Professional Authors

ခံစားချက်တို့ ဖော်ပြမှု….။

နင်နဲ့တွေ့ရမှ အချစ်တို့က လန်းဆန်းနေမှာ မဟုတ်ဘူး
နင့်နာမည်လေး ရွတ်နေရုံနဲ့
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းတို့ ပြောဖို့မလိုအောင် ပြီးပြည့်စုံနေတတ်တယ်….။

နင့်အသံကြားရမှ ငါ့အလွမ်းတို့ဖြေသာနေတာမဟုတ်ဘူး…။
တခါလေမှ နင်ပို့လေ့ရှိတဲ့ message အနည်းငယ်လောက်နဲ့လည်း
နက်ရှိုင်းနေတဲ့ အဆွေးတွေ ပြေပျောက်အောင် ဖြည့်တွေးလို့ရတယ်…။

နင့်ကို ပိုင်ဆိုင်ရမှ ငါ့ဘ၀က အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး
လွန်ဆန်ဖို့ မစဉ်းစားထားတဲ့ နင့်အမိန့်များကြောင့်
ဒီတစ်သတ် စောင့်မျှော်ရခြင်းတွေ ပေးဆပ်ရလည်း
ရှင်သန်နေရတာ အနှစ်သာရရှိတယ်….။

နင်နဲ့လက်တွဲခွင့်ရမှ ဒီလောကမှာ ငါက အသက်ဆက်နေနိုင်မှာ မဟုတ်ဘူး
အဝေးက နင့်ကို တပ်မက်စွာနဲ့လည်း
သစ္စာတွေကို တစ်ဖက်ကမ်းခတ်ထူထောင်
နင့်ကိုပဲ…..စွဲစွဲမြဲမြဲရှိစွာနဲ့ ငါက တက်တက်ကြွကြွလှုပ်ရှားနေလို့ရတယ်…။

နောက်ဆုံးတော့လည်း ငါ့ချစ်သူရယ်
ညအိပ်ယာဝင်တိုင်း….တောင်းတဲ့ဆုက
နင့်အချစ်ဆုံးဖြစ်ရဖို့မဟုတ်ဘဲ
နင့်ကိုသာ အမြဲ အချစ်နိုင်ဆုံးသူ ဖြစ်ရပါစေ တောင်းဆုတို့ခြွေရင်း
အထက်ပါ ဖော်ပြချက်တွေထက်…….
ငါ နင့်ကို အေးဆေး..သိမ်မွေ့စွာ….သိပ်ချစ်လို့သွားတယ်…..။

In: ကဗျာ Posted By: Date: Dec 24, 2011
Comment #1

ရင်တွင်းဖြစ်တွေမှန်း ကဗျာကြည့်တာနဲ့သိနိုင်ပါတယ်
ခံစားချက်တွေကို လာcheckသွားတယ်ဗျို့
အစ်မ ကြိုးစားထား အားပေးနေတယ် ။

commentinfo By: X - ray at Dec 24, 2011
Comment #2

မကေ….ဘယ်လိုပြောရမှန်း..မသိတော့ဘူးဗျာ
အဲလိုပဲ…ကောင်းပါတယ်…အမ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment