Professional Authors

ဗန်ကောက်ည ရဲ့ တစ်နေရာ (၁)

ဗန်ကောက်ညက ဟိုတယ်အပြင်ဘက်တွင်အိုက်စပ်မွှန်ထူနေသည်။

ရှိသင့်ရှိထိုက်သောနေရာတိုင်းတွင် မီးတိုင်များရှိသောကြောင့် ညကမူအိနြေ္ပရနေ၏ ။

ထိုင်းနိုင်ငံ၏ မြို့တော်မှာ ဗန်ကောက်မြို့။ ယင်းမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုအတွက်

နာမည်ကြီးသည်။ အပျော်ရှာသူ ကမ္ဘာလှည့် မဟာပုရိသတို့အတွက် နာမည်ကြီးသည်။

ထူးဆန်းသော ရောင်စုံရှပ်အကျီင်္ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နာမည်ကြီးသည်။

ဗန်ကောက်မြို့က မြန်မာများအတွက်မစိမ်း။ ရှေး ဘုရင့်နောင်လက်ထက်မှ

ယနေ့ထိ မြန်မာလူမျိုးများနှင့် ဗန်ကောက်တို့ ထိစပ်နေကြသည်။

ဘ၀အတွက် ဗန်ကောက်တွင် မြန်မာတွေ ရှင်သန်ကြသည်။ အသက်တစ်ချောင်း

အတွက် ဗန်ကောက်တွင် မြန်မာတွေဆေးကုကြသည်။ ဘွဲ့လက်မှတ်တစ်ခုအတွက်

ဗန်ကောက်တွင် မြန်မာတွေ ကျောင်းတက်ကြသည်။ ယုံကြည်ချက်တစ်ခုအတွက်

ဗန်ကောက်တွင် မြန်မာတွေ ခိုနားအရေးဆိုကြသည်။ နက်ပြောင်နေသော လမ်းမထက်

ထူးခြားလှသောမြင်ကွင်းက ဘယ်မောင်းယာဉ်ကြောလမ်းများ။ ဗန်ကောက်ညတွင်

သစ်လွင်သော ကားများက လမ်းမထက် ရွေ့လျားလျက်။ ဦးတည်ချက်မျိုးစုံဖြင့်

လူများလည်း ဥပဟို လှုပ်ရှားသွားလာလျက်ပင်။ ဟိုတယ်မှအထွက် ဆိုင်ကယ်

ကယ်ရီများက လိုရာမောင်းပို့ပေးရန် စောင့်နေသည်။ တုပ်တုပ်ခေါ်

သုံးဘီးကားလေးစီးချင်လည်းရသည်။ ( အမျိုးသားခရီးသည် တစ်ဦးတည်းဆိုပါက.

.သင့်ကို မေးမည်မှာ..ကောင်မလေးလိုချင်သလား ဟူ၍ပင်..) ။

တက်က်စီကားတွေကတော့ မြန်မာနိုင်ငံလို လက်ကလေးထောင်ရုံဖြင့်

နေရာတိုင်းငှားမရသဖြင့် ဂွကျကျ ဖြစ်ရသည်။ သင့်အတွက် ဗန်ကောက်မြို့က

ရင်းနှီးသလိုနှင့်ကိန်းကြီးခန်းကြီး နိုင် နိုင်သည်။ စိမ်းကားသလိုနှင့်လည်း

မျက်မှန်းတန်းမိဖူးသလိုဖြစ်နိုင်သေးသည်။ လမ်းဘေးပလက်ဖောင်းထက်

လက်ဖက်ရည်ဆိုင်သဖွယ်..အရက်ဆိုင်ကလေးများကလဲ မရှား ။

ယင်းအရက်ဆိုင်ကလေးများက ညဥ့်ငှက်မလေးများ၏ နားခိုရာလည်း ဖြစ်နိုင်သည်။

အမှိုက်ပစ်ရန်နေရာရှားပါးခြင်းနှင့် နေရတကာ ဆေးလိပ်သောက်မရခြင်းကတော့

ကောင်းသလိုလိုနှင့် မကောင်း ။ မြို့ကြီးသားများ လိုက်နာရန် စည်းကမ်းဆိုသည်က

ကျွန်တော့်အတွက် ကျွမ်းဝင်နေသော စနစ်တစ်ခု မဟုတ်သေး။

In: စကားပြေ Posted By: Date: Jun 12, 2011
Comment #1

nice.

commentinfo By: ei lay at Aug 8, 2011
Comment #2

ကောင်းတယ် အကိုမိုးလူ

Leave Comments

Name*

Email*
Website
Email me whenever there is new comment