Professional Authors

ကိုFriend နေကောင်းရဲ.လား…???(ရင်တွင်းမှမြစ်ဖျားခံသော…)

နင့်ကို ငါ ပုံပြင်လေးတပုဒ်ပြောပြခဲ့ဖူးတယ်…နင်မှတ်မိနိုင်ပါဦးမလား…ငါးစားဖို.ကြောက်နေတဲ့ ငါးကြိုက်တဲ့ ကောင်လေးတယောက်အကြောင်း ပုံပြင်လေးလေ…နင် မမှတ်မိလဲ ငါ ထပ်ပြောပြမယ်လေ…ပုံပြင်တွေမှာ အမြဲစတတ်တဲ့ နိဒါန်းလေးနဲ.ဘဲ ငါ အစချီပါရစေတော့….တခါတုန်းက ငါးသိပ်ကြိုက်တဲ့ ကောင်လေးတယောက်ရှိတာပေါ့…ဒါပေမဲ့ သူက ငါးစားရင်း အရိုးစူးမှာလဲ သိပ်ကြောက်နေတဲ့ သူတယောက်ပေါ့… သူကြောက်လဲ ကြောက်လောက်ပါတယ်လေ…အတိတ်တချိန်တုန်းက အသက်မသေရုံ ငါး အရိုးစူးခဲ့ဖူးတာကိုး…ဒါပေမဲ့ သူ တနေ.မှာ ငါးမလေးတကောင် ဖမ်းလာခဲ့တယ်လေ…စားဖို.ဆိုတဲ့ ရည်ရွယ်ချက်နဲ.ပေါ့…အိမ်ရောက်တဲ့ အချိန်မှာတော့ သူရဲ.ကြောက်စိတ်တွေ ငါးစားရမှာကြောက်တဲ့စိတ်တွေ ပြန်ဖြစ်လာတာနဲ. မစားရဲသေးလို. ငါးမလေးကို ဖန်ဖလားလေးထဲက ရေထဲမှာ ဖမ်းထားလိုက်တယ်လေ…တနေ.တနေ. စားရကောင်းနိုးနိုး နဲ. ငါးမလေးကို ဖလားလေးထဲက ထုတ်လိုက် …ဓားကြီးနဲ. ရင်ကို ခွဲမယ်ဟန်ပြင်လိုက်…အတိတ်ကို ပြန်သတိရလို. မစားရဲလိုက်နဲ. …ငါးမလေးမှာတော့ရင်တမမနဲ.ပေါ့…သူသေရမဲ့ ရက်ကို စောင့်နေရတာလေ…နင်မှတ်မိသေးလား…အဲ့ ပုံပြင်လေးက အမှန်တော့ ဘယ်သူမှပြောပြခဲ့တာမဟုတ်ပါဘူး…ငါတမင် ဖန်တီးပြောပြခဲ့တဲ့ ပုံပြင်လေးပါ…ငါ အဲ့ပုံပြင်လေးပြောပြခဲ့တဲ့နေ.က နင်ပြောလိုက်တဲ့ စကားလေးငါမှတ်မိနေပါသေးတယ်…”ငါးစားချင်တယ်တဲ့…”  …ပီးတော့ နင်အရမ်းပျော်နေခဲ့တာလေ…ပုံပြင်လေးကို သဘောကျသွားလို. နင်ရယ်လိုက်တဲ့ ရယ်သံလေးတွေ ငါခုထိ အမှတ်ရနေဆဲပါ…

အဲ့နေ. အဲ့ အချိန်လေးအတွင်းမှာတော့ fairy tale လေး ငါဆက်မက်ရဦးမယ်လို. ငါထင်ထားခဲ့တာပေါ့…

 

နင်သတိထားမိရဲ.လားတော့မသိဘူး…ငါတို. ဆုံတွေ.ခွင့်ရခဲ့တဲ့ အချိန်တိုလေးအတွင်းမှာ …နင်အများဆုံးပြောဖြစ်ခဲ့တဲ့ စကားတွေက “ကလေး မဆန်ပါနဲ.”  ” သွားတော့မယ်” “အိပ်တော့မယ်” “စိတ်ရှုပ်မခံနိုင်တော့ဘူး” ဆိုတဲ့ စကားတွေလို. ငါထင်တာဘဲ….ငါ့ဘက်က အများဆုံးပြောခဲ့ရတာကတော့ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားတခွန်းဘဲလေ…အဲ့ဒါကြောင့်လဲ အောင်လ ဆိုထားတဲ့ တောင်းပန်တယ် သီချင်းကို ငါနားမထောင်ချင်တော့တာနဲ. တူတယ်…

 

အောင်လ ဆိုလို. ငါသတိရမိတာလေးပြောရဦးမယ်…ငါက အောင်လ သီချင်းတွေကောင်းတယ်လို.ပြောတော့…နင်က ဘယ်က အောင်လလဲ…အောင်ဗလကြော်ဘဲ သိတယ်လို. နင်ပြောတော့ ငါတော်တော်လေးရယ်လိုက်ရသေးတယ်…နောက်ပီး နင့်အကြိုက်ဆုံးသီချင်းက အလှကမ်ဘာမြေ တဲ့လေ…ငါနဲ.တော့ ဆန်.ကျင်ဘက်ပေါ့…ဒီလိုပါဘဲ…နင်နဲ.ငါနဲ.ကြားမှာ ဆန်.ကျင်ဘက်တွေအများကြီး အစထဲက ရှိနေခဲ့တာဘဲလေ…တူတာလေးတွေလဲ ရှိတော့ရှိတာပေါ့လေ…မင်းသုဝဏ်ကဗျာလေးတွေ နင်ကြိုက်တတ်သလို ငါလဲသိပ်ကြိုက်တာဘဲလေ…တခုခုဆို အနားနီးမှ လုပ်တတ်တဲ့ အကျင့်ဆိုးလေးလဲ လာတူနေတာပါဘဲ…အင်းလေ…….ဒါလောက်လေး လာတူနေရုံနဲ.တော့ ဘ၀တခုအတူတူ တည်ဆောက်ဖို. ဘယ်လုံလောက်ပါ့မလဲလေ….နော့……..

 

ခုဒီစာကို ရေးနေတဲ့ အချိန်မှာ နင့်ကို သိပ်ပြောပြချင်နေတဲ့ စကားလေးတွေတော့ရှိပါတယ်…ဒီစာလေးကို နင်ဖတ်မိနိုင်ပါစေလို.လဲ ငါဆုတောင်းနေမိတယ်လေ…ငါတွဲထားတဲ့ ငါ့ရဲ. လက်ကို ငါကိုယ်တိုင်ဖြုတ်ပီးနေရစ်ခဲ့ပေးတာ…နင့်ကို မုန်းလို. မဟုတ်ရပါဘူး…နင်သွားရမဲ့ လမ်းမှာ နင့်ကို ဒီ့ထက်ပိုပီး စိတ်မရှုပ်စေချင်တော့လို.ပါ…ရှေ.ခရီးလမ်းကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ. သွားစေချင်ရုံသက်သက်ပါ…ငါ့ကိုလဲ ဒုတိယအကြိမ် နင့်ကို ငါးအရိုးစူးစေခဲ့သူအဖြစ်မမြင်စေချင်ဘူးလေ…ငါ့အတွက် သိပ်ပီးမခံစားပါနဲ. …အခြေအနေအခွင့်ပေးခဲ့မယ်ဆိုရင် …ငါ နင့်ရဲ. အခင်ဆုံးသူငယ်ချင်းတယောက်အနေနဲ. ရှိချင်ပါသေးတယ်…ဘာလို.လဲ ဆိုတော့ နင်ကလူတော်တယောက်ဆိုတာ ငါသိနေလို.ပါ…ခုထိလဲ ငါတို. 2ယောက်အကြောင်း သိနေတဲ့ ငါ့သူငယ်ချင်းတွေ နင့်အကြောင်းလာလာ မေးတိုင်း …နင့်ရဲ. ကောင်းကြောင်းတွေချည်းဘဲငါပြန်ပြောပြနေမိတုန်းပါဘဲ….

 

နောက်ဆုံးအနေနဲ. ငါတခုတော့ တောင်းပန်ချင်ပါသေးတယ်…ငါနေရစ်ခဲ့တဲ့ နင့်ရဲ. နောက်ကျောဘက်ကို ဘယ်တော့မှ ပြန်လှည့်မကြည့်လိုက်ပါနဲ. …ငါနေရစ်ခဲ့တာ နင် ပြန်အလာကို စောင့်နေဖို.မဟုတ်သလို …ငါတို.တွေ လိုက်ပါစီးနင်းလာခဲ့တဲ့ အချိန်ဆိုတဲ့ ကား ကြီးကလဲ one-way ပေါ်မှာ မောင်းနေတာလေ…အဲ့တော့ နင်လဲ ရှေ.ဆက်သာသွားလိုက်ပါ…ငါလဲ အရှိန်ယူပီး ဆက်သွားဦးမှာပါဘဲ…ငါ နင့်ကို မှီလာတဲ့ တနေ.ကြရင်တော့…ငါလှမ်းပီး နှုတ်ဆက်လိုက်မယ်လေ…” ကိုFriend နေကောင်းရဲ.လား…မတွေ.တာကြာပီနော်…” လို. ………………………..

 

 

                                                                                                                            တချိန်က နင့်ရဲ.

 

                                                                                                                                             စိတ်ပုပ် !

 

In: ဝတ္ထု Posted By: Date: Jul 21, 2011
Comment #1

နောက်ဆုံးအနေနဲ. ငါတခုတော့ တောင်းပန်ချင်ပါသေးတယ်…ငါနေရစ်ခဲ့တဲ့ နင့်ရဲ. နောက်ကျောဘက်ကို ဘယ်တော့မှ ပြန်လှည့်မကြည့်လိုက်ပါနဲ. …ငါနေရစ်ခဲ့တာ နင် ပြန်အလာကို စောင့်နေဖို.မဟုတ်သလို …ငါတို.တွေ လိုက်ပါစီးနင်းလာခဲ့တဲ့ အချိန်ဆိုတဲ့ ကား ကြီးကလဲ one-way ပေါ်မှာ မောင်းနေတာလေ…အဲ့တော့ နင်လဲ ရှေ.ဆက်သာသွားလိုက်ပါ…ငါလဲ အရှိန်ယူပီး ဆက်သွားဦးမှာပါဘဲ…ငါ နင့်ကို မှီလာတဲ့ တနေ.ကြရင်တော့…ငါလှမ်းပီး နှုတ်ဆက်လိုက်မယ်လေ…” ကိုFriend နေကောင်းရဲ.လား…မတွေ.တာကြာပီနော်…” လို. …………………………
သဘောကျနှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Jul 21, 2011
Comment #2

ကျေးဇူးပါ …:)

commentinfo By: မိုးသည်း at Jul 21, 2011
Comment #3

မိုးသည်းရေ
ဒီစာလေးကိုဖတ်ပြီးတော့ ငါလည်းအမှတ်တရတချို့ကိုသတိရမိတရ်
လူတိုင်းတစ်ယောက်ယောက်နဲ့ပတ်သက်ပြီးအမှတ်တရတွေရှိတတ်တရ်နော် … တခါတလေအဲဒါတွေကသူတို့အတွက်အမှတ်တမဲ့ဖြစ်ခဲ့ရင်တောင်ပေါ့ …
ပေးဆပ်ခဲ့တာပဲဖြစ်ဖြစ် ရယူဖူးခဲ့သည်ပဲဖြစ်ဖြစ် အမှတ်တရတွေပြန်တူးဆွတိုင်း ပစ္စုပန်မှာပျော်ရွှင်ပါစေလို့ဆုတောင်းပါတရ် 🙂

commentinfo By: apollo at Jul 22, 2011
Comment #4

ငါးပုံပြင်လေး သဘောကျလိုက်တာ
တွေးစရာတွေ အများကြီး ရသွားပြီ
ကျေးဇူးပါ

commentinfo By: SimpleSimplest at Jul 22, 2011
Comment #5

အားပေးတဲ့ အတွက်ကျေးဇူးပါ 🙂

commentinfo By: မိုးသည်း at Jul 22, 2011
Comment #6

အရမ်း အရမ်းကို မိုက်တယ်..

commentinfo By: myat noe at Jul 29, 2011
Comment #7

မိုးသည်းရေခံစားချက်တစ်ခုနဲ့ဆိုရင်တော့ကိုယ်ချင်းစာပါတယ်
ကျွန်တော်တောင်မေ့ထားခဲ့တဲ့အတိတ်ကိုဖတ်နေရင်းပြန်ရောက်သွားသလိုပဲ..။
အရမ်းတော်တယ်ဗျာ..။အားပေးပါတယ်…။

commentinfo By: ဇင်မင်း at Aug 5, 2011
Comment #8

သဘော ကျတယ် အတွေးလေးတွေ ကို………..

commentinfo By: phyu thi htun at Aug 19, 2011
Comment #9

အရမ်းတော်တယ် သူငယ်ချင်း

commentinfo By: YA MIN THU at Sep 21, 2011
Comment #10

i like fish

commentinfo By: ei lay at Nov 6, 2011
Comment #11

impossible.

commentinfo By: ei lay at May 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment