၂၃ အကြို
ဒီလိုဖြစ်မယ် နောက်ဆုံးတော့ 
ကြိုသိထားသင့်တယ် အစကတည်းက
အခုတော့ ရစရာ မရှိအောင် 
ကွဲအက်သွားပြီဖြစ်တဲ့ အသဲနှလုံး
ဘယ်နားထား သွားလေရာ သယ်သွားဖို့ 
အကြမ်း မခံတော့ဘူး
ဟိုနားနဲ့ ပွတ် ဒီနားနဲ့ ပွတ်တိုက်မိရင်
သိပ်နာ တယ် ။
ဆုံတွေ့ခြင်းဟာ ခွဲခွါခြင်းရဲ့ လမ်းစ
သနားကြင်နာခြင်းဟာ ချစ်ခြင်းရဲ့ သင်္ကေတ
ခင်မင်ခြင်းက သံယောဇဉ် ကြိုးစ
ဆိုတော့ 
ငါတို့ နှစ်ယောက်ရဲ့ ဆုံတွေ့ ခြင်းဟာ 
ခွဲခွါ ကွဲကွါ ခြင်းရဲ့ လမ်းစ ဆိုတာ 
ကျွန်တော ကြိုသိထားသင့်တယ် ။
ကြိုသိထားခဲ့ရင် သိပ်ကောင်းမှာပဲ
နင်မသွားခင် တစ်ရက်လောက်အလိုမှာ 
နင်သွားတော့ မယ်လို့ ကြိုသိထားရင်
အကြို နူတ်ဆက်ခွင့်ရင် အကောင်းသား
အခုတော့ ဟော !
ဗလိုင်းကြီး အထုပ်အပိုးတွေနဲ့ 
ကားဂိတ်ကို ဒုန်းဆိုင်းပြေးပြီ
နင်လိုက်သွားတဲ့ ထွန်းတောက်ကားနောက်
ငါ လက်ပြနူတ်ဆက် ရင်မှာ အလွမ်း မီးတောက် 
စလောင်ကျွမ်း ပြီ ။
နင် မ ပြန် မ လာ မ ချင်း
ငါ့ က ဗျာ တွေလည်း 
အထီးကျန် အလွမ်းဆန် နေဦးမှာပဲ 
လာဖတ်အားပေးကြတဲ့ စာဖတ်သူကိုလည်း 
အားနာလို့ ကြိုတောင်းပန်ပါတယ် ။



