Professional Authors

လက္ခဏာ

ငါ့ဘ၀အတွက်တော့ ငါဟာမင်းသားပါပဲ
နောင်တော်ရှင်ရာမ
သင်နောက်ကျခဲ့ပြီ. . .။

ဗိုလ်ခြေထောင်ထု
ဆောင်ယူဖို့မစွမ်းနိုင်
လေးတော်ကိုအသာကိုယ်ရင်း
ရတနာရွှေမြား
ညို့သွားပေါ်တင် ပစ်လွှတ်မယ်ပြင်…
ထိုစဉ်ခဏ. . .
(တစ်သက်စာနောင်တ)။
အို . . . သီတာနှမ
ဝင်းမွတ်ပုလဲ
မြမြက်ရွဲနှင့်
နှင်းဆီဖူးငုံ
နှုတ်ခမ်းလွှာအစုံကို
တုန်ခါဖိုလှိုက်
နှလုံးသားမိုက်က
သိမ်းပိုက်ဖို့ငှာ
မ၀ံ့သာ…။

ကဲ နောင်တော်ရှင်ရာမ
သင့်အလှည့်ကျပြီ။ . . .။

နည်ရဲဇော်

In: ကဗျာ Posted By: Date: Mar 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment