Professional Authors

အဲဒီနေ့က ကျနော်

အဲဒီနေ့က မိန်းခလေး တယောက်နဲ့
မထင်မှတ်ဘဲ မျက်လုံးချင်းဆုံ
တဒင်္ဂ အတွင်းမှာ ကျနော့် နှလုံးသား
မြန်ဆန်စွာနဲ့ ခုန်
သူ့ အကြည့်မျက်ဝန်း လှလှ
ခဏ ငေးမောရင်း
ဟေ့ ဘာကြည့်တာလဲ……ဆိုမှ
အသက်ပြန်ဝင်လာ
သြော်………အေး…ဟုတ်သားပဲ…
ဘာမှ ကြည့်ပါဘူး…..ဟီး ဟီး
အဲဒီနေ့က ကျနော့် ရင်မှာ
မဖြစ်စဖူး အချစ် ဆူး
စိုက်ဝင်သွား၏….။

လုံးဝ မထင်ထားတဲ့
အဲဒီနေ့ မနက်ခင်းထဲ
စောစောစီးစီး စိတ်ထဲ
ပြစ်မှုတစ်ခုကို ကျူးလွန်မိတယ်….
သူ မသိဘူး။

အဲဒီနေ့က စပြီး
အလွန်အကျူးတော့ မဖြစ်ပေမယ့်
ည ည အိပ်ရေးပျက်ခဲ့ရတယ်

အဲဒီနေ့က စပြီး
အလွဲလွဲ အမှားမှား စကားတွေ ယောင်ပြီး
ပါးစပ်က ထွက်နေတတ်တယ်

အဲဒီနေ့က စပြီး
ငါ တစ်ခုခု အတွက် ခံစားတတ်ခဲ့တယ်

အဲဒီနေ့က စပြီး
သူ့ကို မေ့မရတော့ဘူး

အဲဒီနေ့စွဲ လေးကို
ငါ့ ဒိုင်ယာရီ ငါ့သမိုင်းမှာ
နေ့ထူးနေ့မြတ် ၊ မမေ့အပ်နိုင်သော
နေ့ရက်ကလေး အဖြစ်
အဲဒီနေ့က စပြီး…………………..

In: ကဗျာ Posted By: Date: Jan 18, 2011
Comment #1

အဲဒီနေ့က စပြီး
အလွန်အကျူးတော့ မဖြစ်ပေမယ့်
ည ည အိပ်ရေးပျက်ခဲ့ရတယ်

အဲဒီနေ့က စပြီး
အလွဲလွဲ အမှားမှား စကားတွေ ယောင်ပြီး
ပါးစပ်က ထွက်နေတတ်တယ်
အဲဒီနေ့က စပြီး
ငါ တစ်ခုခု အတွက် ခံစားတတ်ခဲ့တယ်
အဲဒီနေ့က စပြီး
သူ့ကို မေ့မရတော့ဘူး
အဲဒီနေ့စွဲ လေးကို
ငါ့ ဒိုင်ယာရီ ငါ့သမိုင်းမှာ
နေ့ထူးနေ့မြတ် ၊ မမေ့အပ်နိုင်သော
နေ့ရက်ကလေး အဖြစ်
အဲဒီနေ့က စပြီး…………………..

commentinfo By: အသဲကွဲမိုး at Jan 19, 2011
Comment #2

အဲဒီနေ့က စပြီး
ငါ တစ်ခုခု အတွက် ခံစားတတ်ခဲ့တယ်
အားပေးနေပါတယ်..gadounlay

commentinfo By: genius.jinx28 at Jan 19, 2011
Comment #3

အဲဒိ့နေ့က စပြီး ခံစားချက်တွေက ပိုပြင်းထန်လာတယ်…
အားပေးတဲ့ အသဲကွဲမိုး ၊ genius.jinx28 ကိုကျေးဇူးတင်တယ်….

commentinfo By: gadounlay at Feb 15, 2011
Comment #4

wow,,,,,,,
yin khone sa yar g pop.

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment