Professional Authors

နင်ဖြေ——–

၇င်ခုန်၇လွန်းလို့  ၇ူးသွပ်သွားသူတစ်ယောက်ကို
လမ်းမှာ တွေ့၇င် ပြန်မှတ်မိအုံးမလား——-
နင်ဖြေ————–

ဟိုးအဝေးက—နှင်းတွေအမြဲတမ်းမှုန်ဝါးနေတဲ့အ၇ပ်မှာ
အဖော်သစ်တွေ့လို့  ပျော်နေပြီလား—–
နင်ဖြေ———–

သစ်ပင်ဟာ မလဲကျမချင်း  သစ်ခုတ်သမားကို
အ၇ိုပ်ပေးသွား တဲ့  မူကိုယနေ့တိုင်  ငါဆုပ်ကိုင်ထားတယ်
မင်းကောဒီလိုဘဲလား——
နင်ဖြေ——-

အမြဲတမ်းခြောက်ကပ်နေတဲ့ ငါ့ နှလုံးသားထဲကို
ပဲဆီမွှေးနဲ့တူတဲ့ နင့်အချစ်တွေ
ပြန်လောင်းပေးမှာလား
နင်ဖြေ ……………

In: ကဗျာ Posted By: Date: Oct 8, 2010
Comment #1

အရမ်းကောင်းပါတယ်

commentinfo By: Seint at Jan 4, 2011
Comment #2

နင်ဖြေဆိုလို့ ငါ ပြန်ဖြေခဲ့မယ်နော်…..

နင့်ရဲ့ မျက်နှာပုံဖော်
အမြဲလိုလို လွမ်းနေတတ်သူတစ်ယောက်ကို
မှတ်မိပါ့လားလို့ နင်မေးရင်
ငါ ခံစားရတယ်… ဘာလို့လဲ
နင်ဖြေပေးနိုင်မလား…….

ှနှင်းမှုံတွေကြားထဲ
အဖော်အသစ်နဲ့ ပျော်ပါတယ်လို့
နင် စွပ်စွဲရင် ….
ရာသီစက်ဝိုင်းပြောင်းတိုင်း
ငါ့နှလုံးသားအသစ်မပြောင်းနိုင်လို့
ငါ ဘယ်လိုစိတ်မျိုးနဲ့
ပျော်နိုင်ပါ့မလဲ…….
နင်ပြန်ဖြေပေးပါ…………

လူဆိုတာ မျှော်လင့်ချက်နဲ့
ရှင်သန်တတ်လို့ ………
ငါလည်း အဲဒါကို
အသုံးပြုထားတယ်

မင်းရဲ့ နှလုံးသားခြောက်ခြောက်မှာ
ငါ့နှလုံးသွေးနဲ့ ထပ်လောင်းဖြည့်စွတ်နိုင်ဖို့
မျှော်လင့်ချက်နဲ့ တစ်ခုထဲနဲ့
နှလုံးသွေးကို သန့်စင်အောင် ထားထားတဲ့
လူတစ်ယောက်ကို
အပင်တစ်ပင်ရဲ့ မူအကြောင်းမေးစရာလိုမယ်လို့
နင်ထင်လား…………..
နင်ဖြေပါ………

Comment #3

ကျွန်တော် သစ်ရွက်ကဗျာလေး ယူသွားတယ်……. ကျွန်တော့်အဖြေလေးနဲ့ တွဲထားချင်လို့ပါ…. ကျေးဇူးပါ

Comment #4

သစ်ရွက်..ကဗျာလေးကောင်းတယ်….
လိပ်ပြာကဗျာလေးကလည်း ကောင်းတယ်…..

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #5

ဖတ်ရတာအဆင်ပြေပါတယ်

commentinfo By: chan myake at Jan 18, 2011
Comment #6

nin phyay

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment