ချစ်သူ….. (၂)
တ်ထားပုံရသည်။တနေ့ သူမတို့ သူငယ်ချင်းအုပ်စု သူတို့အဖွဲ့ ကင်းတင်းတခုတွင်အတူဆုံမိကြသည်။နေရာမရှိသောကြောင့်စားပွဲတခုထဲတွင်ပေါင်းထိုင်ကြသည်။ နှစ်ဖွဲ့လုံးကလဲ မျက်နှာစိမ်းတော့မဟုတ်ပဲ မျက်မှန်းတန်းမိနေကြသူများဆိုတော့ ဘာပြသာနာမှ မရှိပေ။သူတို့ကလဲ ရယ်ရယ်မောမော မိတ်ဖွဲ့သည်။သူမတို့ကလဲ ဖော်ရွေစွာ ပြန်လည်ပြောဆို သည်။ချက်ချင်းပင် သူငယ်ချင်းများဖြစ်သွားကြသည်။ဒါသည်ပင် တက္ကသိုလ်ကျောင်းသားများ၏ ဖြူစင်ရိုးသား သောစိတ်အရင်းခံများဖြစ်သည်။သူမ ကစတင်ကာ သူ့ကိုကြည့်ပြီး
“ကောင်းဇံလင်းကဘယ်မေဂျာကလဲ”
“ဗျာ ဘယ်သူကိုမေးတာလဲ”
သူ အူကြောင်ကြောင်နှင့်ပြန်မေးမိသည်။သူ့ သူငယ်ချင်းများကတော့ သဘောပေါက်သည့်အလား ပြုံးစိစိနှင့် ကြည့်နေကြသည်။
“ကောင်းဇံလင်း ကိုမမေးလို့ ဘယ်သူ့ကိုမေးရမှာလဲ ”
“ဗျာ ကျွန်တော်ကို ဟုတ်လား ဟာ သွားပါပြီး မိုး ရယ်အဲဒါ ကျွန်တော်နာမည်မဟုတ်ဘူး ကျွန်တော် အဖေနာမည် ကျွန်တော်နာမည်က ကောင်းဇေဦး ဒီကောင်တွေကနောက်ပြီး ကောင်းဇံလင်းလို့ခေါ်တာ”
“ရှင်”
သူမ တော်တော်အံ့ကြသွားသည်။ရယ်လဲရယ်ချင်သွားသည်။ဘေးနားမှ သူငယ်ချင်းများက ရယ်ကြလေသည်။
“မသိဘူးလေ နာမည်က ကောင်းဇံလင်း လားလို့”
“မိုးရယ် နင်ကတော့လေ အဖေနဲ့သားနာမည်တောင်မှားခေါ်တယ် အံ့ရော”
“ဟာ ငါမှမသိတာ သူတို့ အားလုံးက အဲဒီလိုခေါ်နေကြတာ ဟုတ်တယ်နော်”
သူမ က သူ့ဘက်လှည့်ကာ စစ်ကူတောင်းလေသည်။
“ဟုတ်ပါတယ် မိုးရဲ့အမှားမဟုတ်ပါဘူး အားလုံးက ကျွန်တော်ကို ဒီလိုပဲခေါ်ကြတာလေ မိုးကတော့ အဲဒီလိုမခေါ်နဲ့နေ်”
“ဘာဖြစ်လို့လဲ”
“ဟာ နာမည်မှားခေါ်ရင်းနဲ့ လူပါမှားသွားရင်း ကျွန်တော်ရင်ကျိုးရချည်ရဲ့ဗျာ”
“အမလေး သူ့အဖေကို နှမြောနေတာ”
“အဖေကို နှမြောတာမဟုတ်ဘူး သိရဲ့လား”
“ဒါဆို ဘယ်သူ့ကိုနှမြောတာလဲ”
အဲဒီလိုနဲ့ပဲ သူမနှင့်ရင်းနှီးခဲံရသည်။ထိုအချိန်မှစကာ သူမကိုစိတ်ဝင်စားခဲ့သည်။ယောကျာင်္းလေးတွေ စိတ်ဝင်စားပြီးဆိုရင် ဘာတွေကြံစည်လဲဆိုတာ သိတယ်မဟုတ်လား။ပထမဆုံး ကျောင်းတွင် စုံစမ်းသည်။ ဘယ်မေဂျာ ဘယ်အတန်း စသည့်တို့ကို စုံစမ်းသည်.ဒါကတော့ မခက်ခဲပေ။ဒီလိုကိစ္စမျိုးကို ကိုယ်တိုင်စုံစမ်းစရာ မလို ကုညီပေးချင်သူများကအပြည့်။ဒီလိုနှင့်သူမ၏ မေဂျာ အတန်းကို သိခဲ့ရသည်။အဲဒီနောက် သူမ၏အိမ်ကို သိရန်ကြိုးစား၇တော့သည်။သူမကိုလဲ မသိစေချင်ပေ။ထို့ကြောင့် သူမ မသိအောင်စုံစမ်းရသည်။သူမ ကျောင်းကား စောင့်သောမှတ်တိုင်အနီးတွင် နေတာဖြစ်ဖို့များသည်။ကျောင်းမှအပြန် သူမနော်ကမှလိုက်ရင်လဲ သိသွားမှာစိုးသည်။သူ ကျောင်းဆင်းပြီး အိမ်သို့ရောက်တာနှင့် စက်ဘီးစီးကာ သူမနေသော နေရာကို စုံစမ်းရန် ထွက်ခဲ့သည်။လမ်းတွင် သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။
“ဟေ့ ကောင်းကြီး မင်းကောင်မလေးကို ဒီနားကအိမ်ထဲဝင်သွားတာ တွေ့လိုက်တယ်ကွ”
“ဟုတ်လား ဘယ်နေ့ကလဲ”
“ပြီးခဲ့တဲ့ တနင်္လနေ့က”
“ဘယ်နားမှာလဲ ဘယ်အိမ်လဲ ငါ့ကိုလိုက်ပြပါလားကွာ”
သူ ရေငတ်တုန်းရေတွင်းထဲကျသွားသလိုပင် ၀မ်းသာသွားသည်။
“အေး ဒါဆို သွား၇အောင် မင်း ငါ့ကိုတော့ လက်ဖတ်ရည်တိုက်ရမယ်နော်”
“ပြောနေစရာလိုသေးလားကွာ ပြည့်စုံစေရမယ် စိတ်ချ”
ပြောပြောဆိုဆို စက်ဘီးနှင့်ထွက်ခဲ့သည်။လမ်းဒေါင်လိုက် ဟိုဘက်ထိပ်နှင့် ဒီဘက်ထိပ်၂ခုရှိသည်
“အဲဒီမှာတွေ့လား ၂ထပ်တိုက် အဲဒီအ်မ်ပဲ ဟိုနေ့က၀င်သွားတာ”
“သေချာတယ်နော် ”
“သေချာပါတယ်ကွာ”
“ကျေးဇူးပဲသူငယ်ချင်း လာကွာ လက်ဖက်ရည်သွားသောက်ရအောင်”
နောက်နေ့မနက် ကျောင်းပိတ်ရက်တွင် သူမ ကိုတွေ့ရန် သူမအိမ်ရှေ့သို့ စက်ဘီးဖြင့် ရောက်သွားသည်

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
bravo.