Professional Authors

အခိုး

ဆန္ဒနဲ့ ဆူဝေတဲ့ ပင်လယ်လိုရင်ခွင်
အတ္တနဲ့ ပူလောင်တဲ့ မာနပိုင်ရှင်
သဘာဝရဲ့ ဆန့်ကျင်ဘက် အလှပိုင်ရှင်
ဒဿနနဲ့ပြောင်းပြန်လွှဲ အတွေးပိုင်ရှင်
လိုအပ်ချက်မြောက်များစွာနဲ့ရှင်သန်နေသူ

လောဘတွေ မီးလိုပူ
ကြောက်စရာ့ပူလောင်သူ
မီးတမျှပူလို့ အနားလူလောင်ကျွမ်း

အခါခါပြာဖြစ်စေသူ
အခါခါလည်း ပြန်ချစ်စေသူ
လိုအပ်ချက်တွေ … နာကျဉ်းချက်တွေနဲ့
ဘ၀ခရီးကိုဆက်နေသူရေ

တစ်ခုတော့နားထောင်

အကြင်နာကိုအရေဖျော်
မေတ္တာကိုပြာချ
ဂရုဏာကို အငွေ့ပျံအောင်လုပ်ရင်
တစ်နေ့သိမယ် .. အချစ်စစ်ရဲ့
အခိုးရိုက်ခြင်း အကြောင်း …

In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1

ဝင်ရောက် ခံစား သွားသည်

Comment #2

လိုအပ်ချက်တွေ…နာကျည်းချက်တွေနဲ့
ဘဝခရီးကိုဆက်နေရသူ ။ ဖတ်ရတာ စိတ်မကောင်းဘူးဗျာ ဒါပေမယ့် အားမငယ်ပါနဲ့ ကျွန်တော်လည်း အဲ့လိုလူဘဲ ။

commentinfo By: X - ray at Aug 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment