Professional Authors

လက်တကမ်း

ရင်ထဲ ကတော့ချစ်တယ်တဲ့
အပြင်က တော့ ဖုန်းကွယ်
မသိချင်ယောင်ဆောင်တဲ့….သူ
တကယ်ဆို
ချစ်တာနဲ့
အရာရာကို ပစ်ခွာပြီး ငါ့နားလာလို့
ငါမဆိုပါဘူး
ခန တွေ့ရတဲ့အခိုက်
ကြည်နူးမှုကို ငါမပေးနိုင်ရင်တောင်မှ
နင့် အတွက်
အကောင်းဆုံးကမ္ဘာလေးတစ်ခုကိုတော့
ငါမဖြစ်ဖြစ်အောင်
်တည်ဆောက်ပေးသွားမှာပါ
ကံမကောင်းခြင်းတွေ ကို
ပူဆွေးတမ်းတ
မနေပါနဲ့
နေ့ သစ်တွေကတော့
မတမ်းတ ရင်တောင်မှ
ရောက်လာအုံးမှာ
ငါ့လက်ကိုတွဲပါ
ငါ့ပုခုံးကို မှီပါ
တို့ နှစ်ယောက်ရဲ့
ရှေ့မှာ အပြာရောင်သန်းတဲ့
မိုးကောင်းကင်
မျှော်လင့်ခြင်းရောင်ခြည်တွေနဲ့
ပြည့်တဲ့ဘ၀ကြီးကို
အတူတူ ဖြတ်သန်းကြပါစို့……။

In: ကဗျာ Posted By: Date: Feb 18, 2011
Comment #1

ငါ့လက်ကိုတွဲပါ
ငါ့ပုခုံးကို မှီပါ
တို့ နှစ်ယောက်ရဲ့
ရှေ့မှာ အပြာရောင်သန်းတဲ့
မိုးကောင်းကင်
မျှော်လင့်ခြင်းရောင်ခြည်တွေနဲ့
ပြည့်တဲ့ဘ၀ကြီးကို
အတူတူ ဖြတ်သန်းကြပါစို့……။

commentinfo By: အသဲကွဲမိုး at Feb 23, 2011
Comment #2

wow,,,,
sweet dream.
mike de,
kyike de.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment