ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်…
ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်
ဖိတ်စာက သူ့အလိုလို ရောက်လာတာလား
“ဒဿ” ကျွန်တော် မေးပါရစေ…
ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်
ခင်ဗျားကရော
လေးတင်ရုံ သက်သက်လား
“ရာမ” ကျွန်တော် မေးပါရစေ…
ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်
ခင်ဗျား လူရွေးမှားသွားပါတယ်
ပြဇာတ် အစအဆုံး “ရာမ”က
ခင်ဗျားကို ချစ်တယ်လို့ ပြောခဲ့ဘူးလို့လား
“သီတာ”ကျွန်တော် မေးပါရစေ…
လေးတော် တင်နိုင်သူက ရာမ
သီတာကို ချစ်တာ ဒဿ
သီတာ ကြိုက်တာက ရာမ
ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်
ခဏလေး..
ဒီနေရာမှာ “ချစ်တာ” နှင့် “ကြိုက်တာ”
ကွဲကွဲပြားပြား နားလည်ထားဖို့ လိုပါတယ်
ချစ်တတ်တဲ့ သူတစ်ယောက်ကို
ဗီလိန်နေရာထား
ဇာတ်သိမ်းမှာ သူ့ကို သတ်လိုက်တာ
ခင်ဗျား မတရားဘူး ဇာတ်ဆရာ
ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်။ ။
Comment #2
sleep luck
ကောင်းပါတယ်။အတွေးလည်းကောင်းတယ်။အားပေးသွားပါတယ်။
By: poem.poem28 at Jul 1, 2011
Comment #3
sleepy luke
ကောင်းပါတယ်။အတွေးလည်းကောင်းတယ်။အားပေးသွားပါတယ်။
By: poem.poem28 at Jul 1, 2011
Comment #4
ချစ်တတ်တဲ့ သူတစ်ယောက်ကို
ဗီလိန်နေရာထား
ဇာတ်သိမ်းမှာ သူ့ကို သတ်လိုက်တာ
ခင်ဗျား မတရားဘူး ဇာတ်ဆရာ
ဒီပြဇာတ်မှာ တစ်ခုခု မှားနေတယ်။ ။
By: May Kha at Jul 1, 2011
Comment #6
ကျွန်တော်အရမ်းကြိုက်လို့ကူးယူသွားလိုက်ပါတယ်ခင်ဗျာ..
By: ဒဿ at Jun 26, 2012
Comment #7
hote tar pe naw,,
ei lay le htout khan par de,
a yan yet sat de zat sayar,
By: ei lay at Jun 26, 2012
Comment #8
100% agree
By: ei lay at Oct 30, 2012
Comment #9
သေချာတယ်….မှားနေတာ
By: နွေ at Sep 2, 2013




Comment #1
အားပေးသွားတယ်…။