Professional Authors

*ယုံကြည်ထားတယ်*

“မျှော်လင့်ချက်” တွေသာ
အတောင်တပ်ပေးလို့ရရင်
လှပတဲ့အနာဂတ်ဆီကို
ချစ်သူနဲ့အတူပျံသန်းမယ်…

ပတ်ဝန်းကျင်က
ဘယ်လောက်ပဲမုန်တိုင်းထန်နေပါစေ….
သံသယ” တွေအောက်မှာ
“နားလည်မှု” မပျောက်ဖို့
“ယုံကြည်ခြင်း” နဲ့ “သစ္စာတရား” ကိုပဲ
မြဲမြဲဆုတ်ကိုင်ထားပေးပါ….ချစ်သူ….

မဝေးတော့မယ့်အချိန်ကိုမျှော်လင့်ရင်း
ပြောင်းလဲမှုမရှိတဲ့ “မေတ္တာတရား” ကို
အတူတူတည်ဆောက်မယ်….

“သက္ကရာဇ်တွေဟောင်းနွမ်းသွားပါစေ
ဘာအကြောင်းကြောင့်မှ မခွဲဘူး”.….

21/Feb/2011
2:19 PM

In: ကဗျာ Posted By: Date: Mar 2, 2011
Comment #1

ကဗျာလေး ကောင်းပေ့ဗျာ
ချစ်သူတွေမှာ ယုံကြည်ခြင်းဆိုတာ တကယ်လိုအပ်တဲ့အရာပါ
ကဗျာလေး ဝင်ရောက်ဖတ်ရှုအားပေးသွားကြောင်းပါ ~~

commentinfo By: X - ray at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment