Professional Authors

နင်…သနားမဲ့ နေ့ 

အချစ်ကြီးလို့ 
အမျက်ကြီးတာ မဟုတ်ရပါဘူး
ချစ်ရသူပေးတဲ့  ဒဏ်ချက်
နက်သထက် နက်လာလို့ 
သက်သာရာရဖို့ 
ကုစားချင်လို့ 
ခဏတာ အဝေး
ပုန်းရှောင်ပြေးမိတာပါ…

စတေးခဲ့ ရတဲ့ အချစ်အတွက်
ရလာတဲ့  မညှာတာမှု တွေကို
ဥပေက္ခာပြုကာ
လျစ်လျူရှု နိုင်တဲ့ အခါ
အရင်လို နင့် အနား
ပြန်လည်ကာ ခစားမှာပါ
နင်သနားကာ ချစ်လာမဲ့ 
မရေရာသော နေ့ တစ်နေ့ အထိပေါ့ …။

In: ကဗျာ Posted By: Date: Oct 25, 2010
Comment #1

ဖြစ်ပုံချင်းတူနေပါတယ်
သူမသိပေမယ့်
အဲဒီတနေ့နေ့ဆိုတာကို မျှော်လင့်ရင်း
ရင်ခုန်စောင့်စားရတာ ရူးတော့မယ်

commentinfo By: ဒဿ at Oct 25, 2010
Comment #2

100% right.
hint,,,,,hint….

commentinfo By: ei lay at Aug 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment