ဟယ်လို! စက်တင်ဘာ (၁၁) (မင်းခိုက်စိုးစန်)
“မျှော်လင့်ချက်ပျောက်တယ်” ဆိုတာ
ချောင်းဆိုးတဲ့ ရောဂါတစ်မျိုးပါပဲ။
ကိုယ်တိုင်လည်း နာကျင်တယ် …
(ကံဆိုးတဲ့) တခြားလူတွေကိုလည်း ကူးစက်နိုင်တယ် …။
လူသားရာဇဝင်ကိုမှ မာတိကာရေးချင်သူတို့ရေ …
… ထောင်းလမောင်းထအောင် ကြေကွဲကြ၊
… ဘာမှန်းမသိတာတွေကို သီချင်းလုပ်ဆိုကြ၊
(ခု နောက်ပိုင်းတော့) မျက်ရည် လက်တစ်ခုပ်စာနဲ့
… ကမ္ဘာကြီးကိုဆေးကြောဖို့ ကြိုးစားကြပေရော့။
ဘယ်သူက ထင်ရက်မှာတဲ့လဲ !!!
ငါတို့ကို ပြုစားသွားခဲ့ရက်တဲ့ … “ရွာသူ” ရယ် …
တို့အိပ်မက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့
(ကိုယ့်ဖာသာကိုယ်) မက်ခွင့်ရှိတယ်လို့ အောက်မေ့ခဲ့တာပါ …။
သိပ်ကို သေချာသွားပြီ …၊ ငါတို့ရဲ့ ဘဝဟာ
ကောက်ရိုးနဲ့ လုပ်ထားတဲ့ ပုံပြင်တစ်ပုဒ်ကို
… မီးရှို့ခဲ့တယ်ဆိုတာပေါ့ …။
မင်းခိုက်စိုးစန်
May 2002
———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။
Comment #2
သိပ်ကို သေချာသွားပြီ …၊ ငါတို့ရဲ့ ဘဝဟာ
ကောက်ရိုးနဲ့ လုပ်ထားတဲ့ ပုံပြင်တစ်ပုဒ်ကို
… မီးရှို့ခဲ့တယ်ဆိုတာပေါ့ …။
Comment #3
mike de
Comment #1
“မျှော်လင့်ချက်ပျောက်တယ်” ဆိုတာ
ချောင်းဆိုးတဲ့ ရောဂါတစ်မျိုးပါပဲ။
ကိုယ်တိုင်လည်း နာကျင်တယ် …
(ကံဆိုးတဲ့) တခြားလူတွေကိုလည်း ကူးစက်နိုင်တယ် …။