Professional Authors

ရေပွက်ပမာ

အမေရိကန်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တယောက်ဟာ ကိုင်ရိုမြို့က နာမည်ကြီး ပညာရှိရာဘီဆီကို အလည်အပတ် ရောက်လာတယ်။ သူက ရာဘီရဲ့ စာကြည့်ခန်းကို မြင်ပြီး အင်မတန် အနေအထိုင် တင်းတိမ်ရိုးစင်းလွန်းတဲ့ ရာဘီကို အံ့သြနေတယ်။ အခန်းထဲမှာ စားပွဲတလုံးနဲ့ ကုလားထိုင်တလုံးပဲ ရှိတယ်။ ကမ္ဘာလှည့်ခရီးသည်က မေးလိုက်တယ်။

ရာဘီ ခင်ဗျားရဲ့ ပရိဘောဂတွေက ဒါပဲလား

ဘာဖြစ်လို့လဲ၊ ခင်ဗျားရဲ့ ပရိဘောဂတွေရော

ရာဘီ ပြန်မေးလိုက်တာကို ခရီးသည်က နားမလည်နိုင်ဖြစ်သွားတယ်။

ကျုပ်ဟာ ဟုတ်လား …. ကျုပ်က အခုပဲ သွားတော့မယ့်ဟာ

အင်း… ကျုပ်လဲ ဒီလိုပဲပေါ့ တဲ့။ ရာဘီက အေးအေးလူလူ ပြောလိုက်ပါတယ်။

In: ဆောင်းပါး,သစ္စာနီ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment