ကျွန်မ ဧ။်ဝှက်ထားသောနေရာ…(သို.မဟုတ်) Facebook (ရင်တွင်းမှမြစ်ဖျားခံသော…)
Facebook ….
Facebook ကို လူတော်တော်များများ ကိုယ့်အကြောင်းနဲ.ကို အသုံးပြုနေကြတာဘဲလေ…
ကျွန်မ အတွက်တော့ Facebook က ကျွန်မ ရဲ. ၀ှက်ထားတဲ့ နေရာလေး တခုပါ…ကျွန်မ ကို ဘယ်သူမှ မသိတဲ့ နေရာလေးတခုပါ…ကျွန်မ ရဲ. ဒီ Facebook Account ကို စဖွင့်တုန်းက ကျွန်မ မှတ်မိပါသေးတယ်…ကျွန်မ ကို ဘယ်သူမှ မသိတဲ့ ကျွန်မ က လဲ ဘယ်သူ.ကိုမှ မသိတဲ့လူတွေနဲ. စပီး ဖွင့်ခဲ့တာပါ… အဲ့ဒါ ဘာကြောင့်လဲဆိုတော့ …ကျွန်မ အရင်က စိတ်တွေ တအားမွန်းကြပ်လာတဲ့ အချိန်မှာ ကျွန်မ နေရာ တခုကို တောင့်တ မိတယ်…ကျွန်မ ခံစားနေရတာတွေကို ရင်ဖွင့်ပီး ပြောချင်တာတွေပြောလို.ရမဲ့ နေရာ လေး တနေရာ သိပ်လို ချင်နေခဲ့မိတာလေ…. အပြင်လက်တွေ. ဘ၀မှာ အပေါင်းအသင်း နည်းပီး … သူငယ်ချင်းတွေနဲ. လွတ်လွတ်လပ်လပ် လျှောက်လည်ခွင့် သိပ်မရတဲ့ ကျွန်မအတွက် ကျွန်မ ရဲ. ၀မ်းနည်းမှုတွေ … စိတ်ညစ်နေတာတွေ … နောက်ပီး ကျွန်မ ရဲ. ပျော်ရွှင် မှုတွေ ကို ဝေမျှပေးနိုင် ဖို. ကျွန်မ အနီးမှာ ဘယ်သူမှ မရှိခဲ့ပါဘူး….ကျွန်မ ရဲ. မကြေနပ်ချက်တွေကို ရင်ဖွင့်ပြောပြချင်ပေမဲ့ လဲ ကျွန်မ အတွက် အခွင့်မရှိခဲ့ပါဘူး…အဲ့အတွက် ကျွန်မ ပြောချင်နေတာတွေပြောလို.ရနိုင်မဲ့ နေရာ လေးတခု သိပ်ကိုလို ချင်ခဲ့မိပါတယ်…Facebook က ကျွန်မ အတွက်တော့ အနဲဆုံး ကျွန်မ ရဲ. ပျော်ရွှင်နေတဲ့ အချိန်မှာ ၀မ်းနဲနေတဲ့ အချိန်မှာ အချိန်မရွေး ရင်ဖွင့်ပြောလို.ရတဲ့ နေရာ လေးတခုပါ….တခါတလေ…ကျွန်မရဲ. Wall ပေါ်မှာ ကျွန်မ ရဲ. ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ ကို လျှောက်ရေးနေတတ်မိပါတယ်…ဒါ ကျွန်မ Popular ဖြစ်ချင်လို.လဲ မဟုတ်ပါဘူး…သူတပါးရဲ. သနားဂရုနာ ကို လိုချင်လို.လဲ မဟုတ်ပါဘူး…တယောက်ယောက် ရဲ.စိတ်ဝင်စားမှုကို လိုချင်လို.လဲ မဟုတ်ပါဘူး….ကျွန်မ ရဲ. ခံစားချက်တွေ ဖွင့်ချချင်ရုံ သက်သက်ပါ…ကျွန်မ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်နဲ. တိုက်ဆိုင်နေတတ်တဲ့ ကဗျာတွေ သီချင်းတွေ notes လေးတွေ ကျွန်မ တင်တတ်ပါတယ်…Facebook ကို ကျွန်မ အသုံးပြုရခြင်းရဲ. အဓိကရည်ရွယ်ချက်ပေါ့…ဒါပေမဲ့ အချိန်ကြာလာတော့ ခင်မင်စရာကောင်းတဲ့ သူငယ်ချင်းတွေ ကျွန်မ ရဲ. အထီးကျန်ဆန်တဲ့ Facebook ထဲကို ရောက်လာ ကြတယ်လေ… သူတို. ကို ကျွန်မ အပြင်မှာ မသိကျွမ်းပါဘူး…ဒါပေမဲ့ ၀ါသနာတူ အကြိုက်ချင်းတူ …တဲ့ ခင်စရာကောင်းတဲ့ တကယ့်သူငယ်ချင်းတွေလိုပါဘဲ…ကျွန်မ Facebook ပေါ် တက်လိုက်လို. သူတို.တွေ ကျွန်မ ကို Tag ပေးထားတဲ့ ပုံလေးတွေ သီချင်းလေးတွေ note လေးတွေ ဖတ်ရတိုင်း နား ထောင်ရတဲ့ အချိန်တိုင်း ကျွန်မ အတွက်တော့ အပြင်မှာ သူငယ်ချင်းတွေနဲ. လျှောက်လည်နေရတဲ့ အချိန်လေးလို လွတ်လပ်ပျော်ရွှင်မှု ကို ခံစားရပါတယ်…သူတို. တွေ တင်ထားတတ်တဲ့ posts တွေကို လိုက်ဖတ်ရတဲ့ အချိန်ကလဲ ကျွန်မ အတွက်တော့ အပြင်မှာ သူငယ်ချင်းတွေနဲ. ကြည့်ဖူးတဲ့ ရုပ်ရှင် ကား အကြောင်း ထိုင်ပီး ပြောနေရသလိုပါဘဲ…ဒါတွေကတော့ Facebook လို. ခေါ်တဲ့ ကျွန်မရဲ.၀ှက်ထားတဲ့ နေရာလေးကနေ နောက်ထပ် မတောင်းဆိုဘဲ ရလိုက်တဲ့ အရာတွေပါ….သူငယ်ချင်းတွေကို ကျေးဇူးလဲ တင်ပါတယ်…သူငယ်ချင်း အားလုံး ကို လဲ ရိုးသားပွင့်လင်းစွာနဲ. ဘဲ…ပြောဆိုဆက်ဆံပါတယ်….ဒီလို ပြောလိုက်လို. သူတို.တွေ အားလုံး ကျွန်မရဲ. Gmail Gtalk အကောင့်ထဲမှာ ရှိ ကြလိမ့်မယ်လို. တော့ မထင်လိုက်ကြပါနဲ.ဦးနော်…သူတို.တွေက ကျွန်မရဲ. silent and invisible best friends တွေပါ….ဒါပေမဲ့ ကျွန်မ အပေါ်ကို တယောက်ယောက်က အထင်အမြင်လွဲ မှားနေတယ်လို. ကျွန်မ ခံစားမိနေရပါတယ်… … အထင်သေး နေတာလဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်လေ…အဲ့ဒီ့အတွက် ကျွန်မ သိပ်ဝမ်းနည်းမိပါတယ်…ခု ဒီ note လေးကို ရိုက်ဖို. အချိန် မိနစ် 30ကျော်ကျော်လောက် ယူလိုက်ရတယ်လေ…ဘာလို.လဲ ဆိုတော့ ကျွန်မ ဘ၀မှာ အားနည်းချက်ကြီး 2 ခုရှိပါတယ်…တခုက ဘယ်လို သင်သင် တူနဲ. မစားတတ်ခြင်းနဲ. နောက်တခုက ဘယ်လောက် ရိုက်ရိုက် myanmar font ရိုက်တာ ကြာမြဲ ကြာဆဲဘဲလေ….ကျွန်မ တော်တော် လေး ညံ့တာဘဲနော်….ဟုတ်မှာပါ…တော်တော်လေးလဲ အသုံးမကျဘူး….ရိုးသားစွာ အပွင့်လင်းဆုံးနေထိုင် ပေမဲ့ လူတယောက်ဆီက လိုချင်နေတဲ့ ယုံကြည်မှုကို ကျွန်မ ဘာလို.မရတာလဲ….ဒါ ကျွန်မ ညံ့လို.ဘဲပေါ့…အသုံးမကျလို.ဘဲ နေမှာပါ…..
Comment #2
Myanmar Typing ကိုကြိုးစားပြီးကျင့်ကြည့်ပါလား
တော်တော်လေးတိုးတက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်
အားမငယ်ပါနဲ့ကျွန်တော်လည်း Typing နဲ့ကျင့်ခဲ့ရတာပဲလေ
အားလုံးအဆင်ပြေမယ်ထင်ပါတယ်….
By: tuntun at Oct 4, 2011
Comment #3
bar phyit tay le?
ei lay so yin lone wa lone wa ma yike tat bu.
fb le tate p dot ma tone phyit par bu.
By: ei lay at Nov 6, 2011
Comment #4
a khu dot ei lay le fb tone phyit twar par p…
By: ei lay at Jan 3, 2012




Comment #1
အဲလောက်လည်းမညံ့ သေးပါဘူး…. မိုးသည်းနဲ့ ခပ်ဆင်ဆင်တူတဲ့ ကျွန်မတစ်ယောက်လုံးရှိပါသေးတယ်…..
တူကိုင်တာမကျွမ်းတာရော မြန်မာfont ရိုက်ရင်နှေးတာရော ပေါ့း) ကျွန်မ မြန်မာစာရိုက်ရင်နှေးလို့ ခဏခဏ လှောင်ခံရဖူးတယ်…ဒါတွေက လေ့ ကျင့် ရင် ရနိုင်ပါသေးတယ်…
fb လိုဝှက်ထားတဲ့ နေရာလေးတစ်ခုရှိတာကောင်းတယ်နော်… ကျွန်မလည်း လိုချင်ခဲ့ မိတာလေ…ဒါပေမယ့် ကျွန်မ fb က၀ှက်ထားသလိုမျိုးမဟုတ်တာကလွဲလို့ မိုးသည်းနဲ့ အတူတူပဲ….ကိုယ့် စိတ်ထဲမှာဖြစ်နေတာတွေအားလူံး ဘယ်မှာမှရှာမနေရဘဲ fb ထဲမှာကြည့် လိုက်တာနဲ့ သိနိုင်တယ်…ဘယ်သူတွေဘာပဲပြောပြော ကျွန်မတော့ ရေးဆဲရေးမြဲ ပဲ…အဲလိုရေးလိုက်ရတာနဲ့ ကျွန်မစိတ်တွေ နည်းနည်းတော့ ပေါ့ သွားတယ်
fb ကကျွန်မရဲ့ အရင်းနှီးဆူံးသူငယ်ချင်းတစ်ယောက်ပဲ…ကျွန်မကိုမ၀ှက်ထားတာလွဲရင်ပေါ့း)