဲဒီ့နတ်သမီးက အထင်ကရဗျ
ဒီရင်ဘတ်ကိုက အလိုတူ အလိုပါ ကြွေကျပေးချင်ခဲ့တာ
နင်လည်းမုန်းသာ ငါလည်းမေ့သာ
(ဒီကဗျာကို……..)
အလွမ်းတစ်ဆင်စာနဲ့  ရေးခဲ့တယ်ဗျာ……
…………………………………………………………….
(မဖတ်ပါနဲ့ ……..)။

                                                 မိုးထက်အောင်

In: ကဗျာ Posted By: Date: Jun 4, 2011
Comment #1

သေချာကိုအားပေးသွားပါတယ်

commentinfo By: မိုးသစ်လေပြေ at Jun 5, 2011
Comment #2

အချိတ်အဆက်..အသုံးအနှုံးတွေ….
တကယ်ကိုမိုက်တယ်ဗျာ………

commentinfo By: terry at Jun 5, 2011
Comment #3

အလွမ်းတစ်ဆင်စာနဲ့ 
ရေးခဲ့တဲ့ ကဗျာ …
ကောင်းလိုက်တာဗျာ ။

Comment #4

ဖတ်သွားတယ်………..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 6, 2011
Comment #5

“အမြင်စိမ်း အတွေးစိမ်း စကားစိမ်း
(နောက်………..)
အိမ်မက်တွေပါစိမ်းကုန်တယ်…..”
ဟုတ်တယ် ကိုမိုးထက်ရေ
ဒါပေမယ့်…….လွမ်းနေရသမျှကတော့ ကိုယ်တိုင် မစိမ်းကားနိုင်တာ ခက်တယ်….။
အားပေးသွားပါတယ်….။။။

commentinfo By: ကေသရီ at Jun 6, 2011
Comment #6

ကိုမိုးထက်…
အလွမ်းတစ်ဆင်စာနဲ့ေ၇းထားလို့လားမသိဘူး..
ဖတ်တဲ့သူလည်း အလွမ်းတစ်ဆင်စာထပ်တူခံစား၇ပါတယ်
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 6, 2011
Comment #7

မဖတ်နဲ့လို့ပြောထားတာ ကို ဖတ်မိတာခွင်လွှတ်ပါဗျာ

Comment #8

ထပ်တူ ခံစားရပါတယ် လေးစားတယ်ဗျာ ကိုမိုးထက်အောင်

commentinfo By: nyanlinhtet at Jul 3, 2011
Comment #9

ကိုမိုးထက်အောင်ကိုကျွန်တော်ဇင်မင်းမောင်အားပေးသွားပါတယ်….ကဗျာတွေကိုကြိုက်ပါတယ်တကယ်.ကိုအနှစ်သာရရှိလှပါတယ်….

commentinfo By: ကိုဇင်မင်းမောင် at Jul 12, 2011
Comment #10

ရင်ဘတ်ပြယုဂ်မှာ နတ်သမီးရုပ်တုကအထင်ကရ
မရွာပဲ မညိုပဲ ခြိမ်းတဲ့မိုး
(ဒါပေမယ့်………)
ကျွန်တော့်တစ်ကိုယ်လုံး ရွှဲရွှဲစိုတယ်
……………
အားပေးလျှက် သတိတရရှိကြောင်းပါခင်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 16, 2012
Comment #11

i love all title; poem ;words

commentinfo By: ei lay at Feb 11, 2013
Comment #12

ခေါင်းစဉ်ကစလို့တပုဒ်လုံးရြမ်းအရမ်းအကိုက်ပါ၏

commentinfo By: ei lay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment