Professional Authors

ခေတ်နောက်ပြန်ဆွဲတဲ့ အလျော်အစား

မြိနေအောင် သွေးထားတယ်ဆိုတာ
ခင်ဗျားကိုပဲ မရည်ရွယ်ဘူး
ဆောင့်ကန်လိုက်ရုံနဲ့ အတုန်းအရုန်းလဲပြိုသွားနိုင်တဲ့
ထိကပါး ရိကပါး ခနော်ခနဲ့ အယူအဆတွေ
အဖန်ဇယားလို ငွေနောက်တကောက်ကောက်လိုက်နေတဲ့
ညှီစော်နံ တရားဝင်ခြစားမှုတွေ
လမ်းကြောင်းအသီးသီးနဲ့ ရေများရေနိုင်တွေဆို
နတ်နေကိုင်း ချန်နေစရာမလို
ကျူပင်ခုတ် ကျူငုတ်ချန်နေစရာမလို
ဟမ္မူရာဘီ ကိုဓဥပဒေလို
မျက်လုံးတစ်လုံးအစားဆို မျက်လုံးတစ်လုံးလျော်။

In: ကဗျာ Posted By: Date: Feb 25, 2011
Comment #1

ပေါက်ကွဲမှုတွေ ပြင်းထန်နေပါလား……….:)

commentinfo By: နှောင်းလူ at Feb 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment