Professional Authors

လက်ဆုပ်လက်ကိုင်မရှိတဲ့အချစ် (မင်းကိုချစ်တဲ့သူ)


မတွေ့ချင်ဘူး…
အွန်လိုင်းပေါ်တက်လာတိုင်း
သူ့ကိုတွေ့နေရတယ်…

မချစ်ချင်တော့ဘူး…
အလွမ်းတွေတထုပ်တပိုးနဲ့
တမ်းတနေမိပြန်တယ်…

ကျနော်တို့တွေ ချစ်သူမဟုတ်ခဲ့ဘူး
ရိုးစင်းတဲ့ သူငယ်ချင်းတွေပါ…
သူ့ရင်မှာ ဘာရှိသလဲ ကျနော်သိသလို
ကျနော့်ရင်မှာ ဘာရှိလဲ သူသိနေတယ်
ရင်နှီးမှုအချိန်တွေက လေးနက်လှတဲ့
အဓိပ္ပာယ်တစ်ခုထဲကို ပေးခဲ့တယ်….

မဖြစ်နိုင်မှန်း သိရက်နဲ့
မရင့်ကျက်သေးတဲ့
နှလုံးသားက လောကကြီးကို
အရွဲ့တိုက်ချင်လာတယ်…

စနစ်တကျ မသင်ကြားခဲ့တဲ့
နှလုံးသား သင်းခန်းစာအတွက်
ရင်ခုန်သံတွေက ပရမ်းပတာနဲ့
နောက်ဆုံးတော့ ရင်ကွဲပက်လက်လေးပဲ…

လိုချင်တပ်မက်ခြင်းဟာ
ရင်ထဲက ပေါက်ဖွားလာတဲ့ အချစ်လား
ဒါမှမဟုတ်
ရင်ထဲက ပေါက်ဖွားလာတဲ့ အတ္တလား
သေချာတာကတော့
သူကြောင့် ကျနော်ကဗျာတွေရေးနေမိတယ်…

In: ကဗျာ Posted By: Date: Jun 8, 2013
Comment #1

လက်ဆုပ်လက်ကိုင် ပြ နိုင် အောင် တော့ မ လုပ် ပဲ နဲ့။
အ သဲ ပဲ ကွဲ ပြ နေ ရ လားး လို။
:P့

commentinfo By: ei lay at Jun 9, 2013
Comment #2

ကြိုက်လို့ဗျို့..ကူးသွားပြီ..။

commentinfo By: waiyan at Jun 9, 2013
Comment #3

*-*
*-*

commentinfo By: ei lay at Jul 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment