Professional Authors

အပိုင်းအစများ

 

ရွေ့လျားခြင်း ………

ဘယ်လိုမှမြန်မြန်မသွားပါပဲနဲ့

အချိန်တွေရွေ့သွားလိုက်တာ

ရက်သတ္တပတ် တစ်ပတ်တောင်ကုန်ဆုံးလုပြီ ………..

လူ့လောကကြီးက

ငြီးငွေ့စရာကောင်းလိုက်တာလို့

ကိုယ့်ကိုယ်ကိုတိတ်တိတ်လေးညည်းမိတာကို

မဟုတ်ဘူး မင်းကပျင်းရိနေတာပါလို့

လောကကြီးက ငါ့ကိုပြန်အော်ဟစ်လိုက်တရ်

ပြောင်းလဲခြင်း ……………

အရာရာဟာမပြောင်းလဲဘူးလား

ပြောင်းလဲနေသလားလို့

ဒဿနစာအုပ်တွေကိုပြန်လှန်လှောမိတရ် ……….

သူ့ယူဆချက်တွေနဲ့သူ

ဟုတ်သယောင်ယောင်ဖြစ်နေတဲ့

နိယာမတွေ တွေးခေါ်ယူဆချက်တွေထဲပျော်ဝင်ရင်း

ငါ့ကိုယ်ငါပြန်ဆန်းစစ်မိတော့

ဘာမှန်းတောင်မသည်းကွဲတော့ဘူး …………

ပျောက်ဆုံးခဲ့တာတော့မဟုတ်ဘူး

ဖြစ်တည်မှုတွေပျက်ယွင်းသွားတာပါ

အခြေအနေနဲ့ အချိန်အခါဆိုတဲ့စကားကို

တခါတလေ ရင်းနှီးကျွမ်းဝင်သယောင်ရှိပါတရ် ………..

စိတ်ကျက်စားရာနဲ့ ၀ါသနာပါရာ

ပြီးတော့ ရရှိထားတဲ့ ဂုဏ်ဒြပ်တွေ

အခြေအနေတွေကြားထဲမှာ

ငါ့ရပ်တည်မှုကိုငါကိုယ်တိုင်မဆုံးဖြတ်နိုင်ခဲ့ဘူး ………….

ဘာမှမဟုတ်တဲ့လူတစ်ယောက်ပါလို့

သတ်မှတ်မိပေမယ့်

တစ်မိုးအောက်တစ်ယောက်ရယ်လို့လည်း

ခေါင်းစဉ်တပ်ဖူးခဲ့တရ်

Who am I ??????????????

ငါဟာဘာလဲ

လူသားတစ်ယောက်လား

စကြ၀ဠာထဲကအစက်အပြောက်တစ်ခုလား

ငါဘာအတွက်ရှင်သန်နေတာလဲ

အခုအရွယ်ထိ

ငါ့ဘ၀ရဲ့ရပ်တည်မှုကိုမသတ်မှတ်နိုင်သေးပေမယ့်

ငါကရှက်ပြီးတော့လည်းလဲမသေသွားဘူး

ခက်တော့နေပါရော့လား

လွတ်မြောက်မှု …………..

မွန်းကြပ်မှုတွေလက်ခံရတော့မှ

လွတ်မြောက်မှုဆိုတာကိုငါတန်ဖိုးထားတတ်ခဲ့တရ်

တရားသေဆန်ဆန်လှုပ်ရှားနေကြတဲ့ငါတို့ဘ၀တွေ

ပြီးတော့

ဂုဏ်တွေဒြပ်တွေကြားထဲစိတ်ကအကျဉ်းကျနေတဲ့အခါ

လွတ်လပ်နေတဲ့ရုပ်ကြီးကရော

လုံးဝလွတ်မြောက်သူလို့ခေါ်ဆိုနိုင်မတဲ့လား

တခါတလေတော့လည်း

လူ့ဘ၀မှာ ခံစားချက်ကိုရင်းရတာတွေရှိလေသတဲ့

စာအုပ်တွေကြားထဲပိတ်လှောင်ရင်း

ငွေဆိုတဲ့အရာကြီးကိုအလုပ်ရယ်လို့

ခေါင်းစဉ်တပ်ပြီးရင်းတပ်

ကုန်းရုန်းကြိုးစားရှာတိုင်းရော

ဘ၀ဆိုတာကြီးကနေပျော်သတဲ့လား

ပိုင်ဆိုင်ခြင်း

လက်ဆုပ်လက်ကိုင်ရမှပိုင်ဆိုင်တာလို့

သတ်မှတ်ထားတရ်ဆိုရင်တော့

ငါတော့နုံချာတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပြီ

မျောလွင့်နေတဲ့စိတ်ကူးတွေရယ်

စိတ်ကူးပေါက်ရင် ရေးတတ်တဲ့

ကဗျာတစ်ပိုင်းတစ်စရယ် အဲဒါတွေကလွဲရင်

ဘာမှရေရေရာရာမရှိခဲ့ဖူးဘူး

တစ်ယောက်တည်းအထီးကျန်ရင်း

မပိုင်ဆိုင်နိုင်တဲ့ အမေ့ရဲ့မေတ္တာကိုတမ်းတတရ်

ဘာပဲဖြစ်ဖြစ်တော့ပိုင်ဆိုင်ခြင်းဆိုတာကိုမေ့ထားရင်

လောကကြီးမှာအသက်ရှုချောင်သလိုရှိမရ်…….

 

 

 

In: ကဗျာ Posted By: Date: Mar 22, 2011
Comment #1

မပိုင်ဆိုင်နိုင်တဲ့ အမေ့ရဲ့မေတ္တာကိုတမ်းတတရ်

ဘာပဲဖြစ်ဖြစ်တော့ပိုင်ဆိုင်ခြင်းဆိုတာကိုမေ့ထားရင်

လောကကြီးမှာအသက်ရှုချောင်သလိုရှိမရ်…….

commentinfo By: genius.jinx28 at Mar 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment