Professional Authors

ရွာ သူကြီး ရွေးပွဲ (ဇာတ်သိမ်းပိုင်း)

(ပထမ ပိုင်း) မှ အဆက်

သင်္ကြန်မိုး ရဲ့ ဒိုင်ယာလော့

ဇော်အောင် အကြိုက်ဆုံး ရုပ်ရှင်ဖြစ်သည့် သင်္ကြန်မိုး ရုပ်ရှင်ကြီးကို ပြန်ကြည့်မိသည်။

အကြိုက်ဆုံးအခန်း သည် (စန္ဒရားကိုငြိမ်းမောင်) နေအောင် မှ သူ့ သားဖြစ်သူ (ပိုက်ထွေး)
ဇင်ဝိုင်းကို သင်္ကြန်တွင် မလည် ရ ၊ စန္ဒရား မတီးရဟူသော အမိန်
့ထုတ်လိုက်သဖြင့် ဇင်ဝိုင်းမှ စိတ်ညစ်ညစ်ဖြင့် အရက်သောက်ခန်းဖြစ်သည် ။
ထိုအချိန်တွင် နေအောင်ရောက်လာပြီး ပြသနာဖြစ်ကြရာမှ .
ဇင်ဝိုင်းကပြန်ပြောလိုက်သည်တွင် .

အရက်သမား သား . အရက်သမားဖြစ်တာ မဆန်းပါဘူးဖေဖေ။

အနုပညာ သမားရဲ့ သား . အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ ။

ထို ဒိုင်ယာလော့ သည် ဇော်အောင့် ရင်ထဲတွင် စွဲကျန်ရစ်စေသည်။

ဂယောက်ဂယက် ဆောင်း အိပ်မက်

လွန်ခဲ့သော ဆောင်းတစ်ည ၀ယ် . ဇော်အောင် သည် ထူးဆန်းပြီး အမြီးအမှောင့် မတည့်သော အိပ်မက် များကို တစ်ခုပြီး တစ်ခု မက်လေသည်။

ယုတ္တိမတန် ၊ မဖြစ်နိုင်သည်များလည်း ပါသလို ၊ ဖြစ်ချင်သည်များကို လည်း မက်သည်။ ဤသည် က အိပ်မက် ၏ သဘောပင်တည်း ။

ညဦးပိုင်းတွင် မက်သော အိပ်မက်ထဲတွင် . ဇော်အောင်နှင့် အင်ဂျလီနာ ဂျိုလီတို့  သေနတ်များ
တဒိုင်းဒိုင်းနှင့် ပစ်နေကြသည် ။ ထို့ နောက် . Air Force One
လေယဉ်ကြီးပေါ်သို့ ရောက်သွားကာ လူဆိုးတွေနှင့် ထိုးကြိတ်သတ်ပုတ်ကြသည်။
နောက်ဆုံးတွင် . ကိုးရီးယားမင်းသမီးလေး အွန်စောကို ကုန်းပိုး ပိုးလျက်
လယ်ကန်သင်းရိုးတလျှောက် လမ်းလျှောက်ကြရာတွင် . ကျွဲနက်ကြီးက လိုက်ဝှေ
့သဖြင့် ကောင်မလေးကို ပစ်ချကာ ကိုယ်လွတ်ရုန်းပြေးလေတော့သည်။

ရုတ်တရက်လန့် နိုးလာသော သူ သည် ရေအေးအေးတစ်ခွက်ကိုသောက်လိုက်သည်။ ရွဲဆိုနေသော
ချွေးများကို သုတ်လိုက်ပြီး . နောက်တဖန်ပြန်အိပ်နိုင်ရန်ကြိုးစားလေသည်။

ဒုတိယံမိ အိပ်မက် ထပ်မက်ပြန်သည်။ သို့ သော် ပထမ အခေါက်ထက် ပို၍ ထူးဆန်းသည်။

ရွာ သူကြီး ရွေးပွဲ

မည်သည့် ဌာနေ မှန်းမသိနိုင်သော တောင်ခြေရှိ ရွာကလေးတစ်ရွာသို့ ရောက်သွားသည်။

ထိုရွာတွင် ရွာ သူကြီး ရွေးပွဲ ကျင်းပနေသည် ဟု ဆိုသည်။

ရွာသူကြီး ရွေးပွဲ တွင် ရွာရှိ လူအကုန် လုံးမှ ၀င်ရောက်မဲ ပေး ကြရသော ထူးဆန်းသည့်အလေ့ဖြစ်သည်။

့ရုပ်ကြမ်းကြီးနဲ့ . နွဲ့ ပြမယ်

ထို စဉ် မာစီးဒီး ကားအနက်ကြီး တစ်စင်း ရွာလယ်သို့ ဒရကျြမ်း မောင်းဝင်လာသည်သည်။
ဖုန်များ ထောင်းခနဲ ထသွားပြီနောက် ကားပေါ်မှ . လူထွားကြီးတစ်ဦး
ဆင်းလာသည်။ သူ့ ပုံစံသည် နောက်လိုက် အခြွေ အရံ များနှင့်
ရှင်ဘုရင်ကြီးတစ်ဦး တိုင်းခန်းလှည့်လည် သည့် အသွင် ။

ရွာရှိလူများက လည်း အံ့သြမင်သက်စွာ ကြည့်နေကြသည်။ ထိုသူ့ ကို မြင်ဖူးသလိုလို ကြည့်နေရာမှ ရွာသူမိန်းမပျိုလေးက .

ဟယ်…အာနိုးကြီးပါလား . ဆံပင်တွေတောင်ရှည်ပြီး မှတ်တောင်မမှတ်မိတော့ဘူး။

ဟုတ်ပါသည်။ ရုပ်ရှင်ထဲတွင် အက်ရှင်မင်းသားကြီးသည် ယခုတော့ ဆံပင်တွေကရှည်
မုတ်ဆိတ်မွှေးတွေက မရိတ်ထားသဖြင့် တကယ့် တိရစ္ဆာန် ခြင်္သေ့ကြီးတစ်ကောင်အလား ။

ထို သူက ရွာခံပရိသတ်ကြီးကို မင်္ဂလာပါ ဟု ဂါရ၀ပြုပြီး သူ့ ဘာသာမိတ်ဆက်လေသည်။

၎င်းနောက် သူ ၏ ဖုထစ်မို့ မောက်လှသော ရင်အုပ်ကြီးကို ကားစွင့်လျက် ဟန်ပါပါ ခါးထောက်လိုက်ပြီး ။

ကျွန်တော်ကတော့ Hollywood က အာနိုး ပါ။ အခု မြန်မာပြည်ကို လာပြီး (Golden Lion company) ရွှေခြင်္သေ့ ကုမ္ပဏီ ဖွင့်ထားပါတယ်.

အခုတော့ ကျွန်တော့် ရဲ့ ဇာတိရွာကလေးကိုပြန်လာပြီး ရွာသူကြီး ရွေးပွဲ မှာ ၀င်ရောက်အရွေးခံတာပါ။

ကျွန်တော်သာ ရွာသူကြီး ဖြစ်ရင် ဟောဒီ ရွာကလေးကို စည်ကားအောင်လုပ်ပေးပါ့မယ်။

လမ်းဖောက်ပေးမယ်ဗျာ ။ တံတားဆောက်ပေးမယ် ဗျာ။ အ၀ိစီ တွင်းလေးတွေတူးပေးမယ်ဗျာ.

ကဲ.လို ချင်တာပြော .ဖြစ်ချင်တာပြော . လုပ်ပေးအုံးမှာ . မရ.မရှိ..မဖြစ်မရှိ စေရ။

ကိုယ့် ဇာတိဆိုတော့ လေ..အရမ်းကို လုပ်ပေးချင်တာတာပါ.

တကယ်ပါ. ကျွန်တော့်ကို သာ မဲ လေးတွေ ထည့်ပေးကြပါနော် ဟု မစားရ ၀ခမန်း . မဲ ရလို ဇောဖြင့် . အမဘန္တေခံသွားလေသည်။

ရွာသူ ရွာသားများကလည်း ဟာ ခနဲ ဟင်ခနဲ အာမေဋိတ်သံများ ကျယ်ကျယ်လောင်လောင်ထွက်လာသည်။

အမလေးတော်..ကြား.ကြားဖူးပေါင်..မွေးကတည်းက.ရွာကို စွန့် ပြီး တနယ်တကျေးမှာ ကောင်းစား နေပြီးတော့ ရွာကို မေ့ ချင်တိုင်း မေ
့ထားတဲ့လူကများ . အခုမှ သူကြီး ရာထူး လည်း ရွေး ရော အမောတကော ပြေးလာပြီး
လမ်းဖောက်ချင်ရတာနဲ့ .တံတားဆောက်ချင်ရတာနဲ့  ရပ်ရွာအကျိုး
သယ်ပိုးမယ်ပေါ့လေ။

ရွာအတွက် . အ၀ီစီတွင်း မပြောနဲ့ . သောက်ရေချမ်းစင် ဖို့.ရေအိုးလေး တစ်လုံးတောင် လှူ ဖူးရဲ့ လား ။

အခုမှ လာပြီးတော့ ဗူးသီးမှ အရီးမတော်နဲ့ တော်ရေ့ . ဘာ မဲ မှ မပေးနိုင် ဟု ကျယ်လောင်စွာ ပြစ်တင်ရှံ့ ချကြသည်။

နွားပွဲစား ပုံစံ အညာသား ကိုလူလည်

ထို့ နောက် သိပ်မကြာခင်တွင် . ထော်လာဂျီကလေး ဖွတ်ချက် ဖွတ်ချက် ဖြင့်
အရပ်ခပ်မြင့်မြင့် အသားမည်းမည်း အညာသား ရုပ်နှင့် လူတစ်ဦးထပ်ရောက်လာသည်။

သူ ကလည်း နွားပွဲစား စတိုင် ဖြင့် ပါးစပ်ကြီး ဖြီးကာ သွား ၃၂ ချောင်းစလုံးပေါ်အောင် ပြုံးရင် အားလုံးကို ခေါင်းညိတ်ပြသည်။

ဟင်… အိုဘားမား ပါလား … ရင်ဘတ်မှာတွင်လည်း အောင်သပြေခက် လည်းမဟုတ်
နှင်းဆီပန်းလည်းမဟုတ်သော စပါးနှံ ခက်လေးတွေ ထိုးထားပါလား.
ဘာအဓိပ္ပာယ်ပါလိမ့်။

ဟုတ်ပါသည်.. သူ့ နာမည် အိုဘားမား ဟုခေါ်ပါသည်. အမေရိကားတွင် ရာထူးကြီး ကြီး ဂွင် ကောင်းကောင်း ရှိထားသူဖြစ်သည်။

ကလေး ငယ်များကလည်း ဘုမသိဘမသိဖြင့် ထို အသားမဲမဲ နှင့်လူကြီးကို ပြူးပြဲကြည့်ကာ .

ဂျီးတော်ကြီး ရေ . ..မဲ ပေးတယ်ဆိုတာ..အဲဒီ အသားမည်းမည်းနဲ့ လူကို အမဲသားဟင် တွေ ပေးတာလားဟင် ဟု ထင်ရာမြင်ရာ မေးလေတော့သည်။

အညားသားရုပ်နှင့် အဆိုပါ ပုဂ္ဂိုလ်က စကားလေပြာလျှင် လက်ညှိုးလေးကို ထောင်ကာ ထောင်ကာ Change
ဆိုသည့် စကားကို ဆယ်ခွန်းထက်မနည်း ပြော လေသည်။

သူက ဆက်လက်ပြီး ကျွန်တော်ကတော့ . ဒီ ရွာမှာ မွေး တဲ့ ဒီက ရွာသား စစ်စစ်ဖြစ်ပါတယ်။ အခု
ဟောဒီ ရွာက တောင်သူလယ်သမားတွေ ကို ရည်စူးပြီးတော့ စပါးနှံလေးတွေကို အကျီ
င်္မှာထိုးထားတာပါ။

ဒီ ရွာကို ကျွန်တော်က Change လုပ်ပစ်မယ် ဗျာ ။ ပြောင်းလဲ တိုးတက်သွားအောင် ပေါ့လေ။

ကျွန်တော်သာ ရွာသူကြီးဖြစ်လို့ ကတော့ ရပ်ရွာအကျိုးအတွက် အားသွန်ခွန်စိုက်
စိတ်ရောကိုယ်ပါ နှစ်မြုပ် ပြီး ဟောဒီ ရွာကလေး ဖွံ့ ဖြိုးအောင် တဆုံး
လုပ်ပါ့မယ် . တဆုံး ကို လုပ် ပါ့မယ် ဗျာ။

ကျွန်တော့်ကို သာ မဲ ပေး ဖို့ မမေ့ ကြပါနဲ့ နော်.

သူ မဲဆွယ်စကားပြောပြီးနောက် ရွာခံလူများက စီ ခနဲ ဖြစ်သွားသည်။
လွန်စွာကောင်းသည့် ပြက်လုံးတစ်ခု ကိုကြားလိုက်ရသည့်နှယ် ဟား..ခနဲ
ဖြစ်သွားကြသည်။

ဘာ.ပြောတယ်ကွ . တဆုံးလုပ် ပါ့  မယ် .ဟုတ်လား ။ ဒီမှာဟော့ မင်းတို့ အကြောင်းသိပြီးသား

.မင်းတို့က.တဆုံးညာ မယ့် ကောင်တွေ ပဲ..တဆုံးညာ.တွေ . တဆုံးညာ တွေ ကွ

ထိုစဉ် ဗိုက်ရွဲရွဲ နှင့် ၀၀ ဖိုင့်ဖိုင့် လူကြီး တစ်ဦးကလည်း စင်ပေါ်မှ သူ့ ကိုကြည့်ပြီး

ဒီကောင်ကတော့ . လေ ပါပဲ ။ သူ့ အဖေ လက်ထက်တုန်းကလည်း ဒီလိုပဲ မဖြစ်နိုင်တာတွေ
ကိုလျှောက်ပြောပြီး ငါ တို့ ရွာကို မွဲပြာကျအောင်
အုပ်ချုပ်သွားတယ်…ဘာတဲ့ ပြောလိုက်တာ
မှတ်မိပါသေးတယ်..လူတစ်ကိုယ်.တိုက်တစ်လုံး . ကားတစ်စီး . ငွေ ဆယ်သိန်း တဲ
့…

အခု.. ဒီကောင်ရော.ဘာတွေ ကတိပေးအုံးမှာလဲ ။ ဟော့ကောင် ရေ. ပြောအုံးလေကွာ.မင်း အဖေ လို မျိုး .

ငါ့ အတွက်ကတော့ လူတစ်ကိုယ်.တိုက်တစ်လုံး . ကားတစ်စီး . ငွေ ဆယ်သိန်း . မယားငယ် လေး တစ်ယောက် တော့ အဆစ်ထည့်ပေးနော်.။

ရွာခံ လူဝ ကြီး၏ ပွဲကျလှသော ထောက်ကွက် ကြောင့် ရွာသားများက တ၀ါးဝါး
တဟားဟားနှင့် ပတ်တုပ်၍မရအောင်ပင် ရှိတော့သည်. စပါးနှံ နှစ်ခက်နှင့်
သူလည်း ခေါင်းငိုက်စိုက်ကျကာ ထွက်ခွာသွားတော့သည်။

လာပါပြီ ခင်ဗျာ့  ကျွန်တော် ကျွန်တော်

နောက်ဆုံး ၀င်ရောက်လာသသည် နွားလှည်းကြီးကို တအိအိစီးကာ တည်ငြိမ်စွာဝင်ရောက်လာသည်

ထိုသူသည် ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး ဇော်အောင် ဖြစ်ကြောင်း အထူးပြောရန်မလိုတော့ပေ။

ဇော်အောင်သည် သီးလေးသီး အငြိမ့် ထဲမှ . မစ္စတာ ဂန်ဖလား ၏ စတိုင် ဖြင့်
ရွာခံပရိတ်သတ်ကြီးကို လက်နှစ်ဘက် စလုံးမြှောက်ကာ ဝှေ့ ယမ်း
နှူတ်ဆက်လိုက်သည်။

နေ့ လည်ပိုင်းဖြစ်သဖြင့် နေသည် ကျဲကျဲတောက်ပူသဖြင့် ခမောက် တစ်လုံးကို ဆောင်းထားလေသည်။

ပင်နီ တိုက်ပုံကို အချိုးကျစွာဝတ်ရင်း ချည်ကြမ်းလုံကြမ်ဖြင့်
အာပေါင်အာရင်းသန်သန် ပြောနေပုံသည် အိပ်မက်မဟုတ်ပဲ တကယ့်လက်တွေ့ ဆိုလျှင်
အတော့်ကိုအကျိုးရှိလှပေမည်။

သူ၏ အသွင်အပြင်သည် ရွာသားများနှင့် မခြား ၊ တသားတည်း ဖြစ်နေလေတော့သည်။

ရွာသားနှစ်ဦးက စင်ပေါ်ကို ကြည့်ရင်. အချင်းချင်းလက်တို့ ပြောနေကြသည်။

သူ့  ကို ရော ငါ တို့ က .ယုံလို့ ဖြစ်ပါ့မလား။ ဟို လွန်ခဲ့တဲ့ အနှစ် ၂၀
လောက်တုန်းကလည်း သူ တို့ အဖွဲ့ ထဲက လူကို ပဲ မဲပေးကြတာပဲ ။ ဒါပေမယ့် . သူ
တို့ လည်း ရွာသူကြီး မဖြစ် ။ ငါ တို့ ဘ၀ တွေလည်း ဒုံရင်းက ဒုံရင်းပဲ ။

အခု တခါ ထပ်လာကြပြန်ပြီ ။ ဒီ ခမောက်လေးတေဆောင်းပြီးတော့ ။ ဒီတခါရော သေချာပါ့မလား။

ဘေးတွင် ထိုင်နေသော ရွာသား ကလည်း . မင်းကလည်း ကွာ. ဒီပွဲမှာ သူတို့ ကို မှ
မရွေးရင်လဲ.ကျန်တဲ့ နှစ်ယောက် က ကိုသာဆိုးကြီး တွေလေ ။ ဒီတော့ ဟုတ်သော်ရှိ
မဟုတ်သော်ရှိ သူ တို့ ပဲပေါ့ကွာ။

အားလုံးက ထို အဆိုကို ထောက်ခံကြသည်။ ရွာသားများကလည်း တညီတညွတ်တည်း သဘောတူကြလေသည်။

မဲပေးပွဲ စတင်ပါပြီ

သတ်မှတ်ထားသော . လျှို့ ဝှက် မဲ ပုံးထဲသို့ ထည့်ရန် ရွာခံလူများက တန်းစီကြရသည်။

ခမောက်နှင့် လူ၏ ဘက် အခြမ်းတွင် သိသိသာသာ ပင် လူတွေ ပို လျှံနေသည်။

အညာသားရုပ်နှင့် လူကြီးကတော့ ကြက်ကြီးလည်လိမ်ထားသလို ပင် ။သူ၏ ရင်ဘတ်မှ စပါးနှံများက
အောက်သို့ ငိုက် ကျနေသည့် အလား ဦးခေါင်းကြီးကို အောက်သို့ ငိုက်လျက်
တွေတွေ ကြီးဖြစ်လျက်။

သို့ သော် ခြသေံင့်္ကြီးတစ်ကောင်နှယ် ဆောင့်ကြောင့် ထိုင်ကာ ကြည့်နေသော ဆံပင် စုပ်ဖွားနှင့်လူထွားကြီး ကတော့
အပြုံမပျက် ။ သူ့ လက်ထဲတွင် ၀ှက် ဖဲ တစ်ချပ် ရှိပုံရသည်။ သူဘာတွေ များ
အကြံထုတ်နေပါလိမ့် ။

ရွာရှိလူများ မဲ ပေးပြီးသောအခါ ရွာ၏ ရပ်မိ ရပ်ဖ လူကြီးများ ထွက်လာကြသည်။

ကဲကဲ.ပေးထားတဲ့..မဲစာရင်းကို ကြည့် မယ်။ ဘယ်သူ က..ရွာသူကြီး ဖြစ်မလဲ
ဆိုတာ.ကြေငြာမယ်ဟော့..ဟုဆိုကာမဲပုံးများကို ကာရံထားသော ကတီပါ လိုက်ကာ
ကြီးများကို ဆွဲ မလိုက်ကြသည်။

ရွာသားများ အားလုံးသည် စိတ်လှုပ်ရှားစွာ မဲ ပုံများ ဆီသို့ ကြည့်လိုက်သည်။

ထို့ နောက် အံ့သြ မင်သက်ခြင်း ၊ မယုံကြည်နိုင်ခြင်းစသည့် မျက်လုံးများ ဖြင့် မဲရလဒ် များကို ကြည့်လိုက်မိသည်။

အားလုံးသော ရွာသူရွာသား များသည်း ဟာ…ဟင်…အိုး..ဘယ်လို ဖြစ်ပါလိမ့်. ဟူသော အာမေဋိတ်သံများ အသီးသီးပေါ်ထွက်လာသည်။

ဟုတ်ပါသည်….ခမောက်ဆောင်းထားသည့် လူ၏ မဲပုံလေးထဲတွင် စက္ကူမဲလိပ်ကလေး နှစ်ခု သုံးခု သာ ရှိပြီး ရွှေခြင်္သေ့
ကုမ္ပဏီပိုင်ရှင် ကြီး၏ မဲပုံးထဲတွင်..မဲ စက္ကူများက အပြည့်အလျှံ ။ ကျန်သည့်
ပုံးအလွတ်ထဲတွင်တော့ လေတိုက်၍ လွင့်လာသော စပါးခွံ လေး နှစ်ခွံ သာ ရှိပြီး
ဆန္ဒမဲကတော့ ဗလာနတ္တိ။

ဇော်အောင်သည် မည်သို့ မည်ပုံဖြစ်သွားသည်ကို နားမလည်နိုင်အောင်ရှိလှသည်။

အားလုံးနီးပါးသော ရွာခံလူများက သူ၏ မဲပုံးဆီသို့ သာ ဦးတည်သွားကြသော်လည်း
နောက်ဆုံးပေါ်ထွက်လာသော ရလဒ် သည်ကား လူထွား လူညစ် ကြီး ကသာ သိမ်းကြုံး
ယူသွားလေတော့သည်။

မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်ခဲ့သော ဤ ပွဲကို အတော့်ကို စိတ်ကုန်လျက်ရှိသည်။

ယိုင်နဲ့ သော ခြေလှမ်း တို့ ဖြင့် မည်သူ့ ကိုမျှ စကားပြန်မပြောနိုင်တော့ပဲ
မဲရုံမှ ထွက်ခွာမည်အပြု မဲပုံးများထားရာစားပွဲနှင့် မလှမ်းမကမ်းတွင်
ဥရောပသားတစ်ယောက် ကောက်ရိုးပုံကို မှီ လျက် ဆေးလိပ်သောက်နေသည် ကိုဖျတ်ခနဲ
တွေ့ လိုက်ရသည်။

အသေအချာကြည့်သော်အခါ. ရွှေခြင်္သေ့မင်း ကုမ္ပဏီ တံဆိပ် အကျီ င်္ဝတ်ထားသော ကမ္ဘာကျော်မျက်လှည့် ပညာရှင်ဒေးဗစ်ကော်ပါဖီး ပင်
ဖြစ်လေတော့သည်။ မည်သည့်အတွက် ကြောင့် ရောက်ရှိနေမှန်း ကို ချက်ဆိုလျင်
နားခွက်က မီးတောက် လာသည်။ ဒေါသအလျံလျံ ထွက်သော မျက်လုံးတို့ ဖြင့် ထိုသူ
့အနားသို့ ကပ်သွားစဉ် . အဆိုပါ မျက်လှည့်ဆရာလေးက . ဟပ်ချလောင်း ဟု အော်ကာ
မီးခိုးဖြူငွေ့ များထွက်လာပြီး လက်ထဲတွင် ပိုးဖဲစ အနီလေးပေါ်ထွက်လာသည်။

ထို့ နောက် အဆိုပါ ပိုးစ လေးကို ဇော်အောင့်အား ကမ်းပေးလိုက်ပြီး သူကတော့
လျင်မြန်သည့် အဟုန်ဖြင့် ပျေက်ကွယ်သွားသည် ။ ထို ..အနီတောက်တောက်
ပိုးစလေးတွင် ရွှေရောင်စာလုံးများဖြင့် ရေးထားသည်မှာ –

Justice is silent in the midst of Arms . ( အမှန်တရားတို့ သည် သေနတ်ပြောင်းဝတွင် တိတ်ဆိတ်နေသည်)

စိတ်ပျက်အားငယ်ခြင်း များနှင့် တယောက်တည်း ငိုင်နေလျက်ရှိနေစဉ် အနောက်မှနေ၍ ပခုံတစ်ဘက်ကို
ဆုပ်ကိုင် ကာ အားပေးနှစ်သိမ့်သူမှာ.ဇော်အောင့် ဖခင် ပင်ဖြစ်သည်။

စိတ်မပျက်ပါနဲ့ ကွာ..ဒါမျိုး ဆိုတာ ဖြစ်တတ်ပါတယ်.

ဒီလို ဖြစ်မယ် ဆိုတာ..အဖေ.လည်း ကြိုတင်တွက်ဆ.ထားပြီးသားပါ..

ထားလိုက်ပါကွယ် . ဒီ အလုပ်တွေ ဆိုတာ မင်း အမေ ပြောသလို ဝေလေလေ တွေ ပါ ။ ကိုယ့် စီးပွား ကိုယ့်အလုပ်ကိုပဲ ခေါင်းထဲ ထည့်စမ်းပါ ။

ဒီ တစ်ခေါက် မနိုင်တော့လည်း..အချိန်တွေရှိပါသေးတယ်..နောက်တစ်ခေါက်ပေါ့..ဟု အားပေးရှာသည်

ဟင်..နောက်တစ်ခေါက်.ဟုတ်လား.ဖေဖေ..

နောက်တခါဆိုရင် ကျွန်တော်.ကျွန်တော် . ..စကားမဆုံးခင်မှာပဲ .သူ ကဖြတ်ပြောလိုက်သည်။

နောက်တခါ ဆိုလည်း.ဒီ အတိုင်းပါပဲ ငါ့ သားရယ်. ဟား ဟား ဟုကျယ်လောင်စွာရယ်လေသည်။

လူသားတို့ သည် လောကဓံကို ဒိုင်းနှစ်ဘက်ဖြင့် ကာကွယ်တတ်ကြသည်။ ပထမဒိုင်းသည်
ယုံကြည်ရာ ဘာသာတရား ၏ အဆုံးအမ ဖြင့် ဖြေသိမ့်ခြင်း . ဒုတိယဒိုင်းသည် .
ဇ၀နဥာဏ် ရွှင်ရွှင်ဖြင့် ဖန်တီးထားသော ဟာသ ။
သားဖြစ်သူ စိတ်ဓာတ်ကျနေချိန်တွင် ဖခင်ဖြစ်သူ သည်ရယ်စရာ ဟာသလေးများဖြင့်
စိတ်ထွက်ပေါက်ရအောင် ပြုလုပ်ပေးတတ်သည်။ ဖခင်နှင့်အတူ လိုက် ရယ်မော
လိုက်ရသဖြင့် ဇော်အောင့် ရင်ထဲတွင်လည်း တည်းကြပ်မနေတော့ ပေ။

ထို့ နောက် တဖန်သူကလည်း ဖခင်ဖြစ်သူ ကို ပြန်လည် ၍ ပင် နောက်ပြောင်လိုက်သေးသည်။ သူ သိပ်ကြိုက်သော ဒိုင်ယလော့ လေး တစ်ခု ..

ဝေလေလေ သား..ဝေလေလေ ဖြစ်တာ မဆန်းပါဘူး ဖေဖေ.

ဥက္ကဌ သား..က. ဥက္ကဌ မဖြစ်တာသာ ဆန်းတာပါ…

သူ ၏ စကားအဆုံးတွင် .ဖခင်ကြီးက . ဘာကွ .. ဟု မချိ ပြုံးလေးတစ်ချက် ပြုံးပြီး တချက် အော်လိုက်သည် ။
သားအဖ နှစ်ယောက် သည် အမြဲလိုလို ဤ သို့ ကလူကျီစယ်မြဲပင် ။

ငါ့သား.. မင်းတော်တော် စကား တတ်လာပါလား ဟု ပြောပြီး ဇော်အောင်၏ ငယ်ထိပ်ကို
သူဖတ်နေသော ၀တ္တုစာအုပ် လေးဖြင့် ဖြေးညှင်းစွာ ဖုန်း ခနဲ ရိုက်လိုက်သည်။

ဇော်အောင်သည်. ထို စာအုပ် လေးကိုအမှတ်တမဲ့ ကြည့်လိုက်မိသည်။

စာရေးဆရာ (ဆရာ) မောင်သာရ ၏ စာအုပ်လေးဖြစ်သည်။ ၀တ္တုနာမည် ကား..

အ. လို့ ခံရတာ..မသနားစမ်းပါနှင့် ……

ကောင်းသထက်ကောင်းအောင်ကြိုးစားနေမည့်.

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)

ဤ ပိုစ့်ကို http://roadtoarabian.blogspot.com/ တွင် အပြည့်အစုံ ရှူရန်

In: ဝတ္ထု Posted By: Date: Nov 14, 2010
Comment #1

🙂

commentinfo By: nilar at Dec 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment