Professional Authors

ပဋိပက္ခ(၁)

အေးအေးဆေးဆေးပြောကြရအောင်ဗျာ
ဆိုကာမှ
ပြဿနာ စတက်တယ်
နဂါးဦးခေါင်း ဘယ်ဘက်လှည့်လှည့် ဘာအရေးလဲ
သွားစရာရှိတဲ့အရပ် သွားရမှာပဲ မဟုတ်လား
အဲသလိုပြောတော့
ခင်ဗျားအမြင်မှာ
ကျွန်တော့်ရဲ့အသွင်အပြင်က စနေသားပိုပီသ လာ
ကဲ မမိုက်ဘူးလား
ထားခဲ့လိုက်လေ
ဒီယုန်မြင်နေတာတောင် ဒီခြုံမထွင်ချင်ဘူးဆိုရင်
‘ဂွင်’တွေအကြောင်း ထပ်မပြောရုံပေါ့
စကားမစပ်
ကြင်နာတတ်တယ်ဆို ဟုတ်သလား
အင်အားကြီးတဲ့တစ်ယောက်က အင်အားနည်းတဲ့တစ်ယောက်ကို သေနတ်နဲ့ချိန်ထားသတဲ့
သဘာဝတရားရဲ့ ပုံပြင်ထဲ
ဘယ်တစ်ယောက်နေရာမှာနေချင်လဲ
ပြော  ပြောလေ။

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

ဘယ်တယောက်နေ၇ာမှာနေချင်လဲ…………ဆိုတော့ကာ

အားပေးသွားတယ်

ကောင်း၏

commentinfo By: dan at Jan 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment