Professional Authors

မငိုနဲ့နော်

မငိုနဲ့နော်….

ညှိုးရော်..စိတ်နွမ်း…

မင်း..ပင်ပမ်းမယ်…….

 

မငိုနဲ့နော်….

အားငယ်..စိုးထိတ်…

ဝမ်းနည်းစိတ်က…

ဘယ်လောက်နှိပ်စက်…နာကျင်တတ်စေ…..

မင်း အရှေ့မှာ..ငါရှိတယ်……….။

 

မငိုနဲ့နော်….

ပျော်စရာပဲတွေး….

ကဗျာတွေ အတူရေးကြမယ်….

ကာရံတွေထုတ်…..

မင်းမျက်ရည်တွေ သုတ်လိုက်ကွယ်……..။

 

မငိုနဲ့နော်….

တိမ်တအုပ်ကို…အိမ်လုပ်စီးစို့….

ကောင်းကင်ထဲမှာ ရွက်လွှင့်…

တို့နှစ်ယောက်.. အတူတူမျောလွင့်ကြမယ်……။

 

မငိုနဲ့နော်….

ကဗျာအတတ်နဲ့..ပန်းတစ်ခင်းပျိုးလို့..

သက်တံ့ကို ဖန်ဆင်း…..

ရွှေနားတော်သွင်း .. ဧချင်းဆိုမယ်……

လမင်း တစင်း…

မင်းမျက်နှာပေါ်..

လင်းပါစေ…………..။

 

လေးညှို့ရှင်

(၂၅.၇.၂၀၁၃)

1:59 PM

In: ကဗျာ Posted By: Date: Jul 25, 2013
Comment #1

:'(
:'(
:'(
so much touching

commentinfo By: ei lay at Jul 26, 2013
Comment #2

ei lay>> တော်တော်ထိသွားလို့လား 🙂

commentinfo By: laynhyotshin at Jul 26, 2013
Comment #3

LIKE နှစ်သက်မိပါ၏

commentinfo By: အသဲကွဲ မိုး at Jul 26, 2013
Comment #4

ကျေးဇူးပါ အသဲကွဲမိုး 🙂

commentinfo By: laynhyotshin at Jul 26, 2013
Comment #5

ဟုတ်
စိတ်ညစ်နေတာ။
ဝမ်နည်းနေတာ

commentinfo By: ei lay at Jul 26, 2013
Comment #6

သူမငိုနဲ့ဆိုမှငိုချင်လာပြီ

commentinfo By: han mo at Jul 26, 2013
Comment #7

တကယ်ကောင်းတယ်ဗျာ။အားပေးပါတယ်။ အကြောင်းအရာလေးကိုတော်တော်ကြိုက်တယ်။

commentinfo By: min myat at Jul 26, 2013
Comment #8

အရမ်းကြိုက်တယ် ဗျာ …
share ခွင့်ပြုပါ အစ်ကို … 🙂

commentinfo By: loafer at Jul 26, 2013
Comment #9

ကျေးဇူးတင်ပါတယ် min myat အားပေးတဲ့အတွက် Share နိုင်ပါတယ် loafer ကျွန်တော့်နာမည်လေးတော့ ထည့်ပေးနော် :). ei lay နဲ့ han mo ကဗျာဖတ်ပြီး ပိုဝမ်းနည်းသွားတယ်ဆိုရင်တော့ တောင်းပန်ပါတယ်ဗျာ

commentinfo By: laynhyotshin at Jul 27, 2013
Comment #10

မငိုနဲ့နော်….

ကဗျာအတတ်နဲ့..ပန်းတစ်ခင်းပျိုးလို့..

သက်တံ့ကို ဖန်ဆင်း…..

ရွှေနားတော်သွင်း .. ဧချင်းဆိုမယ်……

လမင်း တစင်း…

မင်းမျက်နှာပေါ်..

လင်းပါစေ…………..။

commentinfo By: Blueskymoe at Jul 27, 2013
Comment #11

မငိုနဲ့နော်….

ညှိုးရော်..စိတ်နွမ်း…

မင်း..ပင်ပမ်းမယ်…….

မငိုနဲ့နော်….

အားငယ်..စိုးထိတ်…

ဝမ်းနည်းစိတ်က…

ဘယ်လောက်နှိပ်စက်…နာကျင်တတ်စေ…..

မင်း အရှေ့မှာ..ငါရှိတယ်……….။

breathless … :’)

ကျမကိုလဲ အဲ့လိုပဲ မငိုစေချင်တဲ့လူတစ်ယောက် ရှိလေရဲ့ … ။

commentinfo By: nge at Jul 28, 2013
Comment #12

ဂုဏ်ယူပါတယ် nge 🙂

နောက်လဲ လာအားပေးပါဦးနော် Blueskymoe 🙂

commentinfo By: laynhyotshin at Jul 28, 2013
Comment #13

ကြော် ငြာ ဝင် သွား ပါ သည်။
😛

Congradulation ငယ်

commentinfo By: ei lay at Jul 28, 2013
Comment #14

ဟုတ် အစ်ကို ကျွန်တော်နားလည်ပါတယ်
share ခွင့်ပြုတဲ့ အတွက်လည်း ကျေးဇူးပါ ။

commentinfo By: loafer at Jul 29, 2013
Comment #15

😀 …

ကျေးဇူးပါရှင် …
ကဗျာလေး ဖတ်ပြီး .. သူ့ကို သတိရသွားမိလို့ပါ … 🙂

commentinfo By: nge at Aug 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment