Professional Authors

ဆေားရီးပါပဲ နော်

ငါမယုံကြည်တဲ့ ဒီအချစ်ဆိုတာအတွက်

ချန်လှပ်မထားတဲ့ငါဘ၀စာမျက်နှာတွေမှာ

နင်ဘာလို့ လာရေးခဲ့ တာတာလဲ

အချစ်ဆိုတဲ့ စာမျက်နှာနဲ့ 

ကျောဘက်ကအလွမ်းစာမျက်နှာ

ဒီစာတစ်ရွက် နင်ပြန်သိမ်းပေးပါ

လူတစ်ယောက်ကိုချစ်ခဲ့ မိတယ်ဆိုယင်

ကိုယ့် ကိုကိုယ်နဲ့ သူများတွေကိုပါ

အရှုံးပေးလိုက်ရတာပဲ လို့ ခံယူခဲ့ တဲ့ ငါ

နင်လာရေး ခဲ့ တဲ့ ဇာတ်လမ်းမှာ ငါမကပါရစေနဲ့ 

ငါအားမနာပဲ ပြောပါရစေ 

အချစ်ထက်အရေးကြီးတဲ့ အရာတွေ

လူ့ လောကမှာလုပ်စရာတွေ အများကြီးလေ

နင်ပြောမဲ့ ပြစ်တင်စကားတွေအတွက်

ငါ ချေပပြောရမယ်ဆို ယင်လေ

ငှက်ပျောတုံးဖက်ရမယ်ဆိုလဲ ငါကျေနပ်နေတတ်မှာပါ

ဒါဟာ အချစ်ဆိုတာလောက်မရှုတ်ထွေးပါဘူး

ငါမလိုပါဘူးဒီအချစ်ကို

လိုတဲ့ သူတွေကိုသာနင်ပေးလှည့် ပါ

အရာရာတွေအတွက်တော့ 

ဆေားရီးပါပဲနော်

In: ကဗျာ Posted By: Date: Apr 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment