ပျော်စရာတွေနဲ့သာ တန်ဆာဆင်ထားသော
အသက်ရှင်ဖို့အတွက် ရပ်တည်နေကြတာကို
ကမ္ဘာကြီးက ကြည်ဖြူစွာပဲ ထမ်းထားပေးတယ်..၊
တစ်ဦးနှင့်တစ်ဦး ရင်းနှီးစေခဲ့တာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
ရှုခင်းတွေကို စုံစွာ ဖန်ဆင်း
မြစ် အစင်းပေါင်းများစွာနဲ့
တောတောင်များရှိတယ်..၊
ရှုမြင်ခံစားရင်းစိတ် ကြည်နူးစေတာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
သစ်ပင်တွေကို စိမ်းလန်းစေပြီး
နွေ မိုး ဆောင်း ဆိုတဲ့ဥတုသုံးပါး ထားရှိတယ်..၊
ရာသီချိန်သီးနှံတွေကို
အားပါးတရ သုံးဆောင်နေရတာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
ခေတ်တွေကို တိုးတက်မှုအဖြစ်ပြောင်း
သိပ္ပံ အကြောင်းတွေပေါ်ထွက်လာစေတယ်..၊
တီထွင်ကြံဆမှုတွေရဲ့အကျိုးကိုခံစားနေရတာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
နည်းပညာအသစ်တွေ ထားရှိပြီး
လူသားတွေအတွက် အကျိုးဆောင်ပေးတယ်..၊
ရှေးရှေးတုန်းကထက် အဆင့်သာစေခဲ့တာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
သူ့ကိုယ်သူ ဆေးရောင်ခြယ်တတ်ကာ
ကောင်းကင်ပြာ တစ်ခုဖြစ်ထွန်းစေခဲ့တယ်..၊
လှပတဲ့ကောင်းကင်အောက်မှာ ရှိနေရတာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
ဘယ်လိုနည်းအသစ်တွေနဲ့များ
ဆက်ပြီး အမှုထမ်းသွားဦးမှာလဲ
ခင်ဗျားရဲ့ ခန္ဓာ တစ်ခုတည်းမှာ
ကျွန်တော်တို့အားလုံး အတူတူ၇ှိနေခဲ့တာကလဲ
ကျွန်တော်တို့အတွက် ပျော်စရာတစ်ခုပါပဲ။ ။
Comment #2
အားပေးသွားပါတယ်။
By: poem.poem28 at Jul 30, 2011
Comment #3
အားပေးသွားပါတယ်။
By: poem.poem28 at Jul 30, 2011
Comment #4
ကဗျာဖတ်ရင်းနဲ့ လဲ ပျော်ပါတယ်
အားပေးနေပါတယ်။
By: မယ်မနော at Jul 31, 2011
Comment #6
အသက်ရှင်ဖို့အတွက် ရပ်တည်နေကြတာကို
ကမ္ဘာကြီးက ကြည်ဖြူစွာပဲ ထမ်းထားပေးတယ်..၊
တစ်ဦးနှင့်တစ်ဦး ရင်းနှီးစေခဲ့တာ
ကျွန်တော်တို့အတွက် ပျော်စရာပါ။
အားပေးခဲ့တရ် မောင်လေး..
By: sandi at Aug 1, 2011
Comment #8
တော်တော်လေးပျော်ပါတယ်…..။
By: ဆည်းဆာ at Aug 2, 2011
Comment #9
really nice
By: ei lay at May 22, 2012




Comment #1
အားပေးသွားပါတယ်။