Professional Authors

မျက်ကန်း သစ္စာ (သို့) အမှန်တရား


တချို့အမှန်တရားတွေက
အမှန်တရားနဲ့ မနီးစပ်ဘူး၊

မိုးလင်းလို့ တံခါးဖွင့်လိုက်တိုင်း မြင်နေကျ မြင်ကွင်းက ၀ါး တယ်၊
တမင် မှုန်ပျပျ ရေးခြစ်ထားတာလား
မင်းပုံရိပ်ဟာ မှန်ဘီလူးထဲမှာတောင် မသဲကွဲဘူး၊

ဘယ်မှာလဲ သစ္စာတရား
ဘောလုံးတစ်လုံးမဟုတ်တော့
မင်းက မြေနိမ့်ရာ မလှိမ့်တတ်လေသလား၊

အချစ်ဟာ ကန်းတယ်
သစ္စာဟာ မလင်းဘူး
အလိုရမ္မက်ဟာ မိုက်တယ်၊

အချစ်
သစ္စာ
ရမ္မက်အကြောင်း ပြောနေသူအားလုံးဟာလည်း ကန်းတယ်
မလင်းဘူး
မိုက်တယ်။ ။

ဧဏီမင်း
13.01.2012

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

အချစ်ဟာ ကန်းတယ်
သစ္စာဟာ မလင်းဘူး
အလိုရမ္မက်ဟာ မိုက်တယ်၊

အချစ်
သစ္စာ
ရမ္မက်အကြောင်း ပြောနေသူအားလုံးဟာလည်း ကန်းတယ်
မလင်းဘူး
မိုက်တယ်။ ။

commentinfo By: kantkawmg at Feb 18, 2012
Comment #2

အချစ်
သစ္စာ
ရမ္မက်အကြောင်း ပြောနေသူအားလုံးဟာလည်း ကန်းတယ်
မလင်းဘူး
မိုက်တယ်။ ။

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment