Professional Authors
ကာရန်မဲ့ ဘဝ
တိတ်ဆိတ်တဲ့ ညမှ
ကာရန်မဲ့ ကဗျာတစ်ပုဒ်ရဲ့
တိတ်တိတ်ကလေးညည်းသွား ရှိုက်သံ … ။
အို … ကောင်းကင်
အလင်းရောင်တောင် မကျန်တော့ပါလား
တစ်ဦးတစ်ယောက်ထံ မေ့ကျန်ခဲ့သလား
သင်ဝင်လာတုန်းက
အပြုံးတစ်ပွင့် နဲ့ ပါ
အချိန်ကြာလို့ 
ပြောင်းလဲတတ်သလား … ။
ရယူခြင်းတွေ
ပေးဆပ်ခြင်းတွေ
ထားခဲ့တယ်လေ
အဘယ်နိယာမကြောင့် 
တင်းမာခဲ့သလဲ … ။
ငါ့လက်ကိုတွဲ
သင်ပဲဦးဆောင်
စိတ်ကူးယဉ်ကမ္ဘာဆီ ခေါ်သွားခဲ့ပြီးမှ
သင့်လက်ဘာကြောင့် 
မမြဲခဲ့သလဲ … ။
နှစ်ဖက်ရှိခဲ့တာ
မသိခဲ့ခြင်းဟာ
ငါ့ဘ၀အတွက် အမှားတစ်ခုပါ
မာယာကမ္ဘာမှ ကချေသည်မလေးရေ … ။
အရင်လိုပဲ ရှင်သန်ပါရစေ
ကောင်းကင်ပြာကို ရှုရှိုက်
နားကျည်းမှုတွေကို ထွေးပိုက်လို့ 
ကျန်ရှိဘ၀ကို
ကာရန်မပါဘဲ ရှုရှိုက်ပါရစေ … ။
In: ကဗျာ Posted By: Date: Jul 29, 2013
Comment #1
ဒီကဗျာ ခုမှဖတ်မိတယ်
commentinfo By: မေပျို at Nov 13, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment