Professional Authors

ကျွံသွားမိတဲ့ခြေလှမ်းလေး ပြန်နှုတ်ပါရစေ…(ရင်တွင်းမှမြစ်ဖျားခံသော…)

သေချာသွားခဲ့ပါပီ…ငါဟာနင့်ဘ၀အတွက်ပိတ်ဆို.နေတဲ့အမှိုက်ဆိုတာ…အမှိုက်ဆိုတာသေချာသွားအောင်…ငါ့တို.အဖြစ်ကို လူတိုင်းသနားစရာဖြစ်လောက်အောင် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ…ရေးလိုက်တဲ့နင်တော်ပါတယ်…နင်ငါ့ကိုဘာမှပေးစရာမလိုပါဘူး…နင့်အတွက်အရာရာမှာ နားလည်မှုတွေပေးနိုင်တဲ့သူ…နင်စိတ်ဓာတ်ကျနေချိန်မှာ နင့်ကိုအားပေးစကားပြောပေးနိုင်တဲ့သူ…နင်လိုအပ်နေတဲ့အရာတိုင်းကိုတတ်နိုင်သလောက် ဖြည့်စွမ်းပေးနိုင်တဲ့ သူ…အရာရာမှာ နင်နဲ.ပတ်သက်လာရင်ပထမဦးဆုံးလူဘဲ ဖြစ်ချင်တာလေ…မထင်ရဘူးနော်…ဖြစ်ချင်ခဲ့တာက တခြား…ဖြစ်သွားခဲ့တာက အမှိုက်တဲ့လား…ငါနင့်ဆီက ဘာတွေများလိုချင်ခဲ့မိလို.လဲ…ဘာမှလဲမရခဲ့ပါဘူး…နင်ပေးမယ်လို.ပြောထားဘူးတဲ့အရာတွေလောက်ဘဲ

…ငါမျှော်လင့်နေခဲ့ရတာပါ…ဒါပေမဲ့ သီချင်းလေးတပုဒ်တောင် နင်ငါ့အတွက်မပေးချင်မှန်းသိနေခဲ့ပါတယ်…နင်က ဘယ်အရာကိုမှ ငါ့အတွက် လွယ်လင့်တကူလုပ်ပေးခဲ့တယ်ဆိုတာ..မရှိသလောက်ပါဘဲ..နင်မှတ်မိသေးလားတော့မသိဘူး…နင်ပေးခဲ့တဲ့ သီချင်းတပုဒ်ငါနားထောင်လို.မရလို. နင့်ကို ပြောခဲ့တုန်းကလေ…ငါက software ပိုင်းတွေ သိပ်မသိလို.ပါ…အဲ့တုန်းကလဲ အဲ့ဒီ့သီချင်းလေးနားထောင်ဖို.3 ပတ်နီးပါးလောက်စောင့်ယူလိုက်ရတယ်လေ…ငါ့အတွက်တော့ အမှတ်တရဘဲပေါ့…ဘယ်အရာမှစောင့်ယူချင်စိတ်မရှိတဲ့ စောင့်ရတဲ့အလုပ်ဆိုသေလောက်အောင်မုန်းတဲ့ ငါ့ကို…စောင့်ရတဲ့အရသာဘာလဲ ဆိုတာကောင်းကောင်းကြီးသိသွားစေတာပေါ့လေ…အေးစက်စက်နေတတ်တဲ့ နင့်အကျင့်တွေကြောင့် တနေ..ဒီလိုတွေ ဖြစ်လာမယ်ဆိုတာကြိုသိခဲ့ပါတယ်…ဒါပေမဲ့ နောက်တလှမ်းဆုတ်ဖို.ကြိုးစားတိုင်း ရှေ.သုံးလေး လှမ်း လှမ်းမိတဲ့ ငါ့ရဲ. အပြစ်တွေဘဲပေါ့နော် ???

နင်တကယ်ဘဲ စကားလုံးလှလှလေးတွေ ရွေးပီးပြောသွားတတ်တယ်နော်…တကယ်တမ်းအရင်းစစ်လိုက်တော့…နင်ပြောချင်နေတာကို…ကိုငါသိပါတယ်…

“ငါသွားမဲ့လမ်းမှာနင်လာမရှုပ်ပါနဲ. ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့ ” လို. နင်ပြောနေတယ်ဆိုတာ သိနေနှင့်ပါတယ်…ဘာလို.လဲဆိုတော့…နင်အမြဲပြောနေကြ ငါက နင့်ကိုနားလည်မှုပေးနိုင်တဲ့လူ ဖြစ်နေလို.ဘဲ..နင့်ဆီမှာဘဲ…အချစ်ထက်အရေးကြီးတဲ့ အရာတွေရှိနေတာမဟုတ်ပါဘူး…ငါ့ဆီမှာလဲ…ကြိုးစားရဦးမဲ့ရည်မှန်းချက်တွေ… အများကြီးနဲ.ပါ…နင်ပြောသလိုဆိုရင်..ရည်မှန်းချက်

ကြီးသူတွေတိုင်း မချစ်ရတော့ဘူးတဲ့လား…အချစ်က ဘ၀ရည်မှန်းချက်တွေကို ပျက်စီးစေတဲ့အရာလား??? ငါတကယ်နားမလည်နိုင်တော့လို.ပါ…နင်ဒီစာကို ဖတ်မိတယ်ဆိုရင်တော့ ဥာဏ်မမီတဲ့ ငါ့အတွက်ဖြေပေးခဲ့ပါဦးနော်…ဒီလိုမေးလိုက်လို.

“ငါတကယ်ချစ်တဲ့လူဆိုရင်တော့ ဘယ်ပြောပါ့မလဲ” ဆိုတဲ့ အဖြေဖြစ်နေရင်တော့…ဖြေမနေပါနဲ.တော့ဟာ…ငါ နင့်ရဲ.ရက်စက်တဲ့ စကားလုံးတွေဆက်နားထောင်ဖို.သတ္တိတွေ မရှိတော့လို.ပါ…နောက်တခု ငါပြောချင်တာရှိသေးတယ်…နင်က စပီးမျှော်လင့်ချက်တွေပေးခဲ့လို. ငါဇွတ်တိုးခဲ့တယ်လို. နင်ထင်နေတာ..အရမ်းမှားတယ်နော်…နင်ပြန်စဉ်းစားကြည့်လိုက်ပါဦး…နင်ဘယ်တုန်းက ငါ့ကို မျက်နှာသာပေးဘူးခဲ့လို.လဲ..င့ါအတွက်တော့ နင်နဲ.စကားပြောဖို.တောင်မှမျှော်လင့်ချက်ကြီးတခုကိုစောင့်မျှော်နေရသလိုပါဘဲ…ငါအဲ့လိုမျိုးစောင့်မျှော်နေတဲ့ အချိန်တိုင်းမှာ…ဘယ်လောက်ဝမ်းနည်းနေခဲ့ရလဲ ဆိုတာ နင်မသိခဲ့ပါဘူး…ငါလောဘ မကြီးခဲ့ပါဘူးနော်…နင်မပြောချင်မှန်းသိလို. လဲ ငါနှုတ်ဆိတ်နေပေးခဲ့ပါတယ်…ငါစိတ်ဆိုးသွားမှန်း နင်သိနေလဲ နင်သွေးအေးမြဲသွေးအေးနေတာဘဲလေ…ငါနင့်ပို.လာမဲ့ သီချင်းတွေကို မျှော်နေမိပေမဲ့လဲ…5 ပုဒ် ပို.မှ မကောင်းတတ်လို. 1 ပုဒ်ပြန်ပို.တတ်တဲ့ နင့်အကျင့်ကြောင့်…ငါကဘဲ သီချင်းတွေ ပို.ပေးခဲ့တာဘဲ…မတတ်နိုင်ဘူးလေ….ဒါတွေ က ထိမ်းချုပ်ထားလို.မှ မရတာဘဲ…နောက်လဲ အများကြီးရှိပါသေးတယ်…နင်တောင် သတိမထားမိလိုက်တဲ့ အသေးအမွှားလေးတွေက…ငါ့အတွက်ဘယ်အတိုင်းအတာထိ ရောက်သွားလဲ ဆိုတာ…ခုချိန်မှာပြောနေလဲ မထူးတော့ပါဘူး…ဟုတ်တယ်မလား?…သေချာတာတခုကတော့ ငါက ငါကိုယ်တိုင် ဖန်းတီးယူခဲ့တဲ့ မျှော်လင့်ချက်တွေနဲ. ရူးသွားတဲ့သူပါ…နင်ပြောဖူးသလိုပါဘဲ…ဘယ်သူကမှငါနဲ.ပြိုင်မနေပါဘူး…ဒါပေမဲ့လဲ အချစ်မဲ့တဲ့နင့်ရဲ. လက်ထဲမှာတော့…ပြိုင်ဘက်မရှိ ရှုံးနိမ့်သွားခဲ့ပါပီ…ရှက်တော့ရှက်စရာကြီးပေါ့ဟာ…ပြိုင်ဘက်မရှိတာတောင်မှ နိုင်အောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး…ဘယ်တတ်နိုင်မလဲလေ…နင်ပြောခဲ့ဘူးတဲ့စကားတခွန်းလိုပါဘဲ…”လောကကြီးမှာ အဆိုးရတာ ဘာမှ မရှိပါဘူး”ဆိုတာလေ…နင်အရမ်းတော်ပါတယ်…ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို လာပီး like လုပ်ပေးတဲ့လူတွေကို ပြုံးပြုံးလေးနဲ. နင်ကျေးဇူးတင်ပါတယ်လို. ပြောနေနိုင်တယ်နော်…အင်းပေါ့လေဒီ ဇာတ်လမ်းမှာ နင်က သူရဲကောင်းကြီးဖြစ်နေတာကိုး..ငါ့အတွက်တော့ ………….ပြိုင်ဘက်မရှိရှုံးနိမ့်သူဖြစ်သွားတဲ့ ဇာတ်လမ်းလေးပါဟာ…

… ပုံမှန်အခြေအနေပြန်ရောက်ဖို. ငါမနည်းကြိုးစားယူရဦးမှာပါ…သွေးအေးတဲ့ နင့်ကို “ငါ့အတွက်စိုးရိမ်မနေပါနဲ….နင့်ရဲ. ရည်မှန်းချက်ပန်းတိုင်ကိုသာရောက်အောင်သွားပါ” လို. ငါပြောမနေတော့ပါဘူး…နင်သိချင်မှာ မဟုတ်သလို…ဂရုစိုက်မှာလဲ မဟုတ်မှန်းသိပါတယ်ဟာ…တကယ်တော့ ငါဟာ နင်လမ်းသွားရင်းတိုက်မိခဲ့တဲ့ ကျောက်တုံးလေးပါ…နင့်ကို ခဏတာ နာကျင်မှုပေးခဲ့မိတဲ့ ကျောက်တုံးလေးကို နင်ဒီလိုဘဲ လှည့်မကြည့်ဘဲချန်ထားခဲ့သင့်ပါတယ်လေ…ကျောက်တုံးလေးကတော့ စိတ်မဆိုးပါနဲ.တောင်းပန်ပါတယ်လ.ို ပြောချင်နေမိပေမဲ့…ကျောခိုင်းပီးရှေ.ဆက်လျှောက်သွားတဲ့ နင့်ရဲ. ကျောပြင် ကိုဘဲ ငေးကြည့်နေရုံဘဲပေါ့နော်…စိတ်ချပါ…ငါမနှောင့်ယှက်တော့ပါဘူး…နင်ရှောင်ထွက်ပေးစရာမလိုပါဘူး…ကျွံမိတဲ့ ငါ့ခြေလှမ်းတွေကို ငါဘဲ ပြန်နှုတ်သွားပါ့မယ်…နင့်ဘက်ကကြည့်တော့နင်မှန်ပါတယ်လေ..အရာရာအတွက် ကျေးဇူးတင်ပါတယ် !



In: ဝတ္ထု Posted By: Date: Apr 1, 2011
Comment #1

အချစ်က ဘ၀ရည်မှန်းချက်တွေကို ပျက်စီးစေတဲ့အရာလား???
ဖတ်မိတဲ့သူများရှိခဲ့ရင်ဖြေပေးခဲ့ကြပါဦး !

commentinfo By: မိုးသည်း at Apr 1, 2011
Comment #2

အချစ်ကြီးသူက ရှုံးတာပဲ ရှေးလူတွေ ဆုံးမကြတယ် ဘာတတ်နိုင်မလဲ…………. စသဖြင့်ပေါ့

commentinfo By: jqy at Apr 1, 2011
Comment #3

request ခွင့်ပတ်ထားလို့ poke တော့ လုပ်ခဲ့တယ် ။ fb မှာ

commentinfo By: jqy at Apr 1, 2011
Comment #4

ဟုတ်ကဲ့ ကျေးဇူးပါ…Rebcca ရဲ.သီချင်းလေး ဆိုပြသွားလို. 🙂

commentinfo By: မိုးသည်း at Apr 1, 2011
Comment #5

ဟား ဟား ပိုစ့်ကို သုံးသပ်ချက်ပေးတာပါဗျာ

commentinfo By: jqy at Apr 1, 2011
Comment #6

ဟုတ်ကဲ့ပါ နောက် posts လေးတွေမှာလဲ ဒီလို Comment လေးတွေများများပေး အားပေးပါဦး….fb မှာ add ထားလိုက်ပါပီ…Accept လုပ်ပေးပါဦးနော့ !

commentinfo By: မိုးသည်း at Apr 1, 2011
Comment #7

ဘာကိုရည်ရွယ်တာလဲ

commentinfo By: YA MIN THU at Sep 21, 2011
Comment #8

ti par bu

commentinfo By: ei lay at Nov 6, 2011
Comment #9

now,,i understand well.
really perfect.
really really really really,,,,,,,,,,,,,

commentinfo By: ei lay at Jan 3, 2012
Comment #10

တော်လိုက်တာနော်.ကျမခံစားချက်နဲ့အ၇မ်းထပ်တူနေတယ်. ထပ်တူခံစားအားပေးသွားပါတယ်၇ှင်

commentinfo By: ဒေါင်းပျိုမယ် at Jan 9, 2014
Comment #11

Feel again.

commentinfo By: ei lay at Jan 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment