ပိုချစ်ရတဲ့သူ ကျွန်မဘဲဖြစ်ပါရစေ…(ရင်တွင်းမှမြစ်ဖျားခံသော…)
သတိရတာ လွမ်းတယ်ဆိုရင် ကို. ကိုလွမ်းနေတယ် ကို… ကို ဘာတွေလုပ်နေမလဲ တွေးမိတာအခါခါပါဘဲ…
နေရောကောင်းရဲ့လား… ကျန်းမာရေးကို ဂရုစိုက်ဖို့ ကျွန်မ မှာပြောခွင့် ရှိပါသေးတယ်နော်…
ကို ကျွန်မကို ချစ်တယ်လို့ပြောခဲ့တဲ့နေ့ကို ကျွန်မ ဘယ်လိုမှမေ့လို့ မရဖူး ကို… ကို ကျွန်မဆီ စိုးရိမ်လို. ဖုန်းဆက်တဲ့ နေ.က ကို.ရဲ. စိုးရိမ်နေတဲ့လေသံလေးကို ကျွန်မတသက်မမေ့နိုင်ခဲ့ပါဘူး…ကျွန်မတို. ချိန်ထားတဲ့နေ.က ကိုနောက်ကျသွားလို.ကျွန်မစိတ်ဆိုးသွားပီအထင်နဲ. ကျွန်မဆီပို. လိုက်တဲ့ အသံဖိုင်းလေးထဲက ကို.
ပြောလိုက်တဲ့ စကားကို ပိုပြီး ဂရုဏာ သက်ခဲ့မိတာပါ…
ကိုရဲ့ အသံလေးက ကျွန်မထားခဲ့မှာ စိုးရိမ်နေတာ အရမ်းသိတာလွန်းနေတယ်လေ…
အဲဒီအချိန်တုန်းကတော့ ကို ကျွန်မ ထားခဲ့မှာ ကိုတော်တော်စိုးရိမ်နေခဲ့တယ်နော်…
ကျွန်မတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ပေမဲ့
ကျွန်မကို.ကိုနားမလည်တာတွေ အများကြီး ရှိခဲ့သလို ကို ကျွန်မကို နားမလည်တာတွေလဲ အများကြီး ရှိခဲ့မယ် ထင်တယ်နော်…
ကျွန်မ သူငယ်ချင်းတွေ
နဲ့စကားပြောရင် ကိုမျက်နှာပျက်နေခဲ့တယ်နော်.. ဒါပေမဲ့ မကြိုက်ဖူးနောက် မပြောနဲ့လို့ တခွန်းမှမပြောခဲ့ဖူးနော်…
ကိုမကြိုက် မှန်းသိလို့ ကျွန်မ ဘယ်သူနဲ့မှ
စကားမပြောဖြစ်ခဲ့လို့ အခု အချိန်မှာတော့ ကျွန်မမှာသူငယ်ချင်း တယောက်မှတောင်မရှိတော့ပါဖူး…
ကျွန်မ မှာကိုရှိတယ်ဆိုတဲ့ အတွေးတစ်ခုနဲ့ဘဲ အားလုံးပြည့်စုံနေခဲ့
တာပါကို… ဒါပေမဲ့ အမြဲတမ်း ကို ကျွန်မကိုနောက်ဆုံးနေရာမှာ ထားထားတာ…ကို နဲ.စကားပြောချင်လို. အကြာကြီး ထိုင်စောင့်နေခဲ့ရပေမဲ့ …ကို ကအမြဲတမ်းကျွန်မအတွက်အချိန်မပေးနိုင်ခဲ့ပါဘူးလေ… ကျွန်မ ကိုမေ့နေတဲ့ကို.ကို ကျွန်မ သ၀န်တို
ခွင့်မရှိ ဖူးလားကို…ကိုပြောတာက” မင်းကို ချစ်နေရင်ပြီးရောမဟုတ်လားတဲ့။” အချစ်ဆိုတာ ချစ်တယ်လို့ပြောနေရုံနဲ့ပြီးပြီ
လို့ကိုထင်ခဲ့တာလား…ကိုမကြိုက်တာ
မှန်သမျှ ကျွန်မအားလုံး ဂရုစိုက်ပြီး ရှောင်ခဲ့တယ်…ကျွန်မ ဖက်ကြတော့ကိုမကြည့်ပေးခဲ့ဖူးနော်။ ကိုနေတတ်သလို
နေတာကို ကျွန်မက အပြစ်ရှာတယ်တဲ့လား… ကျွန်မ ကို ဂရုစိုက်စေချင်လို. ပြောနေတာတွေကျတော့ လဲ ပူညံပူညံလုပ်တယ်…ရစ်တယ်တဲ့ လေ…ရင်ထဲကလာတဲ့ စကားလုံးတိုင်းကိုလဲ လျှောက်ပြောတဲ့ စကားတွေလို. ကိုကလုပ်ချလိုက်ပြန်ရော….
ကျွန်မ ကလေးဆန်တာမဟုတ်ပါဘူး…အရာအားလုံးကိုလဲ နားလည်ပါတယ်…ဂရုစိုက်မှုခံချင်လို. ဆိုးချင်ယောင်ဆောင်ခဲ့မိတာပါ….ဒါပေမဲ့ ကျွန်မလိုချင်တဲ့ ဂရုစိုက်မှုကို မရခဲ့ပါဘူး…ရက်စက်တဲ့ စကားလုံးတွေအောက်မှာဘဲ ကျွန်မ ကျရှုံးခဲ့ရပါတယ်…
တန်ဖိုးဆိုတာကို ကိုဘယ်လိုသတ်မှတ်မှာလဲကို… ကျွန်မ စိတ်ဆိုးနေပေမဲ့လဲ ကျွန်မကိုအလျော့ပေးဖို့ မစဉ်းစားဘဲ
အမြဲ အနိုင်ယူခဲ့တာတွေ၊ ချစ်တယ်လို့ ပြောပြီး နားလည်မှု မပေးခဲ့တာတွေဟာ ကိုသတ်မှတ်ထားတဲ့
တန်ဖိုးတွေလားကို… ကျွန်မ အတွက် ကိုဟာတခြားတယောက် နဲ့ 
ယှဉ်ပြိုင်စရာမလိုအောင် တစ်ယောက်တည်းရှိနေခဲ့တာပါ…ကို …ကျွန်မ လဲ သိပ်ပီးအချိန်တွေပိုနေလို. ချစ်သူ.ရဲ.ဂရုစိုက်မှုကို တောင့်တနေခဲ့မိတာမဟုတ်ပါဘူး…ခုချိန်မှာ ကျွန်မ ဘယ်လို နေထိုင်ရမလဲ ကောင်းကောင်းကြီး သိသွားပါပီ…ကျွန်မ ဘယ်လိုနေမှ လဲ ကို စိတ်ချမ်းသာမလဲ ဆိုတာ သဘောပေါက်သွားပါပီ….စိတ်ထဲကနေဘဲ ချစ်နေပါတော့မယ်…ကို ပြောတဲ့စကားအတိုင်းပါဘဲ ချစ်နေရင်ပီးတာပါဘဲလေ…ရှေ.ရေးအတွက် ကျွန်မ လုပ်စရာရှိတာ ဆက်လုပ်တော့မယ်…
အခုအချိန်မှာတော့  ကို.ကိုကျွန်မ အရမ်းသတိရနေပါတယ် ကို………..။
(ချစ်တယ်လို့ ပြောတတ်တိုင်း အချစ်စစ်မဖြစ်နိုင်သလို၊ ချစ်တယ်လို့ ဖွင့်မပြောပေမဲ့လဲ အချစ်စစ်ဖြစ်နေတတ်တာပါလား)
Comment #2
“ ကိုနေတတ်သလို
နေတာကို ကျွန်မက အပြစ်ရှာတယ်တဲ့လား… ကျွန်မ ကို ဂရုစိုက်စေချင်လို. ပြောနေတာတွေကျတော့ လဲ ပူညံပူညံလုပ်တယ်…ရစ်တယ်တဲ့ လေ…”
By: kyi kyi at Mar 31, 2011
Comment #6
ဟုတ်တယ်နော်……..ချစ်တယ်ဆိုတိုင်း အချစ်မဟုတ်နိုငိဆို နိုင်သလိ
ချစ်တယ်လို.မပြောပေမဲ.ချစ်နေ တာလည်းဖြဟ်နိုင်ပါတယ်ု
By: thuthu at Jul 30, 2011
Comment #7
hote lar.ti par bu.
pyaw hma chit de loh khan u htar tar.
he,,he,,
By: ei lay at Aug 2, 2011
Comment #8
yeah!!!!!!!so do I.
“Love Is a Beautiful Forest Where Brave Tigers are Killed by the attractive eyes of Beautiful Deer..!”
Its so hard to forget some1.Sometime,Its so easy to fragile also.Really,I don’t think so its.
By: yinmar at Aug 3, 2011
Comment #9
ယှဉ်ပြိုင်စရာမလိုအောင် တစ်ယောက်တည်းရှိနေခဲ့တာပါ…ကို …ကျွန်မ လဲ သိပ်ပီးအချိန်တွေပိုနေလို. ချစ်သူ.ရဲ.ဂရုစိုက်မှုကို တောင့်တနေခဲ့မိတာမဟုတ်ပါဘူး…
ကို ပြောတဲ့စကားအတိုင်းပါဘဲ ချစ်နေရင်ပီးတာပါဘဲလေ…ရှေ.ရေးအတွက် ကျွန်မ လုပ်စရာရှိတာ ဆက်လုပ်တော့မယ်…
ကောင်းလိုက်တာ မိုးညရယ်……တကယ်ကောင်းပါတယ်…..။
By: ကေသရီ at Sep 26, 2011




Comment #1
ခံးစားချက်တွေကို ချရေးဖြစ်မိပြန်ပါပီ…ဒီက သူငယ်ချင်းတွေကို မေးခွန်းလေးတခု မေးချင်ပါတယ်…ဒီ Poem Corner မှာ Profile Photo လေး တင်ချင်လို. ဘယ်လို တင်ရလဲ ဆိုတာ သိရင်ပြောပြပေးကြပါရှင် !