Professional Authors

တစ်ခါတစ်လေမှာ

ငါဟာလူသား
မဖြစ်နိုင်ဘူးဆိုတာမရှိဘူး
အဲဒီအယူအဆနဲ့ငါကြိုးစားခဲ့တယ်…။

အောင်မြင်မှုရဲ့အသီးအပွင့်လေးတွေကို
ငါကြိုတင်မျှော်မှန်းရင်းနဲ့
တပြုံးပြုံးကြည်နူးခဲ့ရတယ်…။

ငါလိုချင်တာဟိုကောင်းကင်ကကြယ်
မရနိုင်ဘူးဆိုတာမဖြစ်စေရဘူး…။

မိုးထိအောင်လှေကားထောင်လို့
ငါရအောင်တက်တယ်
ငါ့လုံ့လရဲ့အသီးအပွင့်
ငါခံစားရစေရမယ်…။

လက်တစ်ကမ်းပဲလိုတော့လို့
ဆန့်တန်းမယ်ကြံကာရှိသေးတယ်
ကြွေကျသွားတယ်
ငါတော်တော်နောက်ကျခဲ့တာပဲ….။

တစ်ခါတစ်လေမှာ
ကျွန်တော်တို့နောက်ကျခဲ့ကြပါတယ်…။

In: ကဗျာ Posted By: Date: Feb 19, 2011
Comment #1

🙁

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment