Professional Authors

နင့်အတွက် …….ငါ (မိုးထက်အောင်)

နင့်အတွက် …….ငါ

 

 

 

ျစ်သူရေ………

(ဒီကောင်ဆိုတာက)

နေပူပူ မိုးရွာရွာ

နင့်အနား အမြဲလာချင်ခဲ့သူပါ

(ဒါပေမယ့်……)

မဆုံနိုင်အောင်ဝေး

(ငါ………)

မဖြေနိုင်အောင်ဆွေးတယ်

အဲဒီ့အကြောင်းတွေ ပြန်မတွေးချင်တော့ဘူး

 

ချစ်သူရေ……….

မမြင်နိုင်တဲ့ လှည့်ကွက်တွေနဲ့ 

ကံကြမ္မာက ငါ့ကိုရက်စက်တယ်

နင့်အနား မရောက်နိုင်ခဲ့တဲ့ငါ

ပြန်တွေးရင် တစိမ့်စိမ့်နာတယ်

(ဒီကောင့်ရင်ဘတ်……)

အသားမာတွေ တက်ချင်ခဲ့ပါရဲ့

 

ချစ်သူရေ……..

နင့်နားလည်ပေးမှုတွေနဲ့ 

ငါ့ရင်ဘတ်လေးအသက်ဆက်နေခဲ့မိတာပါ

သံသယအတွေးတွေနဲ့  ငါနဲ့ ဝေးဖို့ မတွေးပါနဲ့ 

(ငါဆိုတဲ့ ဒီကကောင်)

နင်နဲ့ ဝေးမှာ သေမလောက်ကြောက်တယ်

 

ချစ်သူရေ……..

မနေ့ ကငါဆိုတာ

ဒီနေ့ လည်း နင့်အတွက်ငါပါပဲ

နင့်ကဗျာမှာ ရိသဲ့သဲ့စကားတွေမသုံးပါနဲ့ 

(ငါအရှုံးပေးပါတယ်)

ငါဆိုတဲ့ ဒီကောင်က

ဟိုး……..အရင်ကစ

နောင်ဘ၀ ဘ၀တွေမှာ

နင်ပြောဖူးတဲ့ နင့်အတွက် ငါ……..။

 

 

                                 မိုးထက်အောင်

 

In: ကဗျာ Posted By: Date: Mar 31, 2011
Comment #1

like it !

commentinfo By: morrethant at Mar 31, 2011
Comment #2

ကောင်းပါတယ်….အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 2, 2011
Comment #3

ျစ်သူရေ……..

မနေ့ ကငါဆိုတာ

ဒီနေ့ လည်း နင့်အတွက်ငါပါပဲ

နင့်ကဗျာမှာ ရိသဲ့သဲ့စကားတွေမသုံးပါနဲ့ 

(ငါအရှုံးပေးပါတယ်)

ငါဆိုတဲ့ ဒီကောင်က

ဟိုး……..အရင်ကစ

နောင်ဘ၀ ဘ၀တွေမှာ

နင်ပြောဖူးတဲ့ နင့်အတွက် ငါ……..။

commentinfo By: အသဲကွဲမိုး at Jun 7, 2011
Comment #4

အားပေသွားပါတယ်ခင်ဗျာ..
အရမ်းလည်း.ကြိုက်ပါတယ်…
ကိုမိုးရေ……သူကရော..ကဗျာတွေရေးတဲ့အခါ
ကိုမိုးရဲ့နာမည်ကို..ရိသဲ့သဲ့လုပ်သေးတုန်းလား..ခုချိန်ထိ….

commentinfo By: မင်းထက် at Jan 10, 2013
Comment #5

အကြီးကြီးရင်ထဲကိုထိသွားပါ၏

commentinfo By: ei lay at Feb 11, 2013
Comment #6

Nice 1!

commentinfo By: mizzymaung at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment