Professional Authors

ခေတ်မျက်လုံး ဒဿန

ငါ့မျက်လုံးတွေ မပွင့်ခင်
ငါသန္ဓေတည်ချိန် ကျော်လွန်လို့
ငါ မွေးဖွားချိန်မှာ ငါ့မျက်လုံးတွေ
မပွင့်နိုင်သေးဘူး နှစ်တွေကြာညောင်းလို့လာခဲ့တယ်…

အခုတော့ ငါ့မျက်လုံးတွေဟာ
အနည်းငယ် ပွင့်တက်ကာစမှာ
ခေတ်တွေက ငါ့ကို ကျော်လွန်လို့
ငါတောင် လိုက်မမှီတော့ဘူး…
 
ငါမမှီနိုင်တဲ့ ခေတ်တွေကို
ခေါင်းငုတ်နေရင်း ငါ့ စိတ်ဓာတ်ကို
မြင့်တင်လို့ ခေတ်တစ်ခုကို
ငါ တည်ထောင်ဖို့ ကြိုးစားခဲ့တာ
ခေတ်တောင် ငါ့ကို ဟားတိုက်နေပြီလေ…..

ခေတ်ကလည်း ဘောင်ဘင်ခတ်
ငါကလည်း စိတ် ဘောင်ဘင်ခတ်လို့
အပြန်အလှန် ဟားတိုက်ကြရင်း
ခေတ်က ငါ့ကို အရူးထင်မှာစိုးကြောက်တယ်……..

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

ခေတ်ကလည်း ဘောင်ဘင်ခတ်
ငါကလည်း စိတ် ဘောင်ဘင်ခတ်လို့
အပြန်အလှန် ဟားတိုက်ကြရင်း
ခေတ်က ငါ့ကို အရူးထင်မှာစိုးကြောက်တယ်……..

commentinfo By: lamin at Oct 6, 2011
Comment #2

အခုတော့ ငါ့မျက်လုံးတွေဟာ
အနည်းငယ် ပွင့်တက်ကာစမှာ
ခေတ်တွေက ငါ့ကို ကျော်လွန်လို့
ငါတောင် လိုက်မမှီတော့ဘူး…

ကိုမြတ်မင်း ကဗျာ တွေ ကောင်းတယ်ဗျ..အားပေးနေပါတယ်
ဒီကဗျာလေး တော်တော်ကြိုက်ပါတယ်

Comment #3

ငါမမှီနိုင်တဲ့ ခေတ်တွေကို
ခေါင်းငုတ်နေရင်း ငါ့ စိတ်ဓာတ်ကို
မြင့်တင်လို့ ခေတ်တစ်ခုကို
ငါ တည်ထောင်ဖို့ ကြိုးစားခဲ့တာ
ခေတ်တောင် ငါ့ကို ဟားတိုက်နေပြီလေ…..

ခေတ်ကလည်း ဘောင်ဘင်ခတ်
ငါကလည်း စိတ် ဘောင်ဘင်ခတ်လို့
အပြန်အလှန် ဟားတိုက်ကြရင်း
ခေတ်က ငါ့ကို အရူးထင်မှာစိုးကြောက်တယ်…

commentinfo By: May Kha at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment