Professional Authors

နှလုံးသားတနေရာမှာ…. (လေး)

သူနဲ့တွေ့ရဖို့ သူမစိတ်လှုပ်ရှားနေမိတယ် တခါမှမမြင်းဖူးသော သူစိမ်းယောကျာင်္းလေးတဦးနောက်ပြီးသူမရဲ့သူစိမ်းဆန်ဆန်ရင်ခုန် သံတွေကို အဓိပါယ်ရှိစေသောသူ အဲဒီလိုသူမအတွက်အရေးပါသောသူ
နှင့် တွေ့ဆုံရမည်ဆိုတော့ သူမ စိတ်လှုပ်ရှားရင်ခုန်နေတာ မှားသလား…
ဒီနေ့ သူနှင့်တွေ့ရတော့မည်ဆိုသော အသိကြောင့် သူမကျောင်းသို့ရောက်
ချင်စိတ်ကများနေခဲ့သည် ကျောင်းသို့ရောက်တော့ အခန်းထဲအလျင်အမြန်
ဝင်ကာ စာရေးစာပွဲပေါ်ကြည့်လိုက်မိသည် သူရဲ့ လှပသေသပ်သောလက်
ရေးလေးများနှငိ့ စာတန်းလေးကိုတွေ့လိုက်ရသည်…
ဒီနေ့ ယုယ တို့အတန်းပြီးရင် အတန်းရှေ့ကစောင့်နေမယ်နော်..
သူမ ရင်ခုန်သွားသည် သူ ကစောင့်နေမယ်တဲ့… သူမ ဒီနေ့သင်ခန်းစာတောင် စိတ်ဝင်စားတော့မည် မထင်..စာသင်နေသည့် တလျောက်လုံး အခန်းအပြင်ဘက်သာကြည့်ကြည့်နေမိသည်…စာကိုစိတ်မ၀င်စားတော့ပေ သူမကြည့်ပေမယ့် ဘယ်သူကိုမှမတွေ့သေးပေ..စာသင်ချိန်ပြီးခါနီးကျတော့ သူမ စာကိုအာရုံရောက်သွားသည် စာသင်ချိန်ပြီးတော့မှပဲ သူမ သတိရသွားကာ စာသင်ခန်းအပြင်ကိုကြည့်မိတော့ မျက်လုံးလေဖြင့် ဝေ့၇ှာမိသည်သူမဆီကို ပြုံးပြီးလက်ပိုက်ကြည့်နေသော လူ၁ယောက်ကိုတွေ့လိုက်ရသည် သူမဖျပ်ခနဲ့ ရင်ခုန်သွားသည် မျက်လွှာချလိုက်သည် ရင်ခုန်သံတွေကို သူသိသွားမလား..
သူမ အခန်းပြင်သို့ထွက်တော့ ခြေလှမ်းတွေကမခိုင်ချင် သူငယ်ချင်းလက်ကိုဆွဲထားကာ ခေါင်းလေးကိုငုံ့ထားလိုက်မိသည် အတန်းရှေ့ရောက်တော့ သူကစပြီး နှုတ်ဆက်တော့သည်
ကျွန်တော် နာမည် ကောင်းကင် ပါ
အသံ သူ့အသံ သူမ ပထမဆုံးကြားလိုက်ရတဲ့ သူ့ရဲ့အသံ ယောကျာင်္းလေးပေါင်းများစွာရဲ့ အသံကိုကြားဖူးပေမယ့် သူ့အသံကတော့ ထူးခြားနေသည် သူ့ကို အသိအမှတ်ပြုသည့် အပြုံးလေးဖြင့် ခေါင်းညိမ့်ပြလိုက်လေသည် အဲဒီနေ့က သူနှင့် သူမတို့ စတင်ဆုံတွေ့ခဲ့ကြသည်..သူရဲ့ခင်မင်ဖွယ်ကောင်းသော ဖော်ရွေမှုကြောင့် သူမရဲ့သူငယ်ချင်းများနဲ့ပါ ခင်သွားကြသည် … နောက်နေ့တွေမှာတော့ သူမအတွက်အချိန်ဇယားတခုတိုးလာခဲ့သည် အဲဒါကတော့ သူနဲ့တွေ့ဖို့အချိန်ပင် သူမအတန်းပြီးလျှင် သူနဲ့တွေ့ရဖို့ အချိန်ပေးတက်လာခဲ့သည်…….

In: ဝတ္ထု Posted By: Date: Aug 9, 2010
Comment #1

(:

commentinfo By: ဖြိုးဖြိုး at Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment