Professional Authors

နှလုံးသားတနေရာမှာ…. (နှစ်)

နောက်နေ့မနက်ရောက်တော့ စာရေးခုံလေးပေါ်မှာ စာအုပ်ကိုအရင် တင်လိုက်မိတယ် စာကိုဖတ်နေချိန်မှာ စိတ်ထဲမှာ တခုခုဖြစ်နေတယ် ဘာမှန်းမသိဘူး စာမတ်ေတော့ပဲ စာအုပ်ကိုဖယ်လိုက်တော့လှပတဲ့လက်
ရေးလေးတွေကို ဖြတ်ခနဲ့တွေ့လိုက်တယ် …
”စာတွေနားမလည်လို့ပါ”
”ရှင်းပြပေးရမလား”
သူမ သူ့စာကြောင်းလေးအောက်ကရေးလိုက်မိတယ်…
သူမ အတွက်နေ့တနေ့က လှပသွားသလိုပါပဲ….ဘာလို့ ဒီစာကြောင်းလေး အပေါ်မှာ ဒီလောက်ထိစိတ်ဝင်စားရတာပါလိမ့် သူမတို့ နှစ်ယောက်မကြာခင် သူငယ်ချင်းဖြစ်ကြတော့မယ် သူငယ်ချင်းကောင်မလေး တစ်ယောက်တိုးတာပေါ့..ပျော်ရွင်နေမိတာတော့ အမှန်ပင် ..
”ကျွန်တော်နာမည်က ကောင်းကင်ပါ”
နောက်တနေ့မှာ တွေ့လိုက်ရတဲ့ စာကြောင်းလေးကြောင့် သူမအံ့သြသွားခဲ့သည် ဒီလက်ရေးပိုင်ရှင်က ယောကျာင်္းလေး တစ်ယောက်တဲ့လား သူမမယုံနိုင်ပေ ဒီလောက်လှပတဲ့ လက်ရေးကိုယောကျာင်္းလေးတစ်ယောက်ကရေးသားတာတဲ့ သူမ တုန်လှုပ်သွားခဲ့သည် တပြုင်နက်ထဲ နှလုံးခုန်သံတွေမြန်သွားခဲ့သည် သူမ ဘာဆက်ရေးရမှန်း မသိတော့ပေ အဲဒီနေ့က စာသင်ချိန်ဘယ်လို ပြီးသွားလဲဆိုတာ မသိခဲ့ပေ စာလဲမရေးတော့ပေ သူမှရှက်နေသည်သာ သိသည် ရင်တွေခုန်နေသည် အပြင်ရောက်တော့ မထင်မှတ်ပဲ ကောင်းကင်ကို မော့ကြည့်မိတော့ တစုံတယောက်ကို သတိရလိုက်မိသည်… ကောင်းကင်ကပြာလဲ့နေတာပဲ အပြာရောင်ဆိုတာ ချစ်ခြင်းသင်္ကေတ..
အဲဒီနေ့ညက အိမ်မက်မှာ စာကြောင်းတိုတိုလေးတွေက စိုးမိုးနေသည် သူမ စာမရေးခဲ့တဲ့ အတွက် သူဘယ်လိုထင်နေမလဲ တွေးရင် အိပ်မပျော်တော့ပေ… မိုးစင်စင်လင်းခဲ့တော့သည်…
ဒီနေ့ကျောင်းတက်ရမှာ စိတ်ထဲတွင်တမျိုးဖြစ်နေသာည် သွားချင်သလိုလို မသွားချင်သလိုလိုပဲ ကျောင်းသိုရောက်သွားခဲ့သည် စာသင်ခန်းထဲရောက်တော့ စာရေးစားပွဲကို မကြည့်ရဲပေ…..
စိတ်ကလဲ ကြည့်ချင်နေသည် ဘယ်လိုလုပ်ရမလဲ မသိပေ..နောက်ဆုံးတော့ သူမ မသိမသာလေ ကြည့်ခဲ့မိသည် …
တွေ့ပါပြီး စာကြောင်းလေးတွေ……

In: ဝတ္ထု Posted By: Date: Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment