ပြောင်းလဲမှုကြားမှာ(genius)
မြင်လက်စ ပန်းရောင်ပါးလေး
တဖြည်းဖြည်း ရက်စက်ခြင်းတွေ
သမ်းသွားအောင်
သူ…ပြောင်းလဲမှု လုပ်လိုက်တယ်။
အတွေးတစ်ချို့ နိဂုံးချုပ်
သောင်ထွန်းမယ့် အိပ်မက်တွေ
ပြိုကျသွားအောင်
သူ…ပြောင်းလဲမှု လုပ်လိုက်တယ်။
ချိုမြိန်ဆဲ အနမ်းလေး
ပျားရည် ခမ်းခြောက်
တမ်းတမှု မရှိအောင်
သူ…ပြောင်းလဲမှု လုပ်လိုက်တယ်။
(ဟုတ်တယ်)
သူ…ပြောင်းလဲမှု လုပ်လိုက်တယ်။
သံယောဇဉ်ကို ရူးစေခဲ့တဲ့သူ
မျက်ရည်တွေ လျှံစေခဲ့တဲ့သူ
ရင်ထဲကွဲအောင် နမ်းခဲ့တဲ့သူ
အိပ်မက်တွေ ရောင်းစားခဲ့တဲ့သူ
ရက်…..စက်…..တယ် ချစ်သူ
နောက်….
ငါ ငိုနေတယ် ချစ်သူ။
Comment #2
ngo par ne
ngo ne naw,
:'(
:'(
By: ei lay at Dec 31, 2012
Comment #3
မငိုပါနှင့်ရှင်
By: မေပျို at Dec 31, 2012
Comment #4
ကတယ်ငိုနေတာလားဗျ
မငိုပါနဲ့ ပြိတ္တာတို့မျက်ရည်မြေမကျကောင်းဘူးတဲ့ 🙂 just kidding
ကို genius မျက်ရည်ကျနေတာလားဗျ
မျက်ရည်ကျနေရင်အဲ့ဒီမျက်ရည်တွေကိုမြန်မြန်သုတ်ပစ်လိုက်ပါဗျာ
နှစ်သစ်ကို ဝမ်းနည်းစရာတွေယူမသွားပါနဲ့ဗျ
နှစ်သစ်မှာ ကဗျာညီအစ်ကိုမောင်နှအားလုံးစိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ ~ ~
With respect,
RAY
By: X - ray at Jan 1, 2013
Comment #5
nice comment,
By: ei lay at Jan 1, 2013
Comment #6
ဘူလည်းကွ ..နာ့ ဂျစ် မောင်လေးကို ငိုအောင်လုပ်တာ ..ကတောက် !!!!!
.. တူ စိတ်ချမ်းတာမှ ကဘာ ကြီးးအေးချမ်းမယ်ဆိုတာ ..မသိလေရော့သလား…
..
ကဗျာလေးလည်းဖတ်တ.ယ်..ဆုလည်းတောင်းပေးသွားတယ်
HAPPY NEW YEAR ခင်ဗျ….
မမိုး 😀
By: အသဲကွဲ မိုး at Jan 1, 2013
Comment #7
Ei lay htin de
Hote de,,,
Ei lay htin de.
😛
ko poem ye chit Thu be phyit ya me loh,,
By: ei lay at Jan 1, 2013
Comment #10
Nope,,may pyo.
I don’t think so.
😛
Good-minded & Good luck persons always used to see everything clearly.
So must b proud.
By: ei lay at Jan 2, 2013
Comment #11
ခံစားအားပေးကြတဲ့သူငယ်ချင်း..များအားလုံးကျေးဇူးပါ.
By: poem.poem28 at Jan 2, 2013
Comment #12
ဖတ်လက်စ ကဗျာလေး
ဆက်ဖတ်ဖြစ်သွားအောင်
သူဆွဲဆောင်တယ်..
ပြီးတော့သူ ပြောင်းလဲမှုလုပ်လိုက်တယ်
နောက်ဆုံးကျတော့ အငိုနဲ့ ပိတ်ပစ်လိုက်ရော…
(ခံစားပြီး မဆီမဆိုင် ၀င်မောသွားတယ်ဗျာ.)
🙁
By: နိုးဆက် နေ့ at Jan 2, 2013
Comment #13
သံယောဇဉ်ကို ရူးစေခဲ့တဲ့သူ
မျက်ရည်တွေ လျှံစေခဲ့တဲ့သူ
ရင်ထဲကွဲအောင် နမ်းခဲ့တဲ့သူ
အိပ်မက်တွေ ရောင်းစားခဲ့တဲ့သူ
ရက်…..စက်…..တယ် ချစ်သူ
နောက်….
ငါ ငိုနေတယ် ချစ်သူ။
…….
…………………..
အားပေးသွားတယ်ဟာ….။ ။
By: ကေသရီ at Jan 9, 2013
Comment #14
:'(
:'(
By: ei lay at Jan 18, 2013




Comment #1
မငိုပါနဲ့…နာလည်းနိုချင်လို့…အားပေးလျှက်..