Professional Authors

ပဋိပက္ခ(၅+၃)

အဲသလို
ခင်ဗျား တရားပြတော့
ကျွန်တော် တရားရတာပေါ့
ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
အဆောင်(၂)၊အခန်း(၁၅)
လွင့်လွင့်သွားတဲ့ စိတ်ဝိဥာဉ်
စကြ၀ဠာ အမျော ဟင်းလင်းပြင်မှာ
တောင်ပံချိုးထားခံရတဲ့ ကောင်းကင်တမာန်ဆိုတာ
စတီဖင်ဟော့ကင်း ဖြစ်ချင်ဖြစ်မယ်
စိုင်းဝင်းမြင့် ဖြစ်ချင်ဖြစ်မယ်
နွားကျောင်းသားကဗျာ(၁၀)ပုဒ် ဖြစ်ချင်ဖြစ်မယ်
ရွာအ၀င်လမ်းအလယ် ဒါဝင်နဲ့တွေ့တော့
(မျောက်ရှုံးအောင်ဆော့နေတဲ့ ကလေးတွေကို ညွှန်ပြပြီး)
“ကျွန်တော်ပြောတာသာ လက်ခံလိုက်စမ်းပါ တာကော ”တဲ့
သဲ့ယူခဲ့တယ် သယ်ယူခဲ့ပါတယ်
ဘာပဲဖြစ်ဖြစ်
မာယာကော့စကီးကတော့
မာယာများတဲ့လူကြီး မဟုတ်တာသေချာတယ်
သူ့အတွက် သေရာပါဒဏ်ရာဆိုတာ ကဗျာဈာန်ပဲ
ဖြစ်တည်မှု အထိတ်တလန့် အပြိုအလဲ
သစ္စာတရားမြို့ဟာ အ၀ါရောင်ကျွန်းမှာ
ဒူပေဒါပေ ခံနိုင်ရည်နဲ့
စသဖြင့်။

In: ကဗျာ Posted By: Date: Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment