Professional Authors

ပြီးပါပြီ (မောင်ချောနွယ်)

အရက်နဲ့စီးကရက်ကို ကြိုက်တယ်
ညီမလေးမမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်
ကဗျာနဲ့ သစ္စာထားတယ်
အဆုံးအရှုံးများအတွက် ဝမ်းမနည်းဘူး
မကြေကွဲဘူး
နောင်တမရဘူး
ခရီးကြမ်း ဘဝကြမ်းတွေကို ကြင်နာတယ်
လဲပြိုနေသူတွေကို စာနာတယ်
ဒဏ်ရာနဲ့ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
အမှားတွေနဲ့ သောက်စားမူးယစ်တယ်
ငါးမျှားချိတ်တွေက အစာကို ငါမဟတ်ဘူး
ငါ့ဘဝ ငါးစာကိုသာ ငါဟတ်ခဲ့တယ် ။ ။

မောင်ချောနွယ်

Comment #1

မောင်ချောနွယ်ရဲ့..ကဗျာတွေ အများကြီး တွေ့ရလို့.. ကျေးဇူးတင်မိတယ်..။
ဒါပေမယ့် ကျွန်တော်ဖတ်ချင်တဲ့ကဗျာလေးတွေ ကျန်နေခဲ့သေးသလား လို့ပါ.. ။ ဖြစ်နိုင်ရင် တင်ပေးကြပါအုံးဗျာ…။
ကိုက်လမ်း..။ မစားဖြစ်သေးတဲ့ ပန်းသီး..။

commentinfo By: နေရင့် at Aug 7, 2010
Comment #2

ကဗျာနဲ့ သစ္စာထားတယ်
အဆုံးအရှုံးများအတွက် ဝမ်းမနည်းဘူး
မကြေကွဲဘူး
နောင်တမရဘူး
ခရီးကြမ်း ဘဝကြမ်းတွေကို ကြင်နာတယ်
လဲပြိုနေသူတွေကို စာနာတယ်
ဒဏ်ရာနဲ့ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
အမှားတွေနဲ့ သောက်စားမူးယစ်တယ်
ငါးမျှားချိတ်တွေက အစာကို ငါမဟတ်ဘူး
ငါ့ဘဝ ငါးစာကိုသာ ငါဟတ်ခဲ့တယ် ။ ။…။

commentinfo By: မြေနံ့ at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment