Professional Authors

ဝန်ခံချက်

နင်မသိပေမယ့် ရှိနေတဲ့ ငါ့အချစ်အတွက် …
မပြောခဲ့ဘူး ငါနင့်ကိုချစ်တယ်လို့ . မပြခဲ့ဖူးဘူး နင့်ကို ချစ်တဲ့အမူအရာတွေ .
ဒါပေမယ့်နင်သိရဲ့လား ငါဘာလို့ လက်သည်းနီမဆိုးတာလဲ ? ငါဘာလို့ ဆံပင်ရှည်မထားတာလဲ ?
ပြောခဲ့ဖူးတယ် ငါ့ကွယ်ရာမှာ ဘာလုပ်လုပ် ဂရုမစိုက်ဘူးလို့ ငါနဲ့ဝေးတဲ့နေရာကနေ ငါ့ကို သတိရလွမ်းနေမှာမျိုးထက် သူများနဲ့ပျော်နေတာမျိုးပဲ လိုချင်ခဲ့တာ ကြောင့်ပါ . တစုံတယောက်ကိုအ၇မ်းလွမ်းတဲ့ခံစားမူကိုငါသိတယ်လေ ဒီဒဏ် ကို ငါတယောက်ပဲခံရတော်ပြီပေါ့ နင့်ကိုတော့ မခံစားစေချင်ဘူး. …. နင်ငါ့ကိုဂရုစိုက်သလိုမျိုး ရဲ့တ၀က်တောင်ငါနင့်ကို ဂရုစိုက်မပြခဲ့ပါဘူး ဘာလို့လဲ ဆိုတော့ ခုဆိုငါ့မှာ နင်မရှိတော့ရင်ဆိုတဲ့အတွေ့ မျိုးယောင်လို့တောင်မစဉ်းစားရဲဘူး
အတွေးနဲ့တင် ဆယ်ခါပြန်သေတယ်  .. နင့်ကိုတော့အဲ့လိုမဖြစ်စေချင်ဘူး . ငါမရှိရင်လဲ အေးဆေးနေနိုင်သွားစေချင်တယ် ငါမဟုတ်တဲ့တခြားတယောက်နဲ့ပျော်နေတာမျိုးပဲဖြစ်စေချင်တယ် ငါ့ကြောင့်နဲ့ နင်ခံစားနေရမှာမျိုးမလိုချင်ဘူးဟာ
နင်နဲ့ပတ်သက်တာတွေကို ဂရုမထားတာမဟုတ်ဘူး ဂရုစိုက်မပြခဲ့တာ . ကိုယ့်ကိုမချစ် . ဂရုမထား . တဲ့လူမျိုးကို ဘယ်သူကမှ အမြဲတမ်းသတိရနေမှာ မဟုတ်ဘူးထင်လို့ ငါမရှိတော့တဲ့နောက် နင်တည်တည်ငြိမ်ငြိမ်နဲ့နေသွားနိုင်ဖို့ ပါ . နင်သိရဲ့လား ခုဆို မနက်နိုးကထဲက နင်ဒီချိန်ဘာလုပ်နေမလဲ စဉ်းစားနေတတ်ပြီဖြစ်တဲ့ ငါ. (ကိုယ့်အ၀တ်တောင် အမေ၀ယ်ပေးတာပဲဝတ်တဲ့ငါက)ကျား ၀တ်အကျီ ဆိုင်ရှေ့ရောက်တိုင်း နင်နဲ့လိုက်မယ့် ဟာကို ရွေးဝယ်တတ်နေတဲ့ ငါ . တခုခုဆို နင်သာငါ့အနားမှာရှိရင် ဘယ်လိုနေမလဲဆိုပြီး တွေးနေတတ်တဲ့ ငါ . နင်နဲ့စကားပြောနေတဲ့အခါ ငါ့ဘက်ကတိတ်ဆိတ်နေပြီး နင်ပြောသမျှပြုံးပြီးနားထောင်နေတတ်တဲ့ငါ (ကို့ကို ဆို ဟတ်ဟတ်ပတ်ပတ်ကိုစကားမပြောဘူးလို့ပြောတတ်တဲ့နင့်စကားအတွက်)
ခုဆိုနင့်အသံ ဟာ ငါ့အတွက်တော့ အကောင်းဆုံးဂီတ .. . နင်လုပ်သမျှ ငါ့အတွက် ချစ်စရာအကောင်းဆုံး အမူအရာတွေဖြစ်နေတတ်ပြီ ငါခုလိုခံစားနေရတာမျိုးနင့်ကိုမခံစားစေချင်လို့ နင့်လို ငါက အပြုအမူနဲ့တောင်ချစ်ကြောင်းမပြခဲ့တာ
ငါ့အယူအဆမှားချင်လဲမှားနိုင်ပါတယ် . စကားတစ်ခွန်းကြားဖူးတယ် : ငါနင့်ကိုချစ်တယ်ဒါပေမယ့်နင့်မှာပြောင်းလဲမသွားတဲ့အချစ်မျိုးရှိမှသာ : တဲ့ ငါကတော့ နင်ငါ့ကိုမချစ်လဲ ငါနင့်ကိုချစ်တယ်
ငါနင့်ကိုချစ်တဲ့အချစ်ဟာ ဆိုးလွန်းလို့ ငါ့ကို ငါချစ်သလို မချစ်စေချင်ဘူး . အဲ့အတွက် ငါနင့်ကို မချစ်သလိုပဲနေလိုက်တော့တယ်
အရူးထ နည်းတမျိုးပါလားလို့ တွေးချင်လဲတွေး . ငါလဲ ငါ့ဟာနဲ့ငါရူးနေတာဝန်ခံတယ်

In: Others Posted By: Date: Jul 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment