Professional Authors

ဖရီး၏ ဂန္ထ၀င်အခမဲ့မှတ်စုများ (ငါး)

နောက်ဆုံးရသတင်းအတိုအထွာများ

(၁) စစ်ကြည့်လိုက်တော့  (surprise inspection)
လုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်လာစဉ် မှောင်ရိပ်ထဲတွင် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ခေါ်ယူ စစ်မေးရာ အသက်မပြည့်သေးသော ခြင်တစ်ကောင်ဖြစ်နေသောကြောင့် တိရစ္ဆာန်ရုံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်းသိရသည်။

(၂) ငုံ့မခံနိုင်ဘူး ( can’t resist more)
လူ့ပြည်တွင် ဘီလူးအတု နည်းပညာများ ထွန်းကားနေမှုကြောင့် ဒသဂီရိ ဦးဆောင်ပြီး ဘီလူးအစစ်များက တရားစွဲဆိုရန် စီစဉ်နေကြကြောင်း ခိုင်လုံသည့် ဘီလူးရပ်ကွက်မှသတင်းရရှိသည်။

(၃) လိုအပ်နေတာ (real need)
အရှေ့အလယ်ပိုင်းဒေသနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးမြေပုံတစ်ခု အပြီးသတ်ရေးဆွဲမှုပိုင်းတွင် အားနည်းနေခြင်း အတွက် ပန်းချီကျောင်းဆင်းများနှင့်တိုင်ပင်သင့်ကြောင်း နိုင်ငံတကာမှ ထင်မြင်ချက် ပေးလျက်ရှိပါသည်။

(၄) အနှေးယာဉ်စည်းကမ်းသစ်များ (new rules for trishaw)
အနှေးယာဉ်စည်းကမ်းသစ်များကို သက်ဆိုင်ရာမှ မကြားသေးမီကထုတ်ပြန်ထားရာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဆိုက်ကားနင်းစဉ် ဟန်းဖုံးမပြောရ
 (၂) ဆိုက်ကားနင်းစဉ် ခါးပတ် ပတ်ထားရမည်။
(၃) ဆိုက်ကားနင်းစဉ် တံခါးပိတ်မောင်းရန်။
(၄) ခြေနင်းတွင် လူပိုမတင်ရ။
(၃) မိုးရွာစဉ်ဆိုက်ကားနင်းပါက မျက်မှန်ပါရမည်။
(၄)တစ်နာရီ ၂၀ မိုင်ထက်ပိုမနင်းရ။
ဖောက်ဖျက်ပါက ပြင်းထန်စွာအရေးယူခြင်းခံရမည်။

အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။
မူလလက်ဟောင်းဖရီး  ( ပြောမဆုံးပေါင်တောသုံးတောင် http://asnstar.blogspot.com /  kokofree  www.facebook.com)

In: ဝတ္ထု Posted By: Date: Dec 18, 2010
Comment #1

😛
😛
million thz

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment