Professional Authors

နှိုင်းယှဉ်ကြည့် ခေတ်သစ် အဘိဓမ္မာ

 

ယနေ့ ကမ္ဘာပေါ်တွင် ပညာရှင်ပေါင်း ထောင်သောင်းမက များစွာ ပေါ်ထွန်းခဲ့ကြသည်။ ထိုသို့ ပေါ်ထွန်းခဲ့သော ပညာတို့တွင် မိမိတို့ကိုယ်ပိုင် အဘိဓမ္မာရှိကြမည် ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ပိုင် အဘိဓမ္မာများကို လူသားတို့အတွက် အကျိုးပြုသောအားဖြင့် ရေးသားခဲ့ကြသည်။ အကျိုးပြုသော အကြောင်းအရာများကို အနည်းငယ် ရှာဖွေကြည့်ကြလျှင် မျက်မှောက်တွင် အကျိုးသက်ရောက်သည်ဟု ထင်ရသည်။ သို့သော် တကယ်တမ်း ထိရောက်မှုသည် အနည်းငယ် လွဲမှားနေသည်ကို တွေ့ရှိလာကြသည်။

ယ္ခုခေတ် နောက်ပိုင်း လူငယ်များနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတွင်းက လူငယ်များသည် လက်တွေ့ပြသနိုင်သော အချက်လက်များကို လက်ခံလာကြသည်။ ထို့အပြင် လူငယ်တို့၏ ရင်တွင်း နှလုံး သား တွင်းဝယ် လက်တွေ့ အမှန်တရားသည် အကောင်းဆုံး လက်နက်ဟု ပြောကြသည်။ ထိုအရာများသည် အမှန်ပင် ဖြစ်သည်။ မည်သို့သော အရာသည် အမှန်တရား၏ အဘိဓမ္မာဟု ခေါ်ဆိုမည်နည်း။ မည်သို့သော လုပ်ကိုင်ခြင်းသည် အမှန်တရားတို့၏ အဘိဓမ္မာဟု ဆိုနိုင်မည်နည်း စသည် စသည် ထောင်သောင်းမက သော မေးခွန်းများကို မေးဖွယ်ရှိသည်ကို တွေ့ရှိလာသည်။ သို့သော် အဘိဓမ္မာဟုသည် အကြောင်းရာများစွာ ရှိကြသည်။

ဥပမာ…..လူသားတို့၏ ဘဝနေရေး ထိုင်ရေး အဘိဓမ္မာ၊ စီးပွားရေး အဘိဓမ္မာ၊ လူမူရေး အဘိဓမ္မာ၊ ပတ်ဝန်းကျင် အဘိဓမ္မာ၊ နိုင်ငံရေး အဘိဓမ္မာ၊ ပညာရေး အဘိဓမ္မာ စသည်တို့ဖြင့် များစွာရှိကြသည်။ ထိုလူ သားတို့ ဝန်းကျင်တွင် တည်ရှိနေသော သဘာဝဓမ္မကို ပေါင်းစပ်ထားခြင်းသည် အဘိဓမ္မဟု ခေါ်ဆိုနိုင်သည် ဖြစ်သည်။ အကယ်၍သာ သဘာဝလူသားတွင် ရှိသော သဘာတရားကို အဘိဓမ္မာဟု မခေါ်ဆိုလျှင် မိမိတို့ တွင် တည်ရှိနေသော တရားများကို အဘိဓမ္မာဟု တရားဟု မခေါ်နိုင်ပါ။ သိုသော် အဘိဓမ္မာသည် နက်ရှိုင်း လှသည်။ ဘက်စုံလည်း ပြည့်စုံလှသည် ဖြစ်သည့်အတွက်ကြောင့် သာမန်အနေဖြင့် သိနိုင်ဖို့ရန် ခဲယဉ်းလှ သည်။ အဘိဓမ္မသည်လည်း ပညတ္တိအဘိဓမ္မာ ရှိသလို ပရမတ္ထ အဘိဓမ္မာလည်းရှိကြသည်။ ဥပမာထက်၍ ဆိုရလျှင် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ လေးပါးရှိကြသည်။

ထိုတွင် စိတ်၊ စေတသိက်၊ ရုပ်တို့သည် သဘောတရားအနေအားဖြင့် ပညတ္တိဟု ဆိုရမည်ဖြစ်သည်။ ထိုတရားတို့သည် ပညတ်တရားတို့၏ နယ်ပယ်တွင် ဖြစ်ကြသည်။ ပရမတ်တရားတို့နယ်ပယ်တွင် မဖြစ်ကြ သည့်အတွက်ကြောင့် လွန်စွာကွာခြားခြင်းဖြစ်သည်။ ထို့နောက် လောကီလောကုတ္တရာတရားအနေဖြင့် ပြော ရလျှင်လည်း လွန်စွာကွာခြားနေသည်။ လောကီတရားသည် ယာယီအားဖြင့် ရံဖန်ရံခါတွင် လောကုတ္တရာ နယ်ပယ်များဟု အထင်မှားမှုများစွာ ဖြစ်ကြသည်ကိုလည်း တွေ့မြင်နိုင်သည်။ လောကီတရားသည်လည်း လောကုတ္တတရားအနေအားဖြင့် ကောင်းကင်နှင့်မြေကြီးတို့ ကွာခြားသလိုပင်ဖြစ်သည်။ မတူညီသော လမ်း ကြောင်းနှစ်ခု၏ လျှောက်လှမ်းပုံသဏ္ဍာန် သည် မြေကြီးနှင့်ကောင်းကင် ကွာခြားသလိုမျိုးဖြစ်သည်။

ထိုအရာနှစ်ခုတို့သည် မတူညီမသော ကွာခြားချက်များဖြစ်ကြသည်။ လောကီရေးရာတွင် လူသားတို့ သည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟူ၍ ဟိတ်ခြောက်ပါးတို့သည် နေ့စဉ် အလိုက် ဖြစ်နေကြသည်။ ထိုအရာတွေကို မည်သူက ငြင်းဆိုနိုင်မည်နည်း။ မည်သူမှလည်း ငြင်းဆိုရန် ခက်ခဲလှသည့် နေ့စဉ်ဖြစ်ရပ်ဆန်းများဟုလည်း ဆိုနိုင်ပေသည်။ လောကကြီးတွင် ဖြစ်ရပ်ဆန်းများ ဖြစ်လာ ခြင်းသည် လောဘကြောင့် အထင်မှားမှု ဖြစ်လာကြသလို၊ ဒေါသကြောင့်လည်း ဖြစ်သည်။ ထို့အပြင် ဟိတ် ခြောက်ပါးကြောင့် မိမိတို့ နေ့စဉ်ဘဝတွင် ဖြစ်ရပ်ဆန်းများ ဖြစ်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ စသည် အကြောင်းတရားကြောင့်လည်း နေ့စဉ်ရင်ဆိုင်ရသော ဖြစ်ရပ်ဆန်းများ လည်း ဖြစ်လာကြသည်မှာ မြေပေါ် လက်ဝါးဖြင့် ရိုက်မလွဲသလိုပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ သိရှိလာ သော လက်တွေ့ဘဝဖြင့် မိမိတို့ ဘဝကို မြင့်တင်နိုင်သော မြတ်ဗုဒ္ဓဟောဖော် ညွန်ပြတရားများနှင့် လက်တွေ့ ဘဝအဘိဓမ္မာကို နှိုင်းယှဉ်၍ ကျင့်သုံးနိုင်ဖို့ရန် လိုအပ်ပါသည်။ အကယ်၍သာ မိမိတို့ ဖြတ်သန်းရသော နေ့စဉ်ဘဝ အဘိဓမ္မကို လက်တွေ့အသုံးမချနိုင်သေးဘူးဆိုရင် ဘုရားဟော တရားတော်ဖြစ်သော နက်နဲ ခက်ခဲသော အဘိဓမ္မာကို သိနိုင်ဖို့ရန် လွန်စွာခဲယဉ်းလှပေသည်။ လွန်စွာခဲယဉ်းသော မြတ်ဗုဒ္ဓ၏ အဘိဓမ္မာများကို သိနိုင်ဖို့ရန် မိမိတို့ လက်တွေ့အသုံးချရန် ရည်ညွန်း၍ အသိပေးသောအားဖြင့် နေ့စဉ်ဘဝနှင့် နှိုင်း ယှဉ်ရမည့် အဘိဓမ္မာကို အနည်းငယ် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

 

တက္ကသိုလ်မြတ်မင်း

In: ဆောင်းပါး Posted By: Date: Oct 6, 2011
Comment #1

ကျေးဇူး

commentinfo By: Daw Shwe A at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment