Professional Authors

နှလုံးသားတနေရာမှာ…. (သုံး)

ဘာလို့ စာပြန်မရေးတာလဲဟင် နာမည်ဘယ်လိုခေါ်လဲ
အဲဒီ စာကြောင်းလေးကိုတွေ့တော့ သူမ သနားသွားသည် ဟုတ်တာပေါ့ အရင်ကတော့ စာတွေအပြန်အလှန်ရေးပြီး အခုမရေးတော့ သူစိတ်မကောင်းဖြစ်သွားမှာပေါ့ သူမ တခြားယောကျာင်္းလေးအတွက် ပထမဆုံးတွေးပေးခြင်းပါပဲ
ပန်းယုယ ပါ
သူမ နာမည်လေးကိုရေးပေးလိုက်တယ် သူပျော်ရွင်ပါစေကွယ်…..
နောက်နေ့ကျောင်းတက်ရဖို့ကို သူမ စိတ်လောနေမိတယ် သူငယ်ချင်းတွေကိုတောင် မေစာင့်တော့ပဲကျောင်းကိုစောစွာလာခဲ့မိတယ်
သူမရဲ့ စာရေးခုံပေါ်ကို ကြည့်လိုက်မိတယ်
နာမည်လေးကလှတယ်နော် သူငယ်ချင်းလိုသဘောထားပါ ခင်ချင်လို့ပါ
သူ့စာလေးကိုတွေ့တော့ သူမပြုံးမိသည် ဒီနေ့တနေ့တာက လှပသွားပါပြီး…
နောက်နေ့တွေမှာ ကျွန်မတို့တွေ အပြန်အလှန်စာတွေရေးခဲ့ကျတယ် တယောက်နဲ့တယောက်ကတော့ မတွေ့ဖူးကျသေးပါဘူး
ဒီနေ့ကတော့ ဘာတွေသင်မှန်းမသိဘူး
ဟုတ်လား စာတွေကခက်လို့လား
နေမကောင်းဘူး
ဟင် ဘာဖြစ်တာလဲ ဖျားတာလား ဆေးခန်းသွားလေ
သူကမနက်ပိုင်းဆိုတော့ စာတန်းလေးတွေအရင်ရေးခဲ့ပြီး သူမကတော့ သူ့စာတန်းလေးအောက်ကနေရေးတက်ခဲ့တယ် သူနေမကောင်းဘူးလို့ပြောလိုက်တဲ့ နောက်ပိုင်း စာတန်းလေးတွေပျောက်ဆုံးသွားခဲ့တယ် သူမရဲ့စိုးရိမ်ပူပန်မှုတွေက များပြားလာခဲ့တယ် ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ စာသင်ဖို့ကိုလဲ စိတ်မ၀င်စားခဲ့ပေ သူ့ဆီကိုပဲစိတ်ကရောက်နေမိသည်
တပတ်လောက်ကြာပြီး သူမကျောင်းလာတက်တော့ ခုံပေါ်မှာ စာတန်းလေးကိုတွေ့လိုက်တယ် သူမအရမ်းပျော်သွားတယ် စာတန်းလေးကို ကမန်းကတန်းဖတ်လိုက်တော့
နေမကောင်းလို့ ကျောင်းမတက်တာပါ ဒီနေ့ ကျောင်းစတက်တယ်
သူမ စိုးရိမ်မှုအနည်းငယ် လျော့နည်းသွားခဲ့သည် သူ့အတွက် စာတန်းလေး ရေးထားခဲ့သည်
နေကောင်းသွားပြီးလား စိတ်ပူနေတာ ကျန်းမာရေးဂရုစိုက်နော်
တဖြည်းဖြည်းနဲ့ သင်တန်းကလဲပြီးတော့မယ် သူမတို့၂ယောက်ကတော့ တယောက်နဲ့တယောက်မတွေ့ဖူးကြပေ
တနေ့မှာတော့ သူရဲ့စာတန်းလေးက
ယုယ နဲ့တွေ့ချင်တယ် တွေ့လို့ရမလား တွေ့ခွင့်ပေးပါလား
သူမ အံ့သြသွားသည် ပျော်လဲပျော်သွားသည် ဒါပေမယ့် သင့်တော်ပါ့မလား သူမ မသိတဲ့သူစိမ်းယောကျာင်္းလေးတဦးကိုတွေ့ရမှာ
ဒါပေမယ့် သူမ သူ့ကိုအရမ်းတွေ့ချင်သည် စဉ်းစားရင်းစိတ်ညစ်လာသည် ဆုံးဖြတ်ချက်ချလိုက်သည်
ယုယလဲတွေ့ချင်နေတာ ဘယ်မှာတွေ့မလဲ
သူမ ကြည်နှုးသွားမိသည် မကြာခင် သူနဲ့တွေ့ရတော့မည် သူကဘယ်လိုပုံစံလဲ ဘယ်လိုစိတ်နေသဘောထားလဲ ဘာပဲဖြစ်ဖြစ်ပါ သူကိုတွေ့ချင်သည် ………..

In: ဝတ္ထု Posted By: Date: Aug 6, 2010
Comment #1

ဝတ္ထုလေးကောင်းတယ်။

commentinfo By: sayarchit.ple at Aug 6, 2010
Comment #2

ကျေူဇူးတင်ပါတယ်နော်…

commentinfo By: thukhacho at Aug 6, 2010
Comment #3

အပိုင်းတစ် ထဲက စဖတ်လာတာာာာာာ
အခုလည်း စောင့်နေတယ်နော် ဆက်ရန်တွေကို……… ဘယ်တော့လာမှာလဲဟင် 🙁

commentinfo By: ဖြိုးဖြိုး at Aug 8, 2010
Comment #4

အခုလို စောင့်ပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးပါ ဖြိုးရေ…

commentinfo By: thukhacho at Aug 9, 2010
Comment #5

ကျေးဇူးဆိုရင် ဆက်ရန်တွေကို မြန်မြန်တင်ပေးပါ… ဟိဟိ
စောင့်နေတာ ကြာနေပြီ……………………………………………………………….
(:

commentinfo By: ဖြိုးဖြိုး at Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment