Professional Authors

ဖရီး၏ ရင်တွင်းဖြစ် အစစ်အမှန်ရှင်းတမ်း ( Shin Ton)

“သူများအကြောင်းလည်းမပြောချင်ပါ စပ်မိစပ်ရာ ဘာညာကွိကွ” ကောလဟာလသတင်းများ တယ်လည်းကြောက်စရာ ကောင်းလှသကိုး။ဘယ်မင်းသားရဲ့မိန်းမကတော့ လုံးရာကပြားထားတာ                                                ( ခုတော့လည်း ကလေးတွေ တပြွတ်ပြွတ်မွေးပြလိုက်တာ ရှင်းသွားပါလေရော..ဟိဟိ အားကျလိုက်တာ) ဘယ်အဆိုတော်နဲ့ဘယ်ဆရာကြီးကတော့ သွားရှာပြီဆိုတဲ့ သတင်းတွေက ပျံ့နေပါရောလား။ ( နောက်တော့လဲ သွားတာတော့ သေချာပါတယ်တဲ့…ဘီယာဆိုင်နဲ့ မာဆတ် ဆိုလား..ဟဲဟဲ) ဒီတော့ သက်ဆိုင်သူတွေလည်း                                      ထ ရှင်းရလင်းရပြန်ရော။ ဘယ်ဇောတိကသူဌေးကြီးနဲ့ ဘယ်တက်သစ်စခပ်ဟော့ဟော့ မော်ဒယ်မင်းသမီးလေးကတော့ ဦးနဲ့သမီးဇတ်လမ်းကို သိန်းသန်းပေါင်းများစွာ အကုန်အကျခံ ခင်းနေတယ်ဆိုတာလဲ ပါသေးတယ် ဟရို့ ။ ဒါကြောင့်              ကိုကိုဖရီးတောင် သတိထားနေ နေရတယ်။ တော်ကြာ ကိုကိုဖရီးနဲ့ ဘယ်မော်ဒယ်လေးက ဘယ်ဟိုတယ်မှာ ဘယ်အချိန် ဘာတွေလုပ်ကြတာဆိုပြီး ဖွကုန်မှဖြင့် ကိုကိုဖရီးရဲ့ မရှိမဲ့ရှိမဲ့ သိက္ခာလေးတွေ ကျကုန်မှာစိုးရတယ်။ ပြောမဲ့သာပြောတာပါ။ အထင်ခံရလည်းနည်းတာမှတ်လို့။ ဟိဟိ ။ ဒီကြားထဲရေကူးကန်မင်းသမီးလေးက“သမီးတို့ဘာသာသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ရေကူးနေတာကို သူတို့ကဓာတ်ပုံခိုးရိုက်တာ” ဆိုပြီး မနှဲလေးသံနဲ့ တိုင်ပြောသလိုထရှင်းခဲ့ပြန်တော့ စာနာမိပြန်ရော။ အေးလေ.. လွတ်လွတ်လပ်လပ်ချိုးကြပါစေလား။ ( မှန်ပြောင်းများရောင်းရန်ရှိသည်)။ သို့သော် လူးဆေးမင်းသမီးကတော့ အကျယ်ထရှင်းတာတော့မတွေ့ရဘူး။ တစ်ချို့ကတော့ ပြောပါတယ်။ ထရှင်းရင်ပိုရှုပ်ကုန်               မှာပေါ့တဲ့။ ဟုတ်သားပဲ။ ခုတောင် အဲဒါ ဘာလိမ်းဆေးကြီးလဲဆိုပြီး သိချင်နေကြသူတွေ တယ်များပါကလား။ အင်း …      ထင်တာကတော့ အကယ်ဒမီကြေးချွတ်ဆေးလားမသိပါဘူး။ ဒီမင်းသမီးက အသားညိုတော့ ဖြူအောင် ဂျီးချွတ်တာ                    လားမှ မသိတာ..     ဟီး ဟီး ဟီး ။

……………………………………………

မူလလက်ဟောင်း ဂန္ထ၀င်ဖရီး၏ အော်ရီဂျင်နယ်ပို့စ်ဖြစ်ပါ၏ ။ တိန်..တိန်..တိန်


 

 

In: ဝတ္ထု Posted By: Date: Oct 12, 2011
Comment #1

အလို တိန်..တိန်..တိန် တဲ့လားဗျ
တော်သေးတာပေါ့ ဂိန်..ဂိန်..ဂိန် မဟုတ်လို့ ( just kidding)
ဝတ္ထုက ရီရတယ်ဗျ စာရေးသူ ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Oct 12, 2011
Comment #2

အဟီး………….

commentinfo By: အသဲကွဲမိုး at Oct 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment