Professional Authors

ကဗျာမဖြစ်သွားသော စကားလုံး အပိုင်းအစများ(လုလင်ငယ်သွေး)

ရာသီ ဥတု အရမ်းပူ

ဒါက လတ်တလော ဖြစ်ပေါ်တဲ့ စိတ်ခံစားချက်

ထိုင်ရာ ထ.. ပြီးရင် ပြန်ထိုင်..စိတ်ကူး ပေါ်က်လာရင် အိပ်ယာပေါ်မှာ လှဲ

မတည်ငြိမ်တဲ့ စိတ်နဲ့ အငြိမ် မနေ သော ဒေါသ များ…

တစ်ယောက်ထဲ … ညတွေ ကြယ်တွေ..နဲ့ အနည်းအကျဉ်း လေပူများ…

အေးတိအေးစက် ကော်ဖီ..

နှင်းတွေ ကြားထဲ က ဘောလုံးပွဲ ကို ကြည့်ရတဲ့ သူက ချွေးတွေ ထွက်လို့ 

ဖောက်ပြန်လာသော ရာသီဥတု နဲ့ ဖောက်ပြန်လာသော ယဉ်ကျေးမှု

ဖောက်ပြန်လာသော လူမှု ရေးများနဲ့  ဖောက်ပြန်လာသော စိတ်ဓာတ်များ

ဒါနဲ့ ကြားဖြတ်ပြီး ပြောရရင် ဒီ ကဗျာဆိုပါတော့  ဒီ စာစုကို

ခံစားချက်နဲ့  ရေးတာလည်း မဟုတ်ဘူး နှလုံးသားနဲ့  ရေးတာမဟုတ်ဘူး

တွေ့ တာ မြင်တာ ဖြစ်ပျက်နေတာကို တွေ့ သလို မြင်သလို ရေးတာ

အဲဒီအတွက် ခင်ဗျားတို့ လည်း တွေ့ တာကို တွေ့ သလို မြင်တာ ကို မြင်သလိုကြည့်…

ပါလို့ …စကားကြို ပြောထားချင်တယ်..

အချစ် ဆိုတာကို စဉ်းစားလိုက် တိုင်း ဟာတာတာနဲ့  တစ်ခုခု …လစ်ဟာနေ…တယ်

အဲဟာတာတာ ကြီး ကို ချရေးရင် ကဗျာထဲမှာလည်း ဟာကွက်တွေ ဖြစ်ပေါ်လာနိုင်မယ်လို့  ထင်တယ်…ထို့ ကြောင့်..

..အပေါ်ယံ လေးပဲ.. ပါးပါးလေး…ဖတ်သွား ခံစားချက်..တွေ နှလုံးသားတွေ ..အချစ်တွေများ တော့

ဒီမှာ ပါလိမ့်မယ် မထင်လိုက်နဲ့ ..

ပူလောင်တရ် ခြောက်ကပ်တယ်…..ဖြစ်ပေါ်မလာတဲ့ စကားလုံးတွေနဲ့ ရင်ဘတ်ကြီး ထဲ

ပြည့် ကျပ်လို့ ….ဘ၀ကို အရိပ် တကြည့်ကြည့်နဲ့  နေဖို့  ..ဘယ်မှာလဲ အရိပ်…

ထပ်ခါ ထပ်ခါ ကတိတွေ …လွယ်လွယ်နဲ့ ရတယ် မှတ်တယ်..ဂုဏ် သိက္ခာ နဲ့  ကတိ တစ်လုံးကို

ဝယ်ရတယ်ဆိုတာ ကို မသိတာလား မသိချင်ယောင် ဆောင်တာလား…

သိတဲ့ သူက သိတယ် မြင်တဲ့ သူက မြင်တယ်…

သိတော့ မြင်တော့ …. ရယ်စရာမောစရာပေါ့……ရယ်ရတယ်…တွေးကြည့်ရင်…ရင်မောရတယ်…

ရယ်ရယ်မောမောနဲ့  ပဲ ဒီကဗျာ လိုလို ဘာလိုလို လေး ကို ‘ ပြီးပါပြီ ‘ လို့  စာတန်း ထိုး လိုက်ချင်တယ်…

ခင်ဗျားသဘောတူမတူ ကိုတော့ ဆန္ဒမဲ မတောင်းခံတော့ဘူး…..။…………….။(လုလင်ငယ်သွေး)

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

ကဗျာမဖြစ်သွားသော စကားလုံး အပိုင်းအစများနဲ့
ကဗျာတစ်ပုဒ်ဖွဲ့ပြလိုက်တာ မိုက်တယ်နော်
အားပေးနေတယ်ဗျို့

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment