Professional Authors

စက်တင်ဘာ (မနော်ဟရီ)

တော်သလင်းနေ… တဲ့
ပုစွန်တွေသေကြတာပေါ့ … ။
စွတ်စိုမှုရာသီရဲ့အစွန်းနား
မျက်ရည်တွေကို ကုန်စင်အောင်ခါချ
ဘာမှမသိသလို ရှေ့ကို ခရီးဆက်ဖို့တာစူ
နောက်ဆုံးပြာကျနေတဲ့ ဆည်းဆာရိပ်မှာ
ဆူးမဲ့နှင်းဆီတွေဟာရှင်သန်
ပြန်မလာတော့မယ့်
သူ့ရဲ့ရနံ့တွေအကြောင်း… သီချင်းဖွဲ့ဆို… ။
အလို…
ဟိုကလာနေတာ…
ငါ့ညီအစ်ကိုတော်တွေမဟုတ်လား
အင်္ကျီတွေပေါ်မှာ နှင်းစက်တွေရွှဲရွှဲစိုလို့
မငိုကြပါနဲ့
ငါ… ပြန်လာတဲ့အခါ…
ဝမ်းသာအားရ ကြိုမယ့်သူတွေ
တစ်တောလုံး တစ်တောင်လုံး
ရှိနေရဲ့ ။
မနော်ဟရီ
စာပေဂျာနယ် 96
Comment #1

အရမ်းကောင်းတဲ့ကဗျား)

commentinfo By: မိုးသစ်လေပြေ at Sep 2, 2011
Comment #2

တကယ် ကောင်းတဲ့ ကဗျာလေး

commentinfo By: nwenyeinaye at Sep 19, 2011
Comment #3

တကယ်ကိုကောင်းလှပါတယ်ဗျာ…
အားပေးပါတယ်…
နောက်လဲအားပေးမှာပါ

commentinfo By: yaewintaung at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment