Professional Authors

ဖရီး၏ ဂန္ထ၀င်အခမဲ့မှတ်စုများ (နှစ်)

(မုန့်စားပြိုင်ပွဲ) (်snack racing)

လွတ်လပ်ရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် မုန့်စားပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင် နိုင်ပါသည်။ ယှဉ်ပြိုင်စားရမည့်မုန့်မှာ ကပ်စေးနဲနှင့်ပီကေ တို့ဖြစ်ကြောင်း သိရပါသည်။

(စစ်အေးချိန်ခွင်လျာ) (cold war balacing)

စစ်အေးလွန်ကာလတွင်အင်အားချိန်ခွင်လျှာညီစေရန်အတွက် အလေးမခိုးကြရန် UN မှ တိုက်တွန်း လိုက်ပါသည်။

(ပူတင့်အကြိုက်) (Putin’s preference)

ရုရှား သမ္မတ ပူတင် ၏ အကြိုက်ဆုံးမှာ ငါး ပူတင်း နှင့် ကြက်ဥ ပူတင်း တို့ဖြစ်ကြောင်း ရုရှားပြန် ဒေါ် ပုတင်
မှပြောကြားခဲ့ပါသည်။

(ချိုသောညီလာခံများ) (sweet discussions)

ရာသီဥတုနှင့် ပတ်သက်ပြီး ဘာလီ ညီိလာခံ ပြီးနောက် ဇီးနှင့်သစ်ခွ ညီလာခံတို့ ကျင်းပရန် ရှိသေးကြောင်း ဖျော်ရည်ရောင်းသူများကဆိုပါသည်။

(ဘလက် တွိုင်းလက်) (black toilet)

မြန်မာနိုင်ငံတွင် အိမ်သာနက် အသုံးပြုသူ ပိုမိုများပြားလာကြစေရန်အတွက် အိမ်သာများအား အနက်ရောင်သုတ်ကြရန် ကျွမ်းကျင်သူတစ်ဦးမှ အကြံပြုပြောကြားပါသည်။

( ပြောမဆုံးပေါင်တောသုံးတောင် http://asnstar.blogspot.com တွင်နောက်ထပ်များစွာဖတ်ရှုနိုင်ပါသေးသည်)

ရယ်မောပျော်ရွှင်နိုင်ကြပါစေ (မေတ္တာဖြင့် ကိုကိုဖရီး)

In: ဝတ္ထု Posted By: Date: Nov 18, 2010
Comment #1

ရယ်ရတယ်
ကျေးဇူးတင်ပါတယ်
ဟာသလေးတွေဖတ်ခွင့်ရလို့

commentinfo By: အသဲကွဲမိုး at Nov 19, 2010
Comment #2

he,,he,,
really can’t stop laughing,
million thz,

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment