Professional Authors

အလျော်အစား

ရပ်ကြည့်ရတာခေါက်ရိုးကျိုးနေတဲ့ငါ
ခြေလှမ်းမှန်မှန်
မလှမ်းတတ်တော့ဘူး…………..……
အိပ်မက်တွေရွာတဲ့ညမှာ
နှလုံးသားရပ်ဝန်းတ၀ိုက်
နတ်သမီးအပြုံးပန်းတွေ
ဝေေ၀ဆာဆာပွင့်တယ်…………..…………..
အတိတ်ကသကိပြင်းချခဲ့သလို
လက်ရှိလည်းပင့်သက်ရှိုက်ရဆဲ…..
နားလည်မှုတံတားထိုးချင်လို့
အပန်းမကြီးဘူးဆိုရင်
အချိန်နဲနဲဖဲ့ယူလိုက်ချင်တယ်……………………..
(ဘာပဲဖြစ်ဖြစ်)
ဒီနေ့…..
မှားသွားတဲ့ခြေတစ်လှမ်းအတွက်
ဒီည…..
အိပ်ရေးပျက်ရဦးမယ်………………………

In: ကဗျာ Posted By: Date: Apr 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment